BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • သရုပ်ဆောင် ယွန်းယွန်း...
သတင်းအတု

သရုပ်ဆောင် ယွန်းယွန်း ကွယ်လွန်တယ်ဆိုတဲ့ သတင်းအမှား

လူမှုကွန်ယက်ပေါ် သတင်းအမှားဖြန့်ပြီး ဝင်ရောက်ကြည့်ရှု့သူများအောင် ပြုလုပ်နေတဲ့ Page တစ်ခုက သရုပ်ဆောင် ယွန်းယွန်း ကွယ်လွန်သွားပြီဆိုတဲ့ သတင်းအမှား တစ်ပုဒ်ဖြန့်ထားပြီး ပြီးခဲ့တဲ့ရက်ပိုင်းက လူပြောများခဲ့တဲ့ အကြောင်းအရာကိုအခြေခံကာ ဟာသအဖြစ်ဖန်တီးထားတဲ့ ပို့စ်အမြောက်အများလည်း လူမှုကွန်ရက်ပေါ်ပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  1 Dec 2021 8:00 PM IST
  • သရုပ်ဆောင် ယွန်းယွန်း ကွယ်လွန်တယ်ဆိုတဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားကို ထိုင်းဘာသာစကားနဲ့ အမည်ပေးထားတဲ့ page တစ်ခုဖြစ်တဲ့ ลอตเตอรี่พิเศษ ဆိုတဲ့ page က နိုဝင်ဘာလ ၂၈ ရက်နေ့ ညနေ ၅ နာရီ ၁၈ မိနစ်မှာ တင်ထားတာ ဖြစ်ပါတယ်။ ၎င်းသတင်းအမှားကို ဖန်တီးရာမှာ သရုပ်ဆောင် ယွန်းယွန်းရဲ့ ဓါတ်ပုံနဲ့ နောက်ခံအသံ ရွတ်ဆိုကာ အချိန် ၁၀ မိနစ်ခန့်ကြာမြင့်တဲ့ သတင်း video ပုံစံ ပြုလုပ်ထားပါတယ်။ ၎င်း Video နဲ့အတူ "သရုပ်ဆောင် ယွန်းယွန်း ဆုံးပြီဟု အတည်ပြု" ဆိုတဲ့ စာကိုရေးတင်ထားပြီး video အတွင်း ယွန်းယွန်းရဲ့ ဓါတ်ပုံအပေါ်မှာ "ယွန်းယွန်း ကွယ်လွန်" လို့ စာလုံးကြီးကြီးနဲ့ ရေးသားထားပါတယ်။

    Video ရဲ့ အစပိုင်းမှာတော့ "သရုပ်ဆောင် အကယ်ဒမီယွန်းယွန်းက ဒီနေ့မနက် ၁၀ နာရီခွဲမှာပဲ ဆုံးပါးသွားခဲ့ပါပြီ" လို့ဆိုကာ ယမန်နေ့ညက ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေကြောင့် လို့ ထင်ကြေးပေးကာ ၎င်းအကြောင်းအရာကို နောက်ပိုင်းမှာ ဆက်လက် ဖော်ပြထားတယ်လို့ ပြောထားပါတယ်။

    မူရင်းဖြန့်ဝေထားတဲ့ Video ကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။အဆိုပါ သတင်းအမှားကို like လုပ်ထားသူ ၂ သိန်းကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၃ သောင်းခွဲနီးပါးရှိကာ မှတ်ချက်ရေးသားသူ ၁ သိန်းနီးပါး ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    သရုပ်ဆောင် ယွန်းယွန်းကွယ်လွန်သွားပြီလို့ ဖြန့်ထားတဲ့ Video file တွေကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် ပြုလုပ်ထားတဲ့ သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

    အဆိုပါ သတင်းအမှားဟာ လူအများ အာရုံစိုက်မှုရအောင် သတင်းအမှားဖြန့်ပြီး ၎င်းတို့ video ကို လူကြည့်များအောင် ဖန်တီးထားပါတယ်။ ဝင်ရောက်ကြည့်ရှု့သူ အလွန်များပြားလာတဲ့အခါ ဖေ့စ်ဘွတ်က Viewer အရေအတွက်ပေါ်မူတည်ပြီး ပြန်ပေးတဲ့ ဝင်ငွေရအောင် ပြုလုပ်နေတာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ Video ရဲ့အစမှာ ယွန်းယွန်းကွယ်လွန်သွားတဲ့အကြောင်း နောက်ပိုင်းမှာ ဖော်ပြထားတယ်လို့ ဆိုထားပေမယ့် ၎င်း Video ထဲမှာ စစ်ကိုင်းတိုင်းအတွင်းက ပညာရေးမှုးရုံး မီးလောင်ကျွမ်းတဲ့အကြောင်း၊ Covid မျိုးကွဲအသစ် ထွက်ပေါ်လာတဲ့ အကြောင်းတွေ၊ မင်းကင်းမြို့နယ်မှာ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရတဲ့အကြောင်း စတဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြထားတဲ့ အကြောင်းအရာတွေကို ပြန်ကူးယူပြီး Video ပြုလုပ်ထားတာ ဖြစ်ပါတယ်။

    Tags

    Fake NewsFake videoFake PageFacebook AdsViewerသတင်းအတု
    Read Full Article
    Claim :   သရုပ်ဆောင် ယွန်းယွန်းကွယ်လွန်သွားပြီလို့ ဖြန့်ထားတဲ့ Video file တွေကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!