BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • မင်းသမီး သက်မွန်မြင့်...
      သတင်းအတု

      မင်းသမီး သက်မွန်မြင့် လပိုင်းသာနေရတော့မယ်ဆိုတဲ့ သတင်းအမှားတွေ

      ဒီရက်ပိုင်းတွေထဲ မင်းသမီး သက်မွန်မြင့် သေဆုံးတယ်၊ လပိုင်းသာ အသက်ရှင်တော့မယ်စတဲ့ခေါင်းစဉ်တွေနဲ့ လုပ်ကြံရေးသားထားတဲ့အကြောင်းအရာတွေဟာသတင်းအမှားတွေပဲ ဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  12 Jan 2024 9:49 PM IST
    • မင်းသမီး သက်မွန်မြင့် လပိုင်းသာနေရတော့မယ်ဆိုတဲ့ သတင်းအမှားတွေ

      ဒီအကြောင်းအရာတွေကို သတင်းမီဒီယာ အမည်ခံ ဖေစ့်ဘွတ်ပေချ့်တွေဖြစ်တဲ့ AT Pouk၊ KZ MEDIA၊ MM Active၊ စေတနာရှင် ကိုနိုင်နဲ့ 360 Cele News တို့လို ပေချ့်တွေမှာ ယခုလ အစောပိုင်းက စတင်ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

      ဖြန့်ဝေရာမှာ ‘မင်းသမီး သက်မွန်မြင့် သေဆုံး။ မျက်ရည်ကျမိတယ်ဗျာ။ မင်းသမီး သက်မွန်မြင့် ကွယ်လွန်။ သူပြောတဲ့ ၃ လတောင် မနေသွားရဘူးဗျာ’ ဆိုတဲ့ခေါင်းစဉ်တွေနဲ့ ရေးသားဖြန်ဝေလျက်ရှိကြပါတယ်။

      အချို့ဖြန့်ဝေမှုတွေမှာတော့ ‘ဘဝနေဝင်ချိန်ရောက်ဖို့ လပိုင်းပဲလိုတော့တဲ့ အကယ်ဒမီ မင်းသမီး သက်မွန်မြင့်’ လို့ ရေးသား ဖြန့်ဝေနေပါတယ်။

      ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      မင်းသမီးသက်မွန်မြင့်ရဲ့ ကျန်းမာရေးနဲ့ ဆက်နွယ်ပြီး ဖြန့်ဝေနေတဲ့ အကြောင်းအရာတွေကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသား ထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

      ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲတွေဟာ ခေါင်းစဉ်မှာ ရေးထားတဲ့ အကြောင်းအရာ၊ အချက်အလက်တွေလည်း ပါဝင်တာ မရှိသလို အထောက်အထား မခိုင်လုံတဲ့ အကြောင်းအရာတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆို ထားတာသာ ဖြစ်ပါတယ်။

      ဒီဖြန့်ဝေမှုတွေဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၂ ရက်နေ့က မင်းသမီး သက်မွန်မြင့် ဖြန့်ဝေခဲ့တဲ့ပိုစ့်ကို အခြေခံပြီး သတင်းအမှားတွေ လုပ်ကြံရေးသားခဲ့တာ ဖြစ်ပါတယ်။ မင်းသမီးက သူမရဲ့ ပိုစ့်မှာ ‘လောလောဆယ် ရောဂါသည် ဘဝသမား အိမ်ရှင်မလေး’ ဆိုပြီးရေးသားခဲ့ဖူးတဲ့အကြောင်းအရာကိုချဲ့ကားပြီး ပြန်လည် လုပ်ကြံရေးသားနေကြတာ ဖြစ်ပါတယ်။

      သက်မွန်မြင့်ဟာ SLE Lupas ရောဂါ (အရေပြားလေးဘက်နာ) ခံစားနေရတဲ့အကြောင်း ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းက တင်ထားတဲ့ သူမရဲ့ ပိုစ့်အရ သိရပါတယ်။


      သတင်းအမှားဖြန့်ထားတဲ့ ပေချ့်အများစုဟာ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတာကို တွေ့ရပါတယ်။

      Tags

      SLE Lupas ရောဂါCelebrityActress diedFakenewsအရေပြားလေးဘက်နာ
      Read Full Article
      Claim :   မင်းသမီး သက်မွန်မြင့် လပိုင်းသာ အသက်ရှင်တော့မယ်လို့ဆို
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!