BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဦးကျော်သူ ကိုဗစ်ပျောက်ကင်းပြီဆိုတဲ့...
သတင်းအတု

ဦးကျော်သူ ကိုဗစ်ပျောက်ကင်းပြီဆိုတဲ့ သတင်းအမှား

လူမှုကွန်ရက်ပေါ် ပရဟိတမင်းသားကြီး ကျော်သူ ကိုဗစ်ပိုးစစ်ဆေးရာမှာ Negative အဖြေ ထွက်ခဲ့တယ်ဆိုပြီး ရေးသားဖြန့်ဝေမှုတွေဟာ သတင်းမှားသာ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  30 Oct 2020 11:32 AM IST
  • ဦးကျော်သူ ကိုဗစ်ပျောက်ကင်းပြီဆိုတဲ့ သတင်းအမှား

    ဒီသတင်းမှားကို San Thit La ဆိုတဲ့ ဝက်ဘ်ဆိုက်က အောက်တိုဘာလ ၂၆ ရက်နေ့ ညနေပိုင်းမှာ စတင်ရေးသားဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေသူနဲ့ ကူးယူဖြန့်ဝေသူတွေ အများအပြားရှိနေခဲ့ပါတယ်။

    ရေးသားဖြန့်ဝေရာမှာ "ပရဟိတမင်းသားကြီး ကျော်သူ ထံတွင် ကိုဗစ်ပိုး မတွေ့ရတော့ (ဝမ်းသာလိုက်တာ)" ဆိုပြီး သတင်းထဲမှာတော့ "ပရဟိတမင်းသားကြီး ကျော်သူ ပထမအကြိမ်ကိုဗစ် စစ်ရာတွင် Negative အဖြေ ထွက်ပေါ်လာကြောင်း သိရပါတယ်။ စေတနာမှန်လို့ အကျိုးပေးပါပြီ။ မင်းသားကြီး ကျော်သူ ရေးထားတဲ့ ပို့စ်ကို ဖော်ပြ ပေးလိုက်ပါတယ်။ N ကွ! ဆိုတော့ မင်းတို့နည်းတူ ငါလည်းဝမ်းသာမိတာပေါ့ကွာ။ ဒါပေမယ့် ဒါတစ်သက်လုံး "N" ဖြစ်သွားတာမဟုတ်ဘူးဆိုတာ သိထားဖို့ အရေးကြီးတယ်။" ဆိုပြီး ဖြန့်ဝေခဲ့တာပါ။

    ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီအကြောင်းအရာကို စစ်ဆေးဖို့မင်းသားကြီး ကျော်သူရဲ့ တရားဝင်ဖေစ့်ဘွတ်အကောင့်ကို ဝင်ကြည့်ရာ ဒါဟာ မှားယွင်းတဲ့ သတင်းသာဖြစ်ကြောင်း သိရပါတယ်။


    မင်းသားကြီးကျော်သူက သူ့ရဲ့ဖေစ့်ဘွတ်အကောင့်မှာ အောက်တိုဘာ ၂၆ ရက်နေ့ ည ၁၀ နာရီဝန်းကျင်မှာ ပြန်လည်ရှင်းထားတာ ဖြစ်ပါတယ်။ ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ဒီနေရေးသားဖြန့်ဝေနေတဲ့ သတင်းဟာ အောက်တိုဘာ ၂၆ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်မှာ မင်းသားကြီးကျော်သူက သူ့ရဲ့ ဖေစ့်ဘွတ်အကောင့်မှာ ရေးသားခဲ့တဲ့ "ဒီနေ့သွားစစ်ကြတဲ့ မင်းတို့အားလုံး N ကွ! ဆိုတော့ ငါက P ဖြစ်နေရဲ့သားနဲ့ မင်းတို့နည်းတူ ငါလည်းဝမ်းသာမိတာပေါ့ကွာ။ ဒါပေမယ့် ဒါတစ်သက်လုံး "N" ဖြစ်သွားတာမဟုတ်ဘူးဆိုတာ မင်းတို့သိထားဖို့ အရေးကြီးတယ်။ အချိန်မရွေး ထပ်ဖြစ်နိုင်တယ်။" ဆိုတဲ့ ပိုစ့်ကြောင့် ဒီလို သတင်းမှားထွက် ပေါ်လာတာဖြစ်ကြောင်းသိရပါတယ်။


    ဒီပိုစ့်ကြောင့် သတင်းမှားထွက်ပေါ်ခဲ့မှုကို မင်းသားကြီးရဲ့ ဇနီး ဒေါ်ရွှေဇီးကွက် (Myint Myint Khin Pe) က သူ့ရဲ့ဖေစ့်ဘွတ်အကောင့်မှာ အောက်တိုဘာလ ၂၆ ရက်နေ့ ည ၁၀ နာရီ ဝန်းကျင်မှာ ပဲ "Contact လက်ကျန် အသင်းသားတွေ swab test စစ်တာမှာ အားလုံး Negative ဖြစ်လို့ ကိုကျော်သူက ဝမ်းသာအားရ "N ကွ" လို့ ရေးသားလိုက်တာမှာ နားလည်မှုလွဲပြီး ကိုကျော်သူ Negative ဖြစ်သွားပြီထင်ပြီး သတင်းအမှား ပျံ့သွားတာပါ။ တကယ်တော့ ဒီနေ့မနက် ထပ်စစ်ကြည့်ရာမှာ ကိုကျော်သူ positive ဖြစ်နေဆဲပါ။" ဆိုပြီး ပြန်လည်ဖြေရှင်းထားပါသေးတယ်။


    ဖြေရှင်းထားချက်ကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    ဦးကျော်သူနဲ့ သရုပ်ဆောင်ထွန်းကိုကိုတို့ရဲ့အခြေအနေနဲ့ပတ်သတ်လို့ ဦးကျော်သူရဲ့ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်ခင်ဖေ( ရွှေဇီးကွက် ) က "ကိုကျော်သူနဲ့ ထွန်းကိုကိုတို့ ဝေဘာဂီရောက် ၉ရက်မြောက်။ ကိုဗစ်ရောဂါဘေးမှ အမြန်ဆုံး လွတ်မြောက် ကျန်းမာကြပါစေ" လို့သူ့ရဲ့ဖေ့စ်ဘွတ်အကောင့်မှာ အောက်တိုဘာလ ၁၉ ရက်ညပိုင်းကရေးသားဝေမျှထားပါတယ်။

    Tags

    COVID-19Covid NegativeFalse newFakenewsMyanmar Actorပရဟိတလုပ်ငန်း
    Read Full Article
    Claim :   လူမှုမီဒီယာတွေပေါ် ပရဟိတမင်းသားကြီး ကျော်သူ ကိုဗစ်ပိုးစစ်ဆေးရာမှာ Negative အဖြေ ထွက်ခဲ့တယ်ဆိုပြီး ရေးသားဖြန့်ဝေမှုအပေါ် BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!