BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • သရုပ်ဆောင်ဒေါင်း...
      သတင်းအတု

      သရုပ်ဆောင်ဒေါင်း စစ်ထွက်မိန့်ခွန်းပြောပြီး ပွဲဦးထွက် တိုက်ခိုက်တယ်ဆိုတဲ့ သတင်းအမှား

      မင်းသားဒေါင်းကိုယ်တိုင် စစ်ထွက်မိန့်ခွန်းပြောပြီး ပွဲဦးထွက် တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် ကျတယ်ဆိုပြီး ရေးသားဖြန့်ဝေထားတဲ့အကြောင်းအရာတွေဟာ သတင်းအမှားသာဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  29 Jun 2022 12:08 AM IST
    • သရုပ်ဆောင်ဒေါင်း စစ်ထွက်မိန့်ခွန်းပြောပြီး ပွဲဦးထွက် တိုက်ခိုက်တယ်ဆိုတဲ့ သတင်းအမှား

      ဒီအကြောင်းအရာကို ဇွန်လ ၂၃ ရက်နေ့က စတင်ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။ ဒီသတင်းအမှားကို ရေးသားဖြန့်ဝေရာမှာ "မင်းသားဒေါင်းကိုယ်တိုင် စစ်ထွက်မိန့်ခွန်းပြောတာ ဗိုလ်မှူးစလုံးလည်းပါတယ်။ ကိုဒေါင်းရဲ့ တပ်ရင်း (၃) ပွဲဦးထွက်ဆော်နေပြီ။ စစ်တပ် (၃၀) ကျော် ကျတဲ့ရုပ်သံ" လို့ ရေးသားကာ ၃ မိနစ်ကျော်ကြာမြင့်တဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့ တွဲဖက်ဖြန့်ဝေ နေတာပါ။

      ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      ဖြန့်ဝေနေတဲ့ ဗွီဒီယိုဖိုင်ရဲ့ အစမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရှေ့မှာ စကားပြောနေတဲ့ သရုပ်ဆောင်ဒေါင်းကို စက္ကန့် အနည်းငယ် တွေ့ရပေမယ့်စစ်ထွက်မိန့်ခွန်းပြောနေတယ်ဆိုတဲ့ စကားသံတွေပါဝင်ခြင်းမရှိပါဘူး။ ဒါ့အပြင် ဗီဒီယိုဖန်တီးသူတွေပြောထားတဲ့ နောက်ခံစကားပြောမှာ စစ်ကိုင်းတိုင်း ဆားလင်းကြီး မြို့မရဲ့စခန်း တိုက်ခိုက်ခံရတဲ့ အကြောင်းအရာကို ပြောဆိုနေတာပါ။ အချိန် ၃ မိနစ်ကျော်ကြာတဲ့ ဗွီဒီယိုဖိုင်ထဲမှာ မင်းသားဒေါင်း စစ်ထွက်မိန့်ခွန်းပြောတယ် ဆိုတဲ့အကြောင်းအရာလည်း မပါသလို သူ့ရဲ့ တပ်ရင်း ပွဲဦးထွက် တိုက်ခိုက်တယ်ဆိုတဲ့ အကြောင်းအရာလည်း ပါဝင်ခြင်းမရှိပါဘူး။

      အာဏာသိမ်းစစ်တပ်ကိုဆန့်ကျင်လို့ ပုဒ်မ ၅၀၅ - က နဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ရုပ်ရှင်သရုပ်ဆောင် ဒေါင်း ဟာ လက်ရှိမှာ နိုင်ငံသားအဖြစ်ကနေလည်း ရုပ်သိမ်းခံထားရပါတယ်။

      Tags

      စစ်ထွက်မိန့်ခွန်းActor DaungWar speechdebut battleFakenewsFakevideoMilitary Coup
      Read Full Article
      Claim :   မင်းသားဒေါင်းကိုယ်တိုင် စစ်ထွက်မိန့်ခွန်းပြောပြီး ပွဲဦးထွက် တိုက်ခိုက်
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!