BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • MNDAA ကို AA နဲ့ TNLA...
သတင်းအတု

MNDAA ကို AA နဲ့ TNLA ပြင်းပြင်းထန်ထန် သတိပေးတယ်ဆိုတဲ့ သတင်းအမှား

စစ်ကောင်စီနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူတဲ့ MNDAA ကို အာရက္ခတပ်တော် AA နဲ့ TNLA က ညီနောင် အဖွဲ့ဝင်အဖြစ်က ထုတ်ပယ်ပြီး ပြင်းပြင်းထန်ထန် သတိပေးတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  24 Jan 2025 10:02 PM IST
  • MNDAA ကို AA နဲ့ TNLA ပြင်းပြင်းထန်ထန် သတိပေးတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို Mandalay Khithit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇန်နဝါရီ ၂၀ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'လားရှိုးကို ပြန်ပေးရန် သဘောမတူ။ တရုတ်ကြောက်ပြီး MNDAA အပစ်ရပ်သဘောတူ။ ညီနောင် အဖွဲ့ဝင်မှ ဖယ်ထုတ်ပြီး ပြင်းထန်တုန့်ပြန်။ သရဲဘောကြောင်တဲ့ လုပ်ရပ်ဟု AA နဲ့ TNLA ပြင်းထန်သတိပေး' လို့ ရေးသား ထားတာပါ။

    ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    MNDAA ကို AA နဲ့ TNLA ပြင်းပြင်းထန်ထန် သတိပေးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Khit Thit Media ဇန်နဝါရီ ၂၀ ရက်နေ့က ဖော်ပြထားတဲ့ 'ကိုးကန့် MNDAA က စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီစာချုပ် တရားဝင်လက်မှတ်ထိုးဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ကြေညာ' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

    သတင်းထဲမှာ မြန်မာစစ်တပ်နဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့ ဇန်နဝါရီလ ၁၈ ရက်နေ့မှ စတင်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို တရားဝင်လက်မှတ်ရေးထိုးလိုက်တဲ့အကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားပြီး နှစ်နိုင်ငံနယ်စပ်အနီးမှာ တိုက်ပွဲတွေ ရပ်တန့်သွားတယ်ဆိုတဲ့ အကြောင်းအရာ ရေးသားထားတာ ဖြစ်ပါတယ်။

    ဒီသတင်းထဲမှာ MNDAA ကို AA နဲ့ TNLA ပြင်းပြင်းထန်ထန် သတိပေးတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

    Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    ကိုးကန့်တပ်MNDAAArakan Armyအပစ်ရပ်စဲသတင်းတုFakenews
    Read Full Article
    Claim :   MNDAA ကို AA နဲ့ TNLA ပြင်းပြင်းထန်ထန် သတိပေးတယ်ဆိုတဲ့ သတင်းအမှား
    Claimed By :  Facebook, Website, Youtube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!