BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • AA နဲ့ ARSA အဖွဲ့...
သတင်းအတု

AA နဲ့ ARSA အဖွဲ့ ဘင်္ဂလားဒေ့ချ်နိုင်ငံအတွင်းမှာ သီးသန့်တွေ့ဆုံဆိုတဲ့ သတင်းအမှား

ရက္ခိုင့်တပ်တော် AA နဲ့ ARSA အဖွဲ့တို့ ဘင်္ဂလားဒေ့ချ်နိုင်ငံအတွင်းမှာ တွေ့ဆုံဆိုတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  21 March 2024 8:40 AM IST
  • AA နဲ့ ARSA အဖွဲ့ ဘင်္ဂလားဒေ့ချ်နိုင်ငံအတွင်းမှာ သီးသန့်တွေ့ဆုံဆိုတဲ့ သတင်းအမှား

    အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေက စတင်ဖြန့်ဝေထားတာ ဖြစ်ပြီး သတင်းအမှားရဲ့ ခေါင်းစဉ်မှာ AA နဲ့ အာဆာ အဖွဲ့တို့ ဘင်္ဂလားဒေ့ချ်နိုင်ငံအတွင်းမှာ တွေ့ဆုံတယ်လို့ ရေးသားထားပြီး အဆိုပါ လက်နက်ကိုင် အဖွဲ့ ၂ ခုရဲ့ ခေါင်းဆောင် ၂ ဦးရဲ့ ပုံကို ပူးတွဲဖော်ပြထားပါတယ်။

    သတင်းအမှားရဲ့ အတွင်းမှာတော့ ဘင်္ဂလားဒေ့ချ်နိုင်ငံအတွင်းက ဒုက္ခသည်စခန်းတစ်ခုမှာ AA နဲ့ ARSA တွေခဲ့ကြောင်း ဘင်္ဂလားဒေ့ချ်နိုင်ငံက အင်တာနတ်စာမျက်နှာတွေမှာ ရေးသားထားကြောင်း၊ ဆွေးနွေးပွဲကို AA တပ်မဟာမှူးက တက်ရောက်ခဲ့ပြီး ရခိုင်ပြည်နယ်အတွင်းက ဘူးသီးတောင်မြို့နဲ့ မောင်တောမြို့ကို AA က တိုက်ခိုက် သိမ်းပိုက်ပြီးရင် ARSA အဖွဲ့ကို နယ်မြေခွဲဝေ သတ်မှတ်ပေးမှာဖြစ်ကြောင်း၊ ဘင်္ဂလီတွေကို ရိုဟင်ဂျာအဖြစ် လက်ခံပေးမှာဖြစ်ကြောင်း စသည်ဖြင့် ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအတုကို တယ်လီဂရမ် ချန်နယ်တွေအပြင် လူမှုကွန်ယက်စာမျက်နှာတွေပေါ်ပါ ဖြန့်ဝေထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    ရက္ခိုင့်တပ်တော် AA နဲ့ ARSA အဖွဲ့တို့ ဘင်္ဂလားဒေ့ချ်နိုင်ငံအတွင်းက ဒုက္ခသည်စခန်းတစ်ခုမှာ သီးသန့် တွေ့ဆုံဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ရက္ခိုင့်တပ်တော် AA ဟာ ရခိုင်ပြည်နယ်အတွင်း မြို့သိမ်းတိုက်ပွဲတွေ စခန်းသိမ်းတိုက်ပွဲတွေ ဆက်တိုက်ပြုလုပ်နေပြီး စစ်ကောင်စီတပ်တွေက အထိနာနေပါတယ်။ ဒီလို အထိနာနေတဲ့အချိန်မှာ လူမျိုးရေး ဘာသာရေးအသွင်ဆောင်တဲ့ တိုက်ခိုက်မှုနဲ့ AA အပေါ် သတင်းအမှားဖြန့်လာတာ ဖြစ်ပါတယ်။

    ဒီအကြောင်းအရာဟာ သတင်းအမှားထဲမှာပြောထားသလို ဘင်္ဂလားဒေ့ချ် နိုင်ငံရဲ့ သတင်းတွေမှာ ဖော်ပြထားခြင်းမရှိသလို မည်သည့်သတင်းဌာနမှာမှ ဖော်ပြထားခြင်းမရှိပါဘူး။

    ဒါ့အပြင် AA စစ်ဦးစီးချုပ်နဲ့ AA ခေါင်းဆောင်တို့ ပူးတွဲဖော်ပြထားတဲ့ ဓါတ်ပုံဟာ Photoshop နဲ့ ပြုပြင်ပြီး ဖော်ပြထားတဲ့ ဓါတ်ပုံသာ ဖြစ်ပါတယ်။ ၎င်း ဓါတ်ပုံအထဲမှာပါတဲ့ ARSA ခေါင်းဆောင်ရဲ့ ပုံဟာ ဟိုးလွန်ခဲ့တဲ့ နှစ်တွေထဲက ပုံအဟောင်းဖြစ်ပြီး တစ်ယောက်တည်း သေနတ်ကိုင်ထားတဲ့ပုံကို ပြုပြီးပြီး ဗိုလ်ချုပ် ထွန်းမြတ်နိုင်နဲ့ ပူးတွဲဖော်ပြထားတာ ဖြစ်ပါတယ်။


    သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ စစ်ကောင်စီအတွက် ဝါဒဖြန့်ချီရေးသတင်းတွေ နိုင်ငံရေးအမြတ်ထုတ်ဖို့ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေ ၊ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ မကြာခဏ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

    Tags

    False newsArakan ArmyARSAMyanmar-Bangladesh Borderသတင်းအမှားရက္ခိုင့်တပ်တော်အာဆာရိုဟင်ဂျာ
    Read Full Article
    Claim :   AA နဲ့ ARSA အဖွဲ့တို့ ဘင်္ဂလားဒေ့ချ်နိုင်ငံအတွင်းမှာ တွေ့ဆုံဆိ
    Claimed By :  Facebook, website, Telegram
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!