BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ယုဇနဥယာဉ် ပေါက်ကွဲမှုမှာ...
သတင်းအတု

ယုဇနဥယာဉ် ပေါက်ကွဲမှုမှာ ဝိုင်းဖမ်းဆီးခံရတဲ့ လူငယ်ကျဆုံးတယ်ဆိုတဲ့ သတင်းအမှား

ယုဇနအိမ်ရာဝင်းအတွင်းက တိုက်ခန်းတစ်ခုမှာ ဇွန်လ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဖြစ်စဉ်မှာ စစ်ကောင်စီထောက်ခံသူ အချို့ရဲ့ ဝိုင်းဝန်းဖမ်းဆီးခံခဲ့ရတဲ့ ဒဏ်ရာရလူငယ် သေဆုံးသွားပြီလို့ ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းတွေဟာ မှားယွင်းနေပါတယ်။

By - Boom Live Myanmar |
Published -  30 Jun 2022 10:05 AM IST
  • ယုဇနဥယာဉ် ပေါက်ကွဲမှုမှာ ဝိုင်းဖမ်းဆီးခံရတဲ့ လူငယ်ကျဆုံးတယ်ဆိုတဲ့ သတင်းအမှား

    ဒီသတင်းအမှားကို ဇွန်လ ၂၈ ရက်နေ့က စတင်ဖြန့်ဝေနေကြတာဖြစ်ပြီး "သူရဲကောင်းလေးကျဆုံးသွားပြီတဲ့" လို့ ရေးသားကာ ဖမ်းဆီးစဉ်ရိုက်ယူထားတဲ့ လူငယ်ရဲ့ ပုံတွေနဲ့ တွဲပြီး ဖြန့်ဝေထားတာဖြစ်ပါတယ်။ ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်သစ်(ဆိပ်ကမ်း)မြို့နယ်က ယုဇနဥယျာဥ်မြို့တော်အိမ်ရာက တိုက်ခန်းတစ်ခုမှာ လက်လုပ်မိုင်း တပ်ဆင်နေတုန်း ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ဒဏ်ရာတွေနဲ့ ထွက်ပြေးဖို့ ကြိုးစားချိန် ရပ်ကွက်ရှိ နေထိုင်သူတစ်ချို့က သူခိုးလို့စွပ်စွဲပြီး ဝိုင်းဝန်းဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီသတင်းနဲ့ ပတ်သတ်ပြီး သတင်းဆန်းစစ်ကြည့်ရာ သတင်းအမှားဖြစ်တာ တွေ့ရပါတယ်။ ဘီဘီစီသတင်းဌာနမှာ ဇွန်လ ၂၈ ရက်နေ့က ဖော်ပြထားတဲ့ သတင်းအရ ယုဇနပေါက်ကွဲမှုမှာ ဒဏ်ရာရသူ ၂ ဦးကို မြောက်ဥက္ကလာဆေးရုံကြီးမှာ ကုသပေးနေတယ်လို့ စစ်ကောင်စီက ပြောဆိုတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။


    ဘီဘီစီသတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းအပြည့်အစုံကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    ယုဇနဥယာဉ်မြို့တော် ပေါက်ကွဲမှုYuzana Garden City bombingလက်လုပ်မိုင်းfakenewsMilitary CoupPDF members
    Read Full Article
    Claim :   ယုဇနအိမ်ရာဝင်းအတွင်းက တိုက်ခန်းတစ်ခုမှာ ဇွန်လ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဖြစ်စဉ်မှာ စစ်ကောင်စီထောက်ခံသူ အချို့ရဲ့ ဝိုင်းဝန်းဖမ်းဆီးခံခဲ့ရတဲ့ ဒဏ်ရာရလူငယ် သေဆုံး
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!