BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ထိုင်းကုမ္ပဏီတစ်ခုက...
      သတင်းအတု

      ထိုင်းကုမ္ပဏီတစ်ခုက အလုပ်ခေါ်နေတယ်ဆိုတဲ့ သတင်းအမှား

      ထိုင်းကုမ္ပဏီတစ်ခု တစ်ခုဖြစ်တဲ့ Thai Rotary Engineering public company limited က နေရာ ၅၀ အတွက် အလုပ် ခေါ်နေကြောင်းနဲ့ ချိတ်ဆက်ပေးမယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  20 Feb 2024 8:49 AM IST
    • ထိုင်းကုမ္ပဏီတစ်ခုက အလုပ်ခေါ်နေတယ်ဆိုတဲ့ သတင်းအမှား

      ဒီအကြောင်းအရာကို Nay Zaw Aung ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်ကနေ ဖေဖေါ်ဝါရိ ၁၆ ရက် ညပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

      ဖြန့်ဝေရာမှာ ‘အင်ဂျင်နီယာအလုပ်နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ချင်သူတေွ ဆက်သွယ်‌ပေးစေလိုကြောင်း၊ Thai Rotary Engineering public company limited ဆိုတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုကနေ အလုပ်ခေါ်နေကြောင်း၊ အသိတစ်ယောက်ရဲ့ သူငယ်ချင်း ကုမ္ပဏီဖြစ်ကြောင်း၊ စိတ်ဝင်စားပါက ချိတ်ဆက်ပေးမှာဖြစ်ကြောင်း၊ အတွေ့အကြုံရှိ မိန်းကလေးတွေကို ခေါ်ယူကြောင်း၊ ရန်ကုန်မှာ အင်တာဗျူးမှာ ဖြစ်ကြောင်း၊ လစာအနေနဲ့ အတွေ့အကြုံပေါ် မူတည်ပြီး ထိုင်းဘတ်ငွေ ၂၅၀၀၀ ကနေ ၃၅၀၀၀ အထိ ရရှိနိုင်ကြောင်း၊ အယောက် ၅၀ နီးပါးခေါ်မှာ ဖြစ်ကြောင်း' ရေးသားကာ ဆက်သွယ်ရမယ့် အီးမေလ်းလိပ်စာမှာ waiwailwinhtet056@gmail.com ဆိုပြီး ရေးသားထားပါတယ်။

      ဖြန့်ဝေမှုကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      အခုဖြန့်ဝေထားတဲ့ အလုပ်ခေါ်စာနဲ့ ပက်သတ်ပြီး ပိုစ့်အောက်က အနှုတ်သဘောဆောင်တဲ့ မှတ်ချက်ပေးမှုတွေ ရှိနေတဲ့အတွက် BOOM က အစောပိုင်းကတည်းက စောင့်ကြည့်နေခဲ့ပါတယ်။

      သူ့ရဲ့ပိုစ့်အောက်မှာ အချို့မှတ်ချက်ပေးသူတွေက Thai Rotary ကုမ္ပဏီအနေနဲ့ ဒီလိုအလုပ်ခေါ်ထားတာ မရှိကြောင်းနဲ့ ပိုစ့်အောက်က အလုပ်လျှောက်သူတွေကို သတိပေး ပြောဆိုနေပေမယ့် ပိုစ့်ကို ပြန်လည်ဖြုတ်ချတာ၊ ပြုပြင်တာ လုပ်မထားပဲ ဖေဖေါ်ဝါရီ ၁၈ ရက်နေ့မှာ ‘ထိုင်းအလုပ်ခေါ်စာနဲ့ ပတ်သတ်ပြီးနောက်ဆုံးရေးတဲ့ post ပါ’ ဆိုပြီး နောက်ထပ်ပိုစ့်တစ်ခု ထပ်တင်ခဲ့ပါတယ်။


      ဒီအလုပ်ခေါ်နဲ့ ပက်သတ်ပြီး Thai Rotary Engineering public company limited က အခု ကုမ္ပဏီနာမည်နဲ့ ဖြန့်ဝေနေတဲ့ အလုပ်ခေါ်စာဟာ Thai Rotary Engineering ကုမ္ပဏီက ခေါ်ထားတာ မဟုတ်ကြောင်း၊ ဒီအလုပ်ခေါ်စာကို ဖြန့်ဝေနေသူဟာ ကုမ္ပဏီနဲ့ သက်ဆိုင်မှု မရှိကြောင်း၊ ကုမ္ပဏီနာမည် အလွဲသုံးစားလုပ်နေသူကို တရားစွဲဆိုသွားမှာ ဖြစ်ကြောင်း၊ အကယ်၍ တစ်စုံ တစ်ယောက်က ကုမ္ပဏိနာမည်ကို အလွဲသုံးစားပြုလုပ်နေကြောင်း ထင်ရှားပါက တရားဥပဒေအရ အရေးယူသွားမှာ ဖြစ်တယ်လို့ သူတို့ရဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ကြေညာထားပါတယ်။


      Thai Rotary Engineering public company limited က ဖြန့်ဝေထားမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      အလုပ်ခေါ်စာ အတုဖြန့်ဝေသူ Nay Zaw Aung ဆိုတဲ့ အကောင့်ပိုင်ရှင်ဟာ ခရီးသွားဘလော့ဂါ တစ်ဦးလည်း ဖြစ်ပြီး ဖော်လိုဝါ အသင့်အတင့်ရှိသူ တစ်ဦးလည်း ဖြစ်ပါတယ်။

      Tags

      jobs offerfake job offerအလုပ်ခေါ်စာအတုfake job application announcementထိုင်းအလုပ်အကိုင်
      Read Full Article
      Claim :   ထိုင်းကုမ္ပဏီတစ်ခုက အလုပ်နေရာ ၅၀ အတွက် ခေါ်ယူနေတယ်လို့ဆို
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!