BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • တပ်တွင်းပုန်ကန်မှုတွေ မဖြစ်ဖို့...
သတင်းအတု

တပ်တွင်းပုန်ကန်မှုတွေ မဖြစ်ဖို့ တက်ချုပ်အသစ် တက်တယ်ဆိုတဲ့ သတင်းအတု

စစ်ရှုံးနေတဲ့ မြန်မာစစ်တပ်ဟာ တပ်တွင်းပုန်ကန်မှုတွေ ဖြစ်မှာစိုးရိမ်တဲ့အတွက် တပ်ချုပ်အသစ်တက်လာတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  21 Dec 2024 3:24 PM IST
  • တပ်တွင်းပုန်ကန်မှုတွေ မဖြစ်ဖို့ တက်ချုပ်အသစ် တက်တယ်ဆိုတဲ့ သတင်းအတု

    ဒီအကြောင်းအရာကို Mandalay khitthit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၁၁ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'တပ်ချုပ်အသစ် တက်ပြီ။ စစ်ရှုံးတာကို တပ်တွင်းပုန်ကန်မှု ဖြစ်မှာကြောက်ပြီး စစ်ရေးနဲ့ မသက်ဆိုင်တော့ကြောင်း ကြေငြာ' လို့ ရေးသား ထားတာပါ။

    ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    တပ်ချုပ်အသစ် တက်လာပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ ဘီဘီစီသတင်းဌာနမှာ ဒီဇင်ဘာ ၁၈ ရက်နေ့က ဖြန့်ဝေထားတဲ့ 'ညှိကွပ်အပါအဝင် စစ်ဗိုလ်ချုပ်တချို့ အပြောင်းအလဲဖြစ်' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

    ဒီအကြောင်းအရာထဲမှာ လက်ရှိစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နေရာမှာ တပ်ချုပ်အသစ် တစ်ဦး အစားထိုး တက်လာတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

    သတင်းထဲမှာ စစ်ကောင်စီရဲ့ တပ်တွင်းမှာ နံပါတ်သုံး အဆင့်ရှိတဲ့ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) အပါအဝင် ဗိုလ်ချုပ်ကြီးအဆင့်ကနေ ဗိုလ်ချုပ်အဆင့်အထိ ရာထူးအပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာကိုသာ ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။

    ဘီဘီစီသတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    တပ်ချုပ်ရာထူးလွှဲပြောင်းGeneralsရာထူးမှ နားသတင်းအတုFakenews
    Read Full Article
    Claim :   တပ်ချုပ်အသစ် တက်လာပြီလို့ဆို
    Claimed By :  Facebook, Website, Youtube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!