BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ...
သတင်းအတု

ဘာသာရေးပြသနာဖြစ်စေဖို့ရည်ရွယ်ဖြန့်ချိတဲ့ သတင်းအတု

ရွေးကောက်ပွဲ နီးကပ်လာတဲ့ကာလမှာ၊ လူမျိုးရေး ပဋိပက္ခတွေဖြစ်ပွားစေဖို့ ရည်ရွယ်ဖန်တီးတဲ့သတင်းတွေ ယခုလပိုင်းအတွင်းမကြာခဏ ထွတ်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  1 July 2020 6:35 PM IST
  • ဘာသာရေးပြသနာဖြစ်စေဖို့ရည်ရွယ်ဖြန့်ချိတဲ့ သတင်းအတု

    ဒီရက်ပိုင်းအတွင်းမှာပဲ တောင်တွင်းကြီးမြို့မှာ လူမျိူးရေး၊ ဘာသာရေး အဓိကရုန်းဖြစ်စေနိုင်တဲ့ သတင်းအမှား တစ်ပုဒ်ကို ရည်ရွယ်ချက်ရှိရှိဖြန့်ဝေထားပါတယ်။

    ဒီသတင်းအမှားကို ဘယ်သူဘယ်ဝါမှန်းမသိရတဲ့ ရွှေဘိုရဲဘော် ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်တစ်ခုကနေ ဇွန်လ ၃၀ ရက်နေ့ ၃ နာရီ ၁၃ မိနစ်မှာဓါတ်ပုံနှစ်ပုံနဲ့အတူ ရေးသားဖြန့်ဝေခဲ့တာဖြစ်ပါတယ်။ အဲ့ဒီဖေ့စ်ဘွတ်ပို့စ်မှာရေးသားထားတာက "မကွေးတိုင်း တောင်တွင်းကြီးမြို့တွင် ဗလီကျောင်းဂေါဗကအဖွဲ့မှ ကိုရင်လေးတစ်ပါးကို သတ်ဖြတ်မှုဖြစ်ပွား တရားခံတဖွဲ့လုံး အခုချိန်ထိ လွတ်မြောက်နေကြောင်း" လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

    အဲ့ဒီ သတင်းနဲ့အတူ ဖုန်းနဲ့ရိုက်ကူးထားတဲ့ ဓါတ်ပုံ ၂ ပုံ ကိုလည်းတွဲတင်ထားပါတယ်။ ပထမ ဓါတ်ပုံဟာ လမ်းပေါ်မှာ ရဲတပ်ဖွဲ့ဝင် ၅ ဦး ရပ်နေတဲ့ ပုံဖြစ်ပြီးတော့၊ ဒုတိယ ဓါတ်ပုံဟာ မျက်နှာဖော်ပြထားခြင်း မရှိတဲ့ ကိုရင်တစ်ပါး ဖျာပေါ်မှာ မှောက်အိပ်နေတဲ့ပုံ ဖြစ်ပါတယ်။ အဲ့ဒီအကြောင်းအရာကို ထပ်ဆင့်ဖြန့်ဝေတဲ့ သတင်းအမှားဖြန့်ဝေသူဟာ အဆိုပါ ဓါတ်ပုံ ၂ ပုံနဲ့အတူ လူးမျိုးရေး အဓိကရုန်းကို ဦးတည်စေမယ့် စာတွေ ရေးသားပြီး ဖြန့်ဝေထားတာကို တွေ့ရပါတယ်။

    အဆိုပါ သတင်းအမှားကို ရွှေဘိုရဲဘော်ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ လူပေါင်း ၂၀၀၀ ကျော်က ထပ်ဆင့်မျှဝေထားသလို တခြားအကောင့်တု ပေါင်းများစွာကလည်း ထပ်ဆင့် ဖြန့်ဝေနေကြပါတယ်။

    ဒီ သတင်းအမှားကိုဖြန့်ဝေခဲ့တဲ့ ရွှေဘိုရဲဘော်ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါမှာ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိတဲ့ ဖေ့စ်ဘွတ်အကောင့်တစ်ခု ဖြစ်တာကို တွေ့ရပြီး သတင်းအမှားတွေ မကြာခဏ ဖြန့်ဝေလေ့ရှိတာကို တွေ့ရပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီသတင်းကို ဆန်းစစ်ဖို့ Boom Myanmar အနေနဲ့ တောင်တွင်းကြီးမြို့က တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းတဲ့အခါ ဒါဟာ သတင်းအမှား တစ်ပုဒ်ဖြစ်ကြောင်းနဲ့ ဒီသတင်းဖြန့်ဝေထားတဲ့အကောင့်ပိုင်ရှင်ကို အရေးယူဖို့ စုံစမ်းရှာဖွေနေကြောင်းပြောကြားပါတယ်။

    "ဒီလို အဖြစ်အပျက်မျိုး ကျွန်တော်တို့ဆိမှာ ဖြစ်ပျက်ခဲ့ခြင်း မရှိပါဘူး။ အခုကတော့ ကျွန်တော်တို့ မြို့နယ်ကနေ တာဝန်ရှိတဲ့ ရဲတပ်ဖွဲ့တွေ၊ အထွေထွေအုပ်ချုပ်ရေးမှူးရယ်၊ နောက်ကာယကံရှင်ရယ် မမှန်သတင်းလွှင့်ခံရတဲ့ ကာယံကံရှင်ပေါ့နော်၊ ဒါကို စိစစ်အရေးယူပေးဖို့ မေတ္တာရပ်ခံလို့ ဆောင်ရွက်နေပါတယ်။ ဒီအဖြစ်အပျက်ဟာ တကယ်မဟုတ်ပါဘူး။ ဒါပေမယ့် အဲ့ဒီအကြောင်းအရာကို တင်တယ်ဆိုတော့ အရေးယူမှုအပိုင်း လုပ်ရမှာပေါ့။ ဘာကြောင့်တုန်းဆိုတော့ ကျွန်တော်တို့က ၂၀၁၇ စက်တင်ဘာလ ၁၀ ရက်နေ့မှာ တစ်ခါ တောင်တွင်းကြီးမှာပေါ့ ဒီ ဘာသာခြားတွေ ဘာတွေ ဆိုတဲ့ ခေါင်းစဉ်နဲ့ အဓိကရုန်းလေးတစ်ခု ဖန်တီးခြင်း ခံခဲ့ရတဲ့ သဘာဝရှိခဲ့တယ်။ အဲ့တော့ အခုလည်း ဒီဟာကို အကြောင်းပြုပြီးတော့ အုံကြွမှုတွေ၊ နောက် အဲ့ဒါကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့လှိုင်းကို လိုက်စီးပြီးတော့မှ မြို့ကို ပျက်စီးရာပျက်စီးကြောင်း လုပ်မယ့်လူတွေဆိုတာ ရှိလာနိုင်တာပေါ့။ အဲ့ဒါကြောင့် အရေးယူ ဆောင်ရွက်မှုတွေနဲ့ ဒါကိုထိထိရောက်ရောက် ဆက်သွယ်ရေးဥပဒေတွေ ဘာတွေနဲ့ကို အရေးယူဖို့ ကျွန်တော်တို့ အခု ဆောင်ရွက်နေပါတယ်" လို့ ဦးဇော်မင်းထွန်းက ပြောပါတယ်။

    ဒီသတင်းအတုရေးသားထားတာကိုကြည့်ရင် လူတွေကို အလွယ်တကူဒေါသထွက်စေနိုင်မယ့် အသုံးအနှူံးအကြောင်းအရာတွေဖန်တီးရေးသားထားတာကိုတွေ့ရနိုင်ပါတယ်။ သတင်းအတုရေးသားမှူမှာပါဝင်တဲ့ "ဗလီကျောင်းဂေါပကအဖွဲ့" "ကိုရင်လေး" ဆိုတဲ့အသုံးအနှူန်းတွေဟာ ယခင်ဖြစ်ပွားခဲ့ဖူးတဲ့ ဘာသာရေး ပဋိပက္ခာကာလတွေမှာ ဖြန့်ချိရေးသားကြတဲ့ သတင်းအမှားတွေပုံစံအတိုင်းဖန်တီးရေးသားထားတာဖြစ်ပါတယ်။

    ဒီလိုသတင်းအမှားတွေကြောင့်ပဲ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့မှာ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်မှာ အစ္စလာမ်ဘာသာဝင်များ နေထိုင်တဲ့ နေအိမ်နဲ့ စတိုးဆိုင်၊ ထမင်းဆိုင်၊ ဖုန်းအပိုပစ္စည်းဆိုင်၊ လက်ဖက်ရည်ဆိုင် နဲ့ ကွမ်းယာဆိုင် တွေကို လူ ၇၀ ခန့်က နိုင်ငံတော် သီချင်း သီဆိုကာ ခဲများ၊ လေးခွများဖြင့် ပစ်ခတ်ကာ ဖျက်ဆီးကြပြီးနောက် ဗလီ ၁ လုံးကို ခဲများဖြင့် ပစ်ခတ်ခဲ့ကြပါတယ်။

    ၂၀၁၇ ခုနှစ်က ဖြစ်စဉ်အပေါ် နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ခဲ့တဲ့ သတင်းကို ဒီမှာ ဖတ်နိုင်ပါတယ်။

    Tags

    false newskilling a monkMuslim in TaungdwingyiConflictသတင်းအမှားဘာသာရေးပြဿနာကိုရင်တစ်ပါးဗလီဂေါပကအဖွဲ့တောင်တွင်းကြီးမြို့
    Read Full Article
    Claim :   Facebook အကောင့်တုတွေနဲ့ ဖြန့်ဝေထားတဲ့ တောင်တွင်းကြီးမြို့မှာ ကိုရင်တစ်ပါးကို ဗလီဂေါပက အဖွဲ့က သတ်ဖြတ်ပြီး ထွတ်ပြေးလွတ်မြောက်နေတယ် ဆိုတဲ့ သတင်းကို Boom Myanmar က တောင်တွင်းကြီးမြို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းပြီး အချက်အလက် စစ်ဆေးထား ပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!