BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ဓါတ်ပုံဟောင်းအသုံးပြုပြီး KIA...
      သတင်းအတု

      ဓါတ်ပုံဟောင်းအသုံးပြုပြီး KIA တပ်ကြပ်ကြီးတစ်ဦး အလင်းဝင်တယ်လို့ သတင်းအမှားဖြန့်ဝေ

      စျေးရောင်းပြန်လာတဲ့ ရှမ်းအမျိုးသားတစ်ဦးကို KIA၊ PDF ပူးပေါင်းအဖွဲ့က ပစ်သတ်ခဲ့မှုအပေါ် မကျေနပ်တဲ့အတွက် KIA တပ်ကြပ်ကြီးတစ်ဦး စစ်ကောင်စီထံ လက်နက်နဲ့ အလင်းဝင်လာတယ်ဆိုတဲ့အကြောင်းအရာတွေ ယခုရက်ပိုင်းအတွင်းလူမှုကွန်ရက်ပေါ်ပျံ့နှံ့ခဲ့ပါတယ်။

      By - Boom Live Myanmar |
      Published -  21 Feb 2022 10:18 AM IST
    • ဓါတ်ပုံဟောင်းအသုံးပြုပြီး KIA တပ်ကြပ်ကြီးတစ်ဦး အလင်းဝင်တယ်လို့ သတင်းအမှားဖြန့်ဝေ

      ဒီသတင်းကို ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ စတင်ဖြန့်ဝေနေတာဖြစ်ပြီး လက်နက်ခဲယမ်းတွေရှေ့မှာ ရပ်နေတဲ့ မျက်နှာမှုန်ဝါးထားတဲ့ စစ်သားတစ်ဦးပုံကို အသုံးပြုကာ "ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၁ လက်အောက်ရှိ တပ်ရင်း ၇ က တပ်ကြပ်ကြီးတစ်ဦး လက်နက်အပြည့်အစုံနဲ့ စစ်ကောင်စီထံ အလင်းဝင်ရောက်လာကြောင်း၊ ဖေဖော်ဝါရီလ ၇ ရက်နေ့က ဆွမ်ပရာဘွမ်မြို့နယ် ခင်ဒူယာန်ကျေးရွာအထွက်မှာ ဆပ်ကြေးကောက်နေတဲ့ KIA၊ PDF ပူးပေါင်းအဖွဲ့က မြစ်ကြီးနားမြို့က ဇနီးမောင်နှံနှစ်ဦးကို ကားရပ်မပေးတဲ့အတွက် သေနတ်နဲ့ ပစ်သတ်ခဲ့ရာ အမျိုးသားသေဆုံးခဲ့ကြောင်း၊ သေဆုံးသူမှာ ရှမ်းအမျိုးသား ဖြစ်တဲ့အတွက် အလောင်းကိုပင် မြစ်ကြီးနားသို့ ပြန်သယ်ဆောင်ခွင့် မပြုခဲ့ကြောင်း၊ ၁၀ ရက်ခန့်အကြာမှာ KIA တပ်ရင်း ၇ မှ တပ်ကြပ်ကြီးတစ်ဦး စစ်ကောင်စီတပ်ထံသို့ လက်နက်အပြည့်အစုံဖြင့် အလင်းဝင်ရောက်လာခဲ့ကြောင်း၊ KIA ရဲ့ လုပ်ရပ်ကို မကြိုက်တဲ့အတွက် အလင်းဝင်လာတာဖြစ်တယ်လို့ ပြောဆိုကြောင်း" တွေ ရေးသား ထားပါတယ်။

      ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      ဖြန့်ဝေနေတဲ့ ပုံကို စစ်ဆေးကြည့်ရှု့ရာမှာ အဆိုပါဓါတ်ပုံဟာ လက်ရှိဖြစ်ရိုက်ကူးထားတဲ့ ပုံမဟုတ်ပဲ ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁၄ ရက်နေ့ကတည်းက အွန်လိုင်းပေါ်မှာ ရှိနေတဲ့ ပုံဟောင်းကိုအသုံးပြုပြီးပြန်လည်ဖြန့်ဝေထားတာတွေ့ရပါတယ်။ "သတင်းစုံပျော်ဝင်အိုးကြီး" ဆိုတဲ့ ဝက်ဘ်ဆိုက်မှာ KIA (ကချင်) လက်နက်ကိုင်အဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦး ဥပဒေဘောင်အတွင်း ဝင်ရောက် လို့ ရေးသားဖော်ပြထားတာလည်း ရှိပါတယ်။


      ဒီ ၂၀၁၅ ခုနှစ်က ဖော်ပြထာခဲ့မှုဟာ မှားသည် မှန်သည် အတည်မပြုနိုင်ပေမယ့် ခုဖြန့်ဝေနေမှုတွေကတော့ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။ ဖြန့်ဝေမှုတွေဟာ ဓါတ်ပုံဟောင်းကို အသုံးပြုပြီး သတင်းအဖြစ်ပြန်လည်ဖြန့်ဝေထားတာဖြစ်ပါတယ်။

      ၂၀၁၅ ခုနှစ်က ဖော်ပြထားတဲ့အကြောင်းအရာကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

      Tags

      Military CoupKIA sergeant surrendersKIA၊ PDF ပူးပေါင်းအဖွဲ့KIA တပ်ကြပ်ကြီး အလင်းဝင်ရှမ်းအမျိုးသား
      Read Full Article
      Claim :   စျေးရောင်းပြန်လာတဲ့ ရှမ်းအမျိုးသားတစ်ဦးကို KIA၊ PDF ပူးပေါင်းအဖွဲ့က ပစ်သတ်ခဲ့မှုအပေါ် မကျေနပ်တဲ့အတွက် KIA တပ်ကြပ်ကြီးတစ်ဦး စစ်ကောင်စီထံ လက်နက်နဲ့ အလင်းဝင်
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!