BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကော့ကရိတ်မြို့ တိုက်ပွဲမှာ...
သတင်းအတု

ကော့ကရိတ်မြို့ တိုက်ပွဲမှာ တိုင်းမှူးဗိုလ်ချုပ် အရှင်ဖမ်းဆီးတယ်ဆိုတဲ့ သတင်းအမှား

ကော့ကရိတ်မြို့က စစ်ကောင်စီစခန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ PDF တပ်ဖွဲ့ဝင်တွေ သိမ်းပိုက်လိုက်ပြီး တိုင်းမှူးဗိုလ်ချုပ် တစ်ဦးကို အရှင်ဖမ်းဆီးတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  27 April 2025 11:44 AM IST
  • ကော့ကရိတ်မြို့ တိုက်ပွဲမှာ တိုင်းမှူးဗိုလ်ချုပ် အရှင်ဖမ်းဆီးတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို Khit Thit Television ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဧပြီလ ၂၄ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ဖထီးတို့ ကော့ကရိတ်မှာ ပွဲကြမ်းနေပြီ။ ကော့ကရိတ်မြို့ စစ်ခွေးစခန်းကြီး KNU PDF သိမ်းပိုက်လိုက်ပြီ။ တိုင်းမှူး ဗိုလ်ချုပ် အရှင်ဖမ်းဆီး။ စစ်ခွေး (၁၇၀) သေ' လို့ ရေးသားထား တာပါ။

    ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ကော့ကရိတ်မြို့ တိုက်ပွဲမှာ တိုင်းမှူးဗိုလ်ချုပ် အရှင်ဖမ်းဆီးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ People's Spring သတင်းဌာနမှာ ဧပြီလ ၂၃ ရက်နေ့က ဖော်ပြထားတဲ့ 'ကော့ကရိတ်တနယ်လုံး တိုက်ပွဲပြင်းထန်ပြီး မြို့ကို တော်လှန်ရေးတပ်များ ဝန်းရံပိတ်ဆို့ထား' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

    သတင်းထဲမှာ ကရင်ပြည်နယ်၊ တပ်မဟာ(၆)နယ်မြေအတွင်း တိုက်ပွဲတွေ ပြင်းထန်နေပြီး တော်လှန်ရေးတပ်တွေက စစ်ကောင်စီရဲ့ ရင်ကွဲတောင်စခန်း အပါအဝင် တပ်စခန်းအချို့ကို သိမ်းပိုက်ကာ ကော့ကရိတ်မြို့ကိုလည်း ဝန်းရံပိတ်ဆို့ထားကြောင်း၊ ကော့ကရိတ်မြို့ဝန်းကျင်နဲ့ ကော့ကရိတ်မြို့မှ ဒေါနတောင်ပေါ် တောနောရေတံခွန်အထိ နေရာယူထားတဲ့ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းကို အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊PDFပူးပေါင်းတပ်တွေက အပိုင်းလိုက် ဖြတ်တောက်ထားပြီး တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ရေးသားထားတာပါ။

    ဒီသတင်းထဲမှာ ကော့ကရိတ်မြို့ တိုက်ပွဲမှာ တိုင်းမှူးဗိုလ်ချုပ် အရှင်ဖမ်းဆီးတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

    People's Spring သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    ကရင်အမျိုးသားအစည်းအရုံးတိုင်းမှူးသေဆုံးဖမ်းဆီးခံရအရှင်ဖမ်းမိသတင်းတုFakenews
    Read Full Article
    Claim :   ကော့ကရိတ်မြို့ တိုက်ပွဲမှာ တိုင်းမှူးဗိုလ်ချုပ် အရှင်ဖမ်းဆီးတယ်လို့ဆို
    Claimed By :  Facebook, Website, Youtube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!