BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကယား PDF အမျိုးသမီးတစ်ဦး...
သတင်းအတု

ကယား PDF အမျိုးသမီးတစ်ဦး ကျဆုံးတယ်ဆိုတဲ့ သတင်းအမှား

ကရင်နီပြည်နယ်က ပြည်သူကာကွယ်ရေးတပ်ဖွဲ့က အမျိုးသမီးရဲဘော်တစ်ဦး တိုက်ပွဲမှာ ကျဆုံးသွားပြီလို့ ဖြန့်ဝေနေတဲ့ သတင်းအမှားတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  14 Feb 2022 5:15 PM IST
  • ကယား PDF အမျိုးသမီးတစ်ဦး ကျဆုံးတယ်ဆိုတဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မနက်အစောပိုင်းမှာ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Page တစ်ခုနဲ့ ကရင်နီပြည်နယ်က အခြားဖေ့စ်ဘွတ်ပေ့ချ်တစ်ခု စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး "RIP ပါသူရဲကောင်းမလေးရယ်။ ဒီရက်ကျသွားတာကမိန်းကလေးဖြစ်နေပါလား။ အကြွေစောလွန်းတယ် ညီမလေးရယ်။ ညီမလေးတာဝန်ကျေပွန်ပါတယ် အေးချမ်းတဲ့ အဖရဲ့အိမ်တော်မာ အနားယူသွားပါ။ ပြောဖို့စကားလည်းမထွက်နိုင်တော့သလို ရင်ဘတ်တွေလည်းအောင့်ကုန်ပြီတစ်ယောက်ပြီး တစ်ယောက်ကျသွားတော့ ဘယ်လိုခံစားနိုင်မာတုန်းဟား" (သတ်ပုံ မူရင်းအတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို လူမှုကွန်ယက်ပေါ် ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာက ထပ်ဆင့်ဖြန့်ဝေခြင်း၊ ကူးယူဖော်ပြခြင်းတွေ ပြုလုပ်နေကြပါတယ်။

    သတင်းဆန်းစစ်ချက်

    ကရင်နီပြည်နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသမီးငယ်တစ်ဦး တိုက်ပွဲမှာ ကျဆုံးသွားတယ်လို့ ရေးသားဖြန့်ဝေနေတာနဲ့ ပတ်သက်ပြီး Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ PDF ပေ့ချ်တစ်ခုက နားလည်မှု လွဲမှားပြီး စတင်ဖြန့်ဝေခဲ့မိတာ ဖြစ်ကြောင်း တွေ့ရပါတယ်။

    အဆိုပါ သတင်းအမှားကို တင်မိတဲ့ PDF ပေ့ချ်က နောက်ပြောင်ထားတဲ့ အကြောင်းအရာကို တကယ်ထင်ပြီး မှားယွင်းစွာ တင်မိခဲ့တာ ဖြစ်တဲ့အတွက် တောင်းပန်ကြောင်း ရေးသားကာ ၎င်းတင်ထားတဲ့ ပိုစ့်တွေကို ပြန်ဖျက်သွားခဲ့ပါတယ်။ကျဆုံးသွားပြီလို့ ဖြန့်ဝေခံထားရတဲ့ PDF ရဲဘော် အမျိုးသမီးကလည်း ၎င်းဖေ့စ်ဘွတ် လုံခြုံရေးကြောင့် ဒီကနေ့ မနက်ပိုင်းမှာ faecbook Privacy ချိန်းကာ အနက်ရောင် Profile ပုံတစ်ပုံကို ပြောင်းတင်ခဲ့ပါတယ်။


    အဆိုပါ အမျိုးသမီးနဲ့ အတူရှိနေတဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် အမျိုးသမီးတစ်ဦးက "ဒီညီမလေးဆုံးသွားတယ်ဆိုတဲ့သတင်းက မဟုတ်ပါဘူးရှင့် ကျွန်မတို့နဲ့အခုရှိနေပါတယ် ကျေးဇူးပြုပြီး post လေးတွေကိူပြန်ဖျက်ပေးကြဖို့ဘအကူညီတောင်းပါတယ် ရှင့် ကူညီပေးကြပါရှင့်" လို့ လူမှုကွန်ယက်ပေါ် အသိပေးရေးသားထားပါတယ်။






    Tags

    False newsKPDFkilledCoupMilitaryသတင်းအမှာတိုက်ပွဲကျ
    Read Full Article
    Claim :   ကယား PDF အမျိုးသမီးတစ်ဦး တိုက်ပွဲမှာ ကျဆုံး
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!