BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မဲမသမာမှုတွေစုံစမ်းဖို့...
သတင်းအတု

မဲမသမာမှုတွေစုံစမ်းဖို့ ကော်မရှင်ဖွဲ့တယ်ဆိုတဲ့ သတင်းအမှား

ရွေးကောက်ပွဲကော်မရှင်နဲ့ NLD ပါတီပူးပေါင်းပြီး မဲမသမာမှု ပြုလုပ်တဲ့အတွက် ရဲတပ်ဖွဲ့၊ စစ်တပ်၊ အရပ်ဘက်သတင်းထောက်နဲ့ ရွေးကောက်ခံကိုယ်စားလှယ်လောင်းများ စုဖွဲ့ထားတဲ့ နိုင်ငံတော်အရေးပေါ် ရွေးကောက်ပွဲရလဒ် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းတယ်ဆိုတဲ့ အကြောင်းအရာကို လူမှုကွန်ရက်မှာဝေမျှလျက်ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  10 Nov 2020 4:37 PM IST
  • မဲမသမာမှုတွေစုံစမ်းဖို့ ကော်မရှင်ဖွဲ့တယ်ဆိုတဲ့ သတင်းအမှား

    ရေးသားဖြန့်ဝေမှုထဲမှာ "အာဏာရ NLD အစိုးရအား အနိုင်ရှိစေရန် ရွေးကောက်ပွဲကော်မရှင်က ရည်ရွက်ချက်ဖြင့် လုပ်ဆောင်ခဲ့သည့် အတွက် အရေးယူရန် မြန်မာနိုင်ငံရဲ တပ်ဖွဲ့သို့ တိုင်ကြားစာ 3568 စောင်ပို့ထားကြောင်း၊ ဒီတိုင်ကြားစာတွေကို စုံစမ်းစစ်ဆေးဘို့ တပ်မတော်(စရဖ)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ CID၊ တပ်မတော် သတင်းထောက်၊ အရပ်ဘက်သတင်းထောက်တွေနဲ့ ရွေးကောက်ခံကိုယ်စားလှယ်လောင်းများ စုဖွဲ့ထားတဲ့ နိုင်ငံတော်အရေးပေါ် ရွေးကောက်ပွဲရလဒ် စုံစမ်းစစ်ဆေးရေးကော်မရှင် ဆိုတဲ့ အဖွဲ့ကို နိုဝင်ဘာလ ၉ ရက်နေ့ ညမှာ ဖွဲ့စည်းခဲ့ကြောင်း၊ မဲသမာမှုရှိသည့် မဲရုံတွင် မဲရလဒ်တွေကို ပြန်လည်စစ်ဆေးပြီး ပါဝင်ပတ်သက်သူများကို လိုအပ်သလို ချက်ချင်းအရေးယူဆောင်ရွက်ခြင်းများပြုလုပ်ပြီး မဲဆန္ဒပေးခြင်းကို ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လူမှုကွန်ယက်ပေါ်ရှိ အကောင့်များ pageများမှ သတင်းဌာနအားလုံးရဲ့ ထုတ်ပြန်ချက်များကို အတည်မယူပဲ တပ်မတော်သတင်းပြန်ကြားရေးမှ လိုရင်းတိုရှင်း ထုတ်ပြန်မည့် မဲရလဒ်များကို စောင့်မျှော် နားထောင်ကြရန်" (မူရင်းအရေးအသား အတိုင်းဖေါ်ပြထားသည်) လို့ ရေးသားထားတာပါ။

    ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီသတင်းနဲ့ ပါတ်သတ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူ့ပါတီကိုယ်စားပြု ဗဟန်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုမျိုးမင်းဇော်ကို ဆက်သွယ်မေးမြန်းရာမှာ "ရွေးကောက်ပွဲရလဒ် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့တယ်ဆိုတာတော့ မဟုတ်ပါဘူး။ ကြားလည်းမကြားမိဘူး။ ကြံ့ခိုင်ရေးပါတီကတော့ တချို့မဲဆန္ဒနယ်တွေမှာ မဲပေးခွင့်ရှိတာထက် မဲတွေပိုနေတယ်ဆိုပြီး မဲရလဒ်အပေါ် ကိုယ်စားလှယ်လောင်းတွေရဲ့ အသိအမှတ်ပြုလက်မှတ် ထိုးမပေးဘူးလို့ ကြားတယ်။ ကျွန်တော်တို့ ကတော့ လက်မှတ်ထိုးပေးလိုက်ပါတယ်။ ဘာလို့လဲဆိုတော့ အဲ့မဲတွေ ပယ်မဲဖြစ်ရင်တောင် ရလဒ်ကပြောင်းသွားမှာ မဟုတ်ဘူးလေ။ ဒါပေမယ့် ဘာလို့ မဲတွေပိုနေတယ်ဆိုတာတော့ ရွေးကောက်ပွဲကော်မရှင်ကို မေးခွန်း မေးထားတာတော့ ရှိတာပေါ့။" လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

    ဒီသတင်းကို အတည်ပြုနိုင်ဖို့ ပြည်ထောင်စုကြံ့ခိုင်ရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်ကို ဆက်သွယ်မေးမြန်းရာမှာတော့ ယခုအချိန်ထိ ဖုန်းကိုင်ဖြေကြားခြင်း မရှိပါဘူး။

    ထပ်မံပြီးလက်ရှိပျံံ့နှံ့နေတဲ့ သတင်းတွေအပေါ် NLD ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က " ဒီ ၂၀၂၀ ရွေးကောက်ပွဲဟာ တခြားရွေးကောက်ပွဲတွေနဲ့တောင် မတူပဲ တည်တည်ငြိမ်ငြိမ် ပြီးသွားတာ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲပျက်စီးအောင် မသမာသူတွေက ဖျက်လို့ဖျက်ဆီးလုပ်နေတာတွေ တွေ့ရုံမျှနဲ့ ဒါကို တရားမမျှတဘူးလို့ ပြောလို့မရပါဘူး။ မမျှတဘူးလို့ တိုင်ကြားလာရင်လည်း တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်သွားမှာဖြစ်ပြီး ကျွန်တော်တို့ ဘက်ကလည်း ခုခံဖြေရှင်းသွားမှာ ဖြစ်ပါတယ်။" လို့ BOOM ရဲ့ဆက်သွယ်မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

    ဒီသတင်းမှာ ရေးသားထားသလို နိုင်ငံတော်အရေးပေါ် ရွေးကောက်ပွဲရလဒ် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းတယ်ဆိုတာကို မည်သည့်သတင်းဌာနမှ ရေးသားဖော်ပြထားတာ မတွေ့ရှိရသေးသလို မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ တရားဝင် ဖေ့ဘွတ်ခ်စာမျက်နှာဖြစ်တဲ့ ရဲဇာနည်၊ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ တရားဝင်ဖေစ့်ဘွတ် ပေချ့်တွေမှာလည်း ဖော်ပြထားခြင်း မရှိတာကို တွေ့ရပါတယ်။

    ရဲဇာနည် ဖေစ့်ဘွတ်စာမျက်နှာနဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ဖေ့ဘွတ်ခ်ပေချ့်တွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    အလားတူ ဒီကော်မရှင်ဖွဲ့မယ်ဆိုတဲ့ အကြောင်းအရာကိုရေးသားထားရာမှာ အဖွဲ့အစည်းတွေကို ပုံစံမမှန်တဲ့ အရေးအသားတွေဖြစ်တဲ့ "ရဲတပ်ဖွဲ့၊ စစ်တပ်၊ အရပ်ဘက်သတင်းထောက်နဲ့" ဆိုတဲ့ အသုံးအနှုန်းတွေထည့်သွင်းထားသလို ပုံမှန်အားဖြင့် နိုင်ငံတော်အဆင့်အရေးကိစ္စတွေအတွက်ဖွဲ့စည်းတဲ့ အဖွဲ့အစည်းတွေမှာ အရပ်ဖက် သတင်းထောက်ဆိုတဲ့အဖွဲ့တွေ ပါဝင်လေ့မရှိပါဘူး။ အဲ့ဒီအရပ်ဖက်သတင်းထောက်အဖွဲ့အမည်နဲ့ တရားဝင်အဖွဲ့အစည်းတွေလည်း ပြည်တွင်းမှာမရှိသေးတာကြောင့် ဒီအကြောင်းအရာဟာ လုပ်ကြံရေးသားထားတဲ့ အကြောင်းအရာသာဖြစ်ပါတယ်။

    Tags

    ElectionUnion Election CommissionCommissionမြန်မာနိုင်ငံရဲတပ်ဖွဲ့ CIDတပ်မတော် သတင်းထောက်အရပ်ဘက်သတင်းထောက်ရွေးကောက်ခံကိုယ်စားလှယ်လောင်း
    Read Full Article
    Claim :   ရွေးကောက်ပွဲကော်မရှင်နဲ့ NLD ပါတီပူးပေါင်းပြီး မဲမသမာမှု ပြုလုပ်တဲ့အတွက် ရဲတပ်ဖွဲ့၊ စစ်တပ်၊ အရပ်ဘက်သတင်းထောက်နဲ့ ရွေးကောက်ခံကိုယ်စားလှယ်လောင်းများ စုဖွဲ့ထားတဲ့ နိုင်ငံတော်အရေးပေါ် ရွေးကောက်ပွဲရလဒ် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းလိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေမှုအပေါ် သတင်းဆန်းစစ်ချက် ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!