BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ၉ တန်းကျောင်းသားက တင့်ကားကို...
သတင်းအတု

၉ တန်းကျောင်းသားက တင့်ကားကို အသက်နဲ့ ရင်းပြီးဖောက်ခွဲတယ် ဆိုတဲ့ သတင်းအမှား

လူမှုကွန်ယက်ပေါ်မှာ ၉ တန်းကျောင်းသားတစ်ဦးက တင့်ကားတစ်စီးကို အသက်နဲ့ရင်းပြီး အသေခံ ဖောက်ခွဲခဲ့တယ် ဆိုတဲ့ သတင်းအမှားတစ်ပုဒ်ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  28 May 2021 9:02 AM IST
  • ၉ တန်းကျောင်းသားက တင့်ကားကို အသက်နဲ့ ရင်းပြီးဖောက်ခွဲတယ် ဆိုတဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားကို Williams Aung ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က စတင်ဖြန့်ဝေခဲ့တာ တွေ့ရပြီး တခြားဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာက ပြန်လည် ဖြန့်ဝေထားတာကို တွေ့ရပါတယ်။ ၎င်းသတင်းအမှားကို ဖြန့်ဝေရာမှာ လူငယ်တစ်ဦးရဲ့ ဓါတ်ပုံကို အသုံးပြုထားပြီး အဲ့ဒီဓါတ်ပုံနဲ့အတူ "တင့်ကားကို အသက်နဲ့ရင်းပြီး ဖောက်ခွဲဖျက်ဆီးခဲ့တဲ့ ကယားပြည်နယ်က အသက်၁၅နှစ် ၉တန်းကျောင်းသားလေး။" ဆိုတဲ့စာကို ရေးသားထားပါတယ်။

    အဆိုပါ သတင်းအမှားဟာ လူမှုကွန်ယက်သုံးစွဲသူတွေကြာမှာ လူပေါင်း သိန်းချီအထိ ပျံ့နှံ့နေပြီး အခုအချိန်ထိ ဖြန့်ဝေနေကြဆဲ ဖြစ်ပါတယ်။

    သတင်းဆန်းစစ်ချက်

    လူမှုကွန်ယက်သုံးစွဲသူတွေကြားမှာ ဖြန့်ဝေနေတဲ့ အသက် ၁၅ နှစ်အရွယ် ၉ တန်းကျောင်းသားလေးက အသက်နဲ့ရင်းပြီး တင့်ကားကို ဖောက်ခွဲ ဖျက်ဆီးခဲ့တယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက်စစ်ဆေးကြည့်တဲ့အခါ အဆိုပါ အကြောင်းအရာဟာ သတင်းအမှားဖြစ်ကြောင်း တွေ့ရပါတယ်။

    မူရင်းဖြန့်ဝေထားတဲ့အကောင့်တွေမှာ ဒီလိုတင့်ကားတစ်စီးကို လူငယ်တစ်ဦးက အသေခံဖောက်ခွဲတယ်ဆိုတဲ့အကြောင်းအရာဟာ ဘယ်ဒေသမှာဖြစ်ပွားတယ်ဆိုတာမျိုးမပါသလို ဒီအကြောင်းအရာဟာကယားပြည်နယ်မှာ စစ်ကောင်စီကိုတုံ့ပြန်တိုက်ခိုက်နေတဲ့အချိန်မှာဖြန့်ဝေခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်တွေအတွင်း ကယားပြည်နယ်မှာရဲစခန်းတစ်ခုဝင်ရောက်စီးနင်းခံရတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး ဒီအခြေအနေအပေါ်စစ်ကောင်စီက တင့်ကားတွေနဲ့ဝင်ရောက်ပစ်ခတ်မှုတွေရှိခဲ့ပါတယ်။ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေထိပ်တိုက်တွေ့ဆုံမှုတွေရှိပြီး တင့်ကားတွေကိုပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့အခြေအနေတွေရှိခဲ့ပေမယ့် အထက်ပါအကြောင်းအရာတွေမှာဖြန့်ဝေခဲ့သလို လူငယ်တစ်ဦးက တင့်ကားကိုအသေခံဖောက်ခွဲတယ်ဆိုတဲ့ဖြစ်ရပ်တော့ လုံး၀မရှိခဲ့ပါဘူး။

    ဒီအခြေအနေနဲ့အပေါ် ကယားပြည်နယ်က ဒေသခံ တကသကျောင်းသား ကိုမင်းသုကျော်ကလည်း ၎င်းအကြောင်းအရာဟာ သတင်းအမှားဖြစ်တယ်လို့ အတည်ပြုပေးထားပါတယ်။





    Tags

    False newsKPDF9th-grade studentblew uptankKayah StateCoup
    Read Full Article
    Claim :   လူမှုကွန်ယက်သုံးစွဲသူတွေကြားမှာ ဖြန့်ဝေနေတဲ့ အသက် ၁၅ နှစ်အရွယ် ၉ တန်းကျောင်းသားလေးက အသက်နဲ့ရင်းပြီး တင့်ကားကို ဖောက်ခွဲ ဖျက်ဆီးခဲ့တယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက်စစ်ဆေး ထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!