BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မြန်မာနိုင်ငံကို စစ်ရေးကူညီဘို့...
သတင်းအတု

မြန်မာနိုင်ငံကို စစ်ရေးကူညီဘို့ အမေရိကန် စစ်အင်အား ၆၀၀၀ ထိုင်းနိုင်ငံဝင်ရောက်ဆိုတဲ့ သတင်းအမှား

မြန်မာနိုင်ငံကို ကူညီမည့် အမေရိကန် စစ်သားအင်အား ၆၀၀၀ ထိုင်းနိုင်ငံကို ဝင်လာပြီဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  23 Feb 2023 4:23 PM IST
  • မြန်မာနိုင်ငံကို စစ်ရေးကူညီဘို့ အမေရိကန် စစ်အင်အား ၆၀၀၀ ထိုင်းနိုင်ငံဝင်ရောက်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Metals Gold ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘ထိုင်းကို စစ်အင်အား ၆၀၀၀ နဲ့ ဝင်လာပြီ။ မြန်မာပြည်ကို စစ်ရေးကူညီမည့် အမေရိကန် ထိုင်းနိုင်ငံကို အင်အား ၆၀၀၀ နဲ့ လာပြီ။ စစ်ကောင်စီကို ထိုင်းက သစ္စာဖောက်ပြီဟေ့’ ဆိုပြီး ရေးသားထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    မြန်မာနိုင်ငံကို ကူညီမည့် အမေရိကန် စစ်သားအင်အား ၆၀၀၀ ထိုင်းနိုင်ငံကို ဝင်လာပြီဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

    ဖြန့်ဝေနေတဲ့ ဗွီဒီယိုဖိုင်ထဲမှာ 'အမေရိကန် တပ်သား ၆,၀၀၀ ကျော် စစ်ရေး လေ့ကျင့်ရန် ဒေသတွင်း ရောက်ရှိလာမည်' ဆိုတဲ့ ဖေစ့်ဘွတ်ပေါ်က သတင်းတစ်ပုဒ်ကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပါ။

    ဒီသတင်းဟာ ထိုင်းနိုင်ငံမှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ အမေရိကန်စစ်တပ်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်တဲ့ Cobra Gold ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှုအကြောင်း ရေးသားထားတာဖြစ်ပြီး ထိုင်းနိုင်ငံ အခြေစိုက် Bangkok Post နဲ့ The Nation သတင်းဌာနတွေမှာ ဒီလအစောပိုင်းက ဖော်ပြထားပါတယ်။

    ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ပြီးခဲ့တဲ့နှစ် Cobra Gold စစ်ရေးလေ့ကျင့်မှု ပြုလုပ်ချိန်ကလည်း မြန်မာစစ်ကောင်စီကို ဆန့်ကျင်ခုခံတိုက်ခိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို စစ်ရေးလေ့ကျင့်မှုကတဆင့် အမေရိကန်က လျှို့ဝှက်ပြိး လက်နက်ထောက်ပံ့ခွင့် ပေးနိုင်သည်ဆိုတဲ့ ကောလဟလတွေ ထွက်ခဲ့တဲ့အတွက် အမေရိဗိုလ်ချုပ်တစ်ဦးက ငြင်းဆိုခဲ့ပါသေးတယ်။ ဒီအကြောင်းကို သတင်းဌာနတွေမှာ ဖော်ပြခဲ့ပါတယ်။


    သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

    ထိုင်းနိုင်ငံမှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ အမေရိကန်စစ်တပ်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်တဲ့ Cobra Gold ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှုကို ၁၉၈၂ ခုနှစ်မှ စတင်ခဲ့တာဖြစ်ပြီး း ထိုင်း၊ အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား စတဲ့ နိုင်ငံတွေက စစ်သည်တွေ ပါဝင်ပြီး မြန်မာနိုင်ငံအနေနဲ့ ၂ဝ၁၃ ခုနှစ်မှ စတင်ကာ လေ့လာသူအဖြစ် တက်ရောက်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။

    Tags

    Cobra Goldထိုင်းမြန်မာရွှေမြွေဟောက်အမေရိကန်6000 US troopsစစ်အင်အား ၆၀၀၀Fakenews
    Read Full Article
    Claim :   မြန်မာနိုင်ငံကို ကူညီမည့် အမေရိကန် စစ်သားအင်အား ၆၀၀၀ ထိုင်းနိုင်ငံကို ဝင်လာပြီလို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!