BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အကယ်ဒမီပွဲတက် အနုပညာရှင် ၆ ဦး...
သတင်းအတု

အကယ်ဒမီပွဲတက် အနုပညာရှင် ၆ ဦး နိဂုံးချုပ်တယ်ဆိုတဲ့ သတင်းအမှား

စစ်ကောင်စီက ဖိအားပေးပြုလုပ်ခဲ့တဲ့ အကယ်ဒမီပေးပွဲ ပြီးနောက်ပိုင်း ဒီပွဲနဲ့ ဆက်စပ်ပြီး သတင်းအမှားအမျိုးမျိုး ရေးသားဖြန့်ဝေနေတာတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  9 May 2023 4:21 PM IST
  • အကယ်ဒမီပွဲတက် အနုပညာရှင် ၆ ဦး နိဂုံးချုပ်တယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Videos basse နဲ့ HD videos ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်တွေမှာ မေလ ၈ ရက်နဲ့ ၆ ရက်နေ့ ညပိုင်းတွေမှာ စတင်ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    Videos basse ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ရဲ့ ဖြန့်ဝေမှုမှာ ကြာချိန် ၂၂ မိန်စ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘ညက အကယ်ဒမီ လာတက်တဲ့ နိဂုံးချုပ်သွားတဲ့ အနုပညာရှင်(၆)ဦးသတင်းထူး’ လို့ ရေးသားထားတာပါ။

    HD videos ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ရဲ့ ဖြန့်ဝေမှုမှာတော့ အချိန် ၄ နာရီကျော် ကြာမြင့်တဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘အကယ်ဒမီဆုပေးပွဲ ဗုံးပေါက်ကွဲပြီ’ လို့ ရေးသားထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗွီဒီယိုတွေထဲမှာ အကယ်ဒမီပွဲတက်ခဲ့တဲ့ အနုပညာရှင် ၆ ဦးရဲ့ အကြောင်း ပါဝင်တာ မရှိသလို အကယ်ဒမီပွဲ ဗုံးပေါက်တဲ့ အကြောင်းအရာလည်း မပါဝင်ပါ။

    Videos basse ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်က ဖြန့်ဝေတဲ့ ဗွီဒီယိုဖိုင်ထဲဟာ လူတစ်ဦး ဖေစ့်ဘွတ် Live လွှင့်နေတဲ့ ရုပ်သံဖိုင်ကို ကူးယူပြီး တင်ထားတာဖြစ်ပါတယ်။

    HD videos ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ရဲ့ ဖြန့်ဝေမှုမှာတော့ အခြားသတင်းဌာနတွေက သတင်းတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတဲ့ ဗွီဒီယိုဖိုင်ပဲ ဖြစ်ပါတယ်။

    သတင်းဌာနတွေမှာ ဖော်ပြထားချက်အရ ရန်ကုန်မြို့၊ ဝင်္ကပါလမ်းမှာရှိတဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနီးမှာ မေ ၆ ရက် နံနက်ပိုင်းမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာရှိပေမယ့် အကယ်ဒီမီပေးပွဲမှာတော့ ဒီဖြစ်ရပ်မျိုး မရှိခဲ့ပါဘူး။

    သတင်းအမှားဖြန့်ထားတဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို စစ်ဆေးကြည့်တဲ့အခါ သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့တွေဖြစ်တာကို တွေ့ရပါတယ်။

    Tags

    ရုပ်ရှင်အစည်းအရုံးအကယ်ဒမီဆုပေးပွဲAcademy Awardsဗုံးပေါက်ကွဲFakenewsClickbaits
    Read Full Article
    Claim :   အကယ်ဒမီပွဲတက် အနုပညာရှင် ၆ ဦး နိဂုံးချုပ်တယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!