BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကော်ဘရာစစ်ကြောင်းက ၅၂ ဦး...
သတင်းအတု

ကော်ဘရာစစ်ကြောင်းက ၅၂ ဦး ကျဆုံးသွားတယ်ဆိုတဲ့ သတင်းအမှား

စစ်ကောင်စီတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ကော်ဘရာစစ်ကြောင်းက ၅၂ ဦး သေဆုံးသွားတယ်ဆိုတဲ့ သတင်းအမှားတွေ ကိုစစ်တပ်ထောက်ခံတဲ့အကောင့်တွေကဖြန့်ဝေလာပါတယ်။

By - Boom Live Myanmar |
Published -  29 May 2022 6:33 PM IST
  • ကော်ဘရာစစ်ကြောင်းက ၅၂ ဦး ကျဆုံးသွားတယ်ဆိုတဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားကို မှိုင်းဝေဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်တစ်ခုက မေလ ၂၀ ရက်နေ့ မနက် ၁၀ နာရီ ၃ မိနစ်မှာ ရေးတင်ထားတာ ဖြစ်ပြီး Cobra Column ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ထုတ်ပြန်ထားတဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပါတယ်။ ၎င်းဓါတ်ပုံတွေနဲ့ အတူ "၂ ညဆက်တိုက်အုပ်ပေးလိုက်တာ ပထမရက်က ၅၂ ကောင် ဒုတိယရက်ကတော့ မသိသေးဘူး ငိုသံတွေကို အရိုးထဲကမုန်းတဲ့" (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။ အဆိုပါ သတင်းအမှားကို like လုပ်ထားသူ ၄၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ တွေရှိကာ ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာက ကူးယူဖော်ပြထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    စစ်တပ်ထောက်ခံသူတွေ ဖြန့်ထားတဲ့ ကော်ဘရာ စစ်ကြောင်းက မေလ ၁၉ ရက်နေ့မှာ ၅၂ ဦး ကျဆုံးသွားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

    ၎င်းအသုံးပြုထားတဲ့ ဓါတ်ပုံတွေဟာ ကော်ဘရာစစ်ကြောင်းရဲ့ ဖေ့စ်ဘွတ်ပေ့ချ်ဖြစ်တဲ့ Cobra Column က မေလ ၁၉ ရက်နေ့မှာ တင်ထားခဲ့တဲ့ ဓါတ်ပုံတွေ ဖြစ်ပါတယ်။ အဆိုပါ ဓါတ်ပုံတွေနဲ့အတူ Cobra Column က "လေကြောင်းတိုက်ခိုက်မှု (၃၅) ကြိမ်အား ကြံ့ကြံခံ၍ အကြမ်းဖက် စစ်ကောင်စီ၏ သေ့ဘော့ဘိုးစခန်းကုန်းအား ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းတပ်များက မေလ (၁၈) ရက်နေ့ နေ့လည်ပိုင်းတွင် အောင်မြင်စွာ သိမ်းယူနိုင်ခဲ့ပြီးနောက် အကြမ်းဖက်စစ်ကောင်စီ လေတပ်သည် လေ့ကေ့ကော်ဒေသရှိ ကော်ဘရာစစ်ကြောင်း၏ စခန်းကုန်းငယ်တစ်ခုအား ယနေ့ (မေလ ၁၉ ရက်နေ့) နံနက် (၂)နာရီခန့်တွင် တစ်ကြိမ်၊ (၂)နာရီ (၂၇)မိနစ်တွင် အခြားတောင်ကုန်းငယ် တစ်ကုန်းအား တစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ကော်ဘရာစစ်ကြောင်းမှ တော်လှန်ရေးရဲဘော် သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ၎င်းတို့အနက်မှ တစ်ဦးသည် (စိုးရိမ်ရ) ဒဏ်ရာ ရရှိခဲ့ပါသည်" လို့ ထုတ်ပြန်ရေးသားထားပါတယ်။

    Cobra Column ရဲ့ ထုတ်ပြန်ချက်ကို ဒီမှာ ဖတ်ပါ။

    မေလ ၁၈ ရက်နေ့မှာလည်း ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့တွေက မြဝတီခရိုင်၊ မြဝတီ-ဝေါ်လေ ကားလမ်း နံဘေး၊ သေ့ဘော့ဘိုးရွာအနီးက စစ်ကောင်စီရဲ့ သေ့ဘော့ဘိုး စခန်းကို အောင်မြင်စွာ သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၆ ဦးကို အရှင်ဖမ်းမိကာ သေဆုံးသူ ဦးရေကို အတည်ပြုနေဆဲ ဖြစ်ပြီး ကော်ဘရာ စစ်ကြောင်းက ပြည်သူ့ရဲဘော် ၃ ဦး ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

    ကော်ဘရာစစ်ကြောင်းက သေ့ဘော့ဘိုးစခန်းသိမ်းယူခဲ့တဲ့ သတင်းကို ဒီမှာ ဖတ်ပါ။


    Tags

    False newsCobra ColumnPDFMilitaryCoupသတင်းအတု
    Read Full Article
    Claim :   ကော်ဘရာစစ်ကြောင်းက ၅၂ ဦး ကျဆုံး
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!