BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • သာကေတမှာ ရဲမှူးကြီး ၄ ဦး...
      သတင်းအတု

      သာကေတမှာ ရဲမှူးကြီး ၄ ဦး ပစ်သတ်ခံရတယ်ဆိုတဲ့ သတင်းအမှား

      သာကေတမြို့ တွင် ရဲမှူးကြီး (၄) ဦး ပစ်သတ်ခံရပြီး တစ်မြို့နယ်လုံး ဆူပူကုန်ပြီဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  18 March 2023 7:48 PM IST
    • သာကေတမှာ ရဲမှူးကြီး ၄ ဦး ပစ်သတ်ခံရတယ်ဆိုတဲ့ သတင်းအမှား

      ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Full Media ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ မတ်လ ၁၇ ရက်နေ့ ညနေပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

      ဖြန့်ဝေရာမှာ ကြာချိန် ၄၂ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘သာကေတမြို့ တစ်မြို့လုံး ဆူပူကုန်ပြီ။ သာကေတမြို့ တွင် ရဲမှူးကြီး (၄) ဦး ပစ်သတ်ခံရ။ သာကေတမြို့ တစ်မြို့လုံး စစ်တပ်က ပိတ်ဆို့ထား’ လို့ ရေးသားဖြန့်ဝေထားတာပါ။

      ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      အခုဖြန့်ဝေနေတာတွေဟာ အများပြည်သူကို မျှောလင့်ချက်အမှားတွေပေးတဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ အခြားမီဒီယာတွေမှာ ဖော်ပြထားတဲ့ သတင်းတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။ ကူးယူဖော်ပြထားတဲ့ သတင်းတွေထဲမှာ ခေတ်သစ်မီဒီယာမှာ မတ်လ ၁၇ ရက်နေ့ နေ့လည်ပိုင်းက ဖော်ပြထားတဲ့ ‘သာကေတတွင် နာမည်ဆိုးဖြင့် ကျော်ကြားသော နယ်ထိန်း ရဲ စောလေးဖော အပါအဝင် ရဲ ၃ ဦး ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး၊ သာကေတ မြို့နယ်တစ်ခုလုံးကို စစ်တပ်က ပိတ်ဆို့ထား’ ဆိုတဲ့ သတင်းပါဝင်ပြီး ဒီသတင်းထဲမှာလည်း ရဲမှူး (၄) ဦး ပစ်သတ်ခံရတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို သာကေတ တမြို့နယ်လုံး ဆူပူကုန်ပြီဆိုတဲ့ အကြောင်းအရာလည်း မပါဝင်ပါဘူး။

      ယမန်နေ့က ဖြစ်ပွားခဲ့တဲ့ သာကေတ ရဲစခန်းရှေ့ ပစ်ခတ်မှုဖြစ်စဉ်မှာ ရဲတပ်ကြပ်စောလေးဖော ဆိုသူနဲ့ ရဲတပ်ကြပ်စိုးဝင်းနိုင်တို့ နှစ်ဦး ဦးခေါင်းထိမှန်ပြီး ရဲတပ်ကြပ်စောလေးဖော နေရာမှာပင် သေဆုံးခဲ့တယ်လို့ သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ရဲတပ်ဖွဲ့ဝင် သို့မဟုတ် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ဟုတ်မဟုတ် အတည်မပြုနိုင်သေးတဲ့ ကိုအောင်ထက်ဆိုသူလည်း ဦးခေါင်းထိမှန် သေဆုံးခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

      ဖြစ်စဉ်မှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၂ ဦး ကွန်ပျူတာဆိုင်မှာ မိတ္တူကူးနေစဉ် သေနတ်သမား ၂ ဦးက သေနတ်နဲ့ ၁၂ ချက် ပစ်ခတ်ခဲ့တာလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

      ယမန်နေ့က ဖြစ်ပွားခဲ့တဲ့ သာကေတပစ်ခတ်မှု ဖြစ်စဉ်အကြောင်း သတင်းဌာနတွေမှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

      သတင်းအမှားဖြန့်ထားတဲ့ ပေ့ချ်ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ကြည့်ရှုသူအရေအတွက်များအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနေတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      သာကေတပစ်ခတ်မှုရဲမှူးကြီး (၄) ဦးပစ်သတ်ခံရသာကေတမြို့ နယ်ဆူပူ4 police colonels were shotMilitary CoupClickbaits
      Read Full Article
      Claim :   သာကေတမြို့ တွင် ရဲမှူးကြီး (၄) ဦး ပစ်သတ်ခံရပြီး တစ်မြို့နယ်လုံး ဆူပူကုန်ပြီလို့ဆို
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!