BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မုံရွာမြို့နယ်က...
သတင်းအတု

မုံရွာမြို့နယ်က ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၂ ဦး သေဆုံးတယ်ဆိုတဲ့ သတင်းအမှား

မုံရွာမြို့တောင်ဘက်ရှိ PDF စခန်းကို စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်စီးနင်းရာမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၂ ဦး ကျဆုံးပြီး ၅ ဦးဖမ်းဆီးခံရတယ်လို့ ဆိုတဲ့အကြောင်းအရာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  30 Nov 2021 5:28 PM IST
  • မုံရွာမြို့နယ်က ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၂ ဦး သေဆုံးတယ်ဆိုတဲ့ သတင်းအမှား

    ဒီဖြန့်ဝေမှုတွေကို စစ်တပ်ထောက်ခံတဲ့ ဖေစ့်ဘွတ်ပေချ့်တွေနဲ့ ဂရုတွေမှာ နိုဝင်ဘာလ ၂၆ ရက်နေ့ ညပိုင်းမှာ စတင်ဖြန့်ဝေနေတာ ဖြစ်ပြီး "မုံရွာမြို့တောင်ဘက်ရှိ PDF စခန်းကို တပ်မတော်စစ်ကြောင်း (၃)ဖွဲ့ခွဲပြီး စီးနင်းဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ PDF အလောင်း (၃၂)လောင်းနဲ့ အရှင် (၅)ဦး ဖမ်းဆီးရမိကြောင်း ဒေသခံတွေဆီက သတင်းရရှိတယ်" ဆိုပြီး ရေးသားဖြန့်ဝေနေတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    မူရင်းဖြစ်စဉ်ဟာ ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့က မုံရွာမြို့နယ် တောတွင်းက PDF စခန်းတစ်ခုကို ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်စီးနေစဉ် မုံရွာလျှပ်စီးအဖွဲ့ (Monywa Lighting PDF) မှ မိုင်းဆွဲပြီး ပြန်လည်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၄ ဦး ပွဲချင်းပြီး သေဆုံးပြီး အခြား ၄ ဦးလည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့တာ ဖြစ်တယ်လို့ Monywa Lighting PDF အဖွဲ့ရဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဖော်ပြထားပါတယ်။ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။


    မီဒီယာတွေမှာ ဖော်ပြထားတဲ့ သတင်းတွေမှာလည်း မုံရွာဒေသရှိ PDF စခန်းတစ်ခုကိ စစ်ကောင်စီတပ်တွေ စီးနင်းခဲ့တယ်လို့ ဖော်ပြထားခဲ့ပေမယ့် PDF တပ်ဖွဲ့ဝင်တွေ ကျဆုံးခြင်း၊ ဖမ်းဆီးခံရခြင်း မရှိဘူးလို့ ဖော်ပြထားပါတယ်။


    မီဒီယာတွေမှာ ဖော်ပြထားတဲ့ သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    Tags

    Monywa TownshipMonywa PDF32 PDF KilledMilitary Councilsမုံရွာမြို့နယ်ဒေသကာကွယ်ရေးတပ်ဖွဲ့မုံရွာလျှပ်စီးအဖွဲ့Monywa Lighting PDFFalsenewsMilitary Coup
    Read Full Article
    Claim :   မုံရွာမြို့တောင်ဘက်ရှိ PDF စခန်းကို စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်စီးနင်းရာမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၂ ဦး ကျဆုံးပြီး ၅ ဦးဖမ်းဆီးခံရတယ်လို့ ရေးသားဖြန့်ဝေနေတဲ့အပေါ် BOOM က သတင်းဆန်းစစ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!