BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အင်းစိန်ထောင်ဝန်ထမ်း ၃၀၀...
သတင်းအတု

အင်းစိန်ထောင်ဝန်ထမ်း ၃၀၀ ထွက်ပြေးတယ်ဆိုတဲ့ သတင်းအမှား

အင်းစိန်ထောင်ဝန်ထမ်း ၃၀၀ ထွက်ပြေးသွားပြီး ဗိုလ်ချုပ်စိုးထွဋ်ကို ဖမ်းဆီးလိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေပြီး နေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  26 Nov 2022 8:20 AM IST
  • အင်းစိန်ထောင်ဝန်ထမ်း ၃၀၀ ထွက်ပြေးတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို The Mercerneries ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ နိုဝင်ဘာ ၂၀ ရက် ညပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။ ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ 'အင်းစိန်ထောင်ဝန်ထမ်း ၃၀၀ ဦး ထွက်ပြေးကုန်ပြီ။ ဗိုလ်ချုပ်စိုးထွဋ်ကို ဖမ်းဆီးလိုက်ပြီ' လို့ ရေးသားဖြန့်ဝေနေတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    အင်းစိန်ထောင်ဝန်ထမ်း (၃၀) နီးပါးထွက်ပြေးတယ်ဆိုတဲ့ သတင်းကို သံလွင်တိုင်းမ် သတင်းဌာနမှာ နိုဝင်ဘာ ၂၀ ရက်နေ့က ဖော်ပြထားတာရှိပါတယ်။ အကျဉ်းထောင်ဝန်ထမ်း တစ်ဦးရဲ့ ပြောပြချက်ကို ကိုးကားပြီး ရေးသားဖော်ပြခဲ့တဲ့ ဒီသတင်းထဲမှာ ဝန်ထမ်း ၃၀ နီးပါးဟာ နိုဝင်ဘာလ တတိယပတ်ထဲမှာ ထွက်ပြေးသွားကြောင်း၊ ထွက်သွားသူတွေထဲမှာ ထွက်စာတင်ထားသူတွေ ရှိသလို ကျောင်းတက်မယ်ဆိုထွက်သွားပြီး ပြန်မလာကြတော့တာတွေလည်း ရှိကြောင်း၊ အင်းစိန်ထောင်ရဲ့ ဝန်ထမ်းမိသားစုနဲ့ ရှေ့နေ ဝင်ထွက်အပေါက်ဘက်မှာ ထွက်ပြေးသွားသူတွေရဲ့ စာရင်းကပ်ထားတာဖြစ်ကြောင်းနဲ့ စစ်တပ်ကလူတွေ စောင့်နေတဲ့အတွက် ကပ်ထားတဲ့ စာရင်းကို ဓါတ်ပုံရိုက်မရကြောင်း' တွေ ရေးသားဖော်ပြထားပါတယ်။


    သံလွင်တိုင်းမ် သတင်းဌာနက ဖော်ပြထားတဲ့ သတင်းထဲမှာ ထောင်သား ၃၀၀ လို့ ဖော်ပြမထားသလို ဗိုလ်ချုပ်စိုးထွဋ်ကို ဖမ်းဆီးလိုက်တဲ့အကြောင်းလည်း ရေးသားမထားပါဘူး။

    သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ခုဖြန့်ဝေနေတာတွေဟာ ကာဗာပုံပေါ်မှာ ဝန်ထမ်း ၃၀၀ ထွက်ပြေးလို့ ရေးသားထားပေမယ့် ဗွီဒီယိုထဲမှာတော့ သံလွင်တိုင်းမ် သတင်းဌာနက ဖော်ပြခဲ့တဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပါ။

    ဒီဖေ့စ်ဘွတ်ပေ့ချ်တွေမှာ ဖြန့်ဝေနေတာတွေဟာ Clickbait နဲ့ ဝင်ငွေရှာဖို့ လူမှုကွန်ယက်ပေါ် Like များအောင် ဖန်တီး ဖြန့်ဝေနေတာဖြစ်ပြီး သူတို့ကိုယ်တိုင် စုံစမ်း မေးမြန်းရေးသားထားတဲ့အကြောင်းအရာတွေမရှိပါဘူး။

    Tags

    အင်းစိန်ထောင်ဝန်ထမ်း ၃၀၀ထောင်ဝန်ထမ်းထွက်ပြေး300 staffsstaffs escapedClickbaitFakenews
    Read Full Article
    Claim :   အင်းစိန်ထောင်ဝန်ထမ်း ၃၀၀ ထွက်ပြေးသွားပြီး ဗိုလ်ချုပ်စိုးထွဋ်ကို ဖမ်းဆီးလိုက်တယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!