BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • တရုတ်နိုင်ငံထံက တိုက်လေယာဉ် ၃ စီး...
သတင်းအတု

တရုတ်နိုင်ငံထံက တိုက်လေယာဉ် ၃ စီး လက်ဆောင်ရတယ်ဆိုတဲ့ သတင်းအမှား

တရုတ်ထံက ဂျက်ဖိုက်တာ ၃ စီး လက်ဆောင်ရကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဗိုလ်ကြီးဟောင်းနေမျိုးဇင်က ကြေညာတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ လုပ်ကြံရေးသားထားတဲ့ သတင်းတုတွေသာ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  29 Jun 2024 4:02 PM IST
  • တရုတ်နိုင်ငံထံက တိုက်လေယာဉ် ၃ စီး လက်ဆောင်ရတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Thai Myanmar Channel ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇွန်လ ၁၂ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၁၄ မိနစ်ကျေ်ရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'တရုတ် မှ ပူးပေါင်းလာပြီ ဗျိုး။ ဖိုင်တာ ၃ စီး လက်ဆောင်ရ။ ဗိုလ်ကြီး နေမျိုးဇင် ကြေညာပြီ' လို့ ရေးသားထားတာပါ။

    ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    တရုတ်နိုင်ငံထံက တိုက်လေယာဉ် ၃ စီး လက်ဆောင်ရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဗိုလ်ကြီးဟောင်းနေမျိုးဇင်ရဲ့ ဖေစ့်ဘွတ် live ဗီဒီယိုတစ်ခုကို ကူးယူပြီး ပြန်လည်ဖြန့်ဝေထားတာဖြစ်ပြီး သူပြောဆိုနေတဲ့ အထဲမှာ တရုတ်နိုင်ငံဆီက တိုက်လေယာဉ် ၃ စီး လက်ဆောင်ရတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။

    အခုရေးသားဖြန့်ဝေထားသလို တရုတ်က တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး တိုက်လေယာဉ်တွေ ပေးတယ်ဆိုတဲ့ အကြောင်းအရာကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေအပြင် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    နိုင်ငံရေးတက်ကြွလှုပ်ရှားသူPolitical activistFakenewsသတင်းတု3 fighter jetsတရုတ်
    Read Full Article
    Claim :   တရုတ်နိုင်ငံထံက တိုက်လေယာဉ် ၃ စီး လက်ဆောင်ရတယ်လို့ဆို
    Claimed By :  Facebook, Website, Youtube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!