BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကမ္ဘောဒီးယား စစ်သား နှစ်ရာ...
သတင်းအတု

ကမ္ဘောဒီးယား စစ်သား နှစ်ရာ သေဆုံးတယ်ဆိုတဲ့ သတင်းအမှား

လက်ရှိဖြစ်ပွားနေတဲ့ ထိုင်း နဲ့ ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအတွင်း ကမ္ဘောဒီးယား စစ်စခန်းက စစ်သားနှစ်ရာ သေဆုံးသွားတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  27 July 2025 10:12 PM IST
  • ကမ္ဘောဒီးယား စစ်သား နှစ်ရာ သေဆုံးတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို Thi Dar Aye ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ ဇူလိုင် ၂၄ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန်စက္ကန့်ပိုင်းလောက်သာရှိတဲ့ facebook reel အသုံးပြုပြီး 'ထိုင်းနဲ့ ကမ္ဘောဒီးယား။ ဟိုကစပြစ်တော့ ဒီကလည်း ငြိမ်မနေဘူး။ ကြားက ပြည်သူတွေဘဲ။ ကမ္ဘောဒီးယား စစ်စခန်းက စစ်သားနှစ်ရာတော့ ညောင်းပြီး' လို့ ရေးသားထားတာပါ။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီအကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    အရှေ့တောင်အာရှမှာ ၁၃ နှစ် အတွင်း အဆိုးရွားဆုံး တိုက်ခိုက်မှုဖြစ်တဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယား ၂ နိုင်ငံ တိုက်ခိုက်မှုကြောင့် လူ ၃၀ ထက်မနည်း သေဆုံးထားကာ လူပေါင်း ၁၃၀,၀၀၀ ကျော် စစ်ဘေး ရှောင်နေရပါတယ်။

    ဇူလိုင် ၂၆ ရက်နေ့အထိ ထုတ်ပြန်ချက်တွေအရ ထိုင်းနိုင်ငံဘက်က လူသေဆုံးမှု ၁၉ ယောက်အထိ ရှိလာပြီး ကမ္ဘောဒီးယားဘက်က စစ်သား ၅ ယောက်နဲ့ အရပ်သား ၈ ယောက် သေဆုံးခဲ့ပြီလို့ သိရပါတယ်။

    ထိုင်းနဲ့ ကမ္ဘောဒီးယားတို့အကြား ပြီးခဲ့တဲ့ မေလကတည်းက အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့‌ပြီး ကမ္ဘောဒီးယားစစ်သား တယောက် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

    ဖေစ့်ဘွတ်က ပိုက်ဆံရလိုမှုအတွက် content creator အများစုဟာ ကျင့်ဝတ်ဖောက်ပြီး သတင်းမှားတွေ ဖန်တီးဖြန့်ဝေ နေပါတယ်။

    Tags

    Thailand has declared warFakenewsThailandသတင်းအတုသတင်းမှား
    Read Full Article
    Claim :   ကမ္ဘောဒီးယား စစ်သား နှစ်ရာ သေဆုံးတယ်လို့ဆို
    Claimed By :  Unknown
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!