BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်ကောင်စီရဲ့ ဒေါ်လာ ၁၈ သန်းတန်...
သတင်းအတု

စစ်ကောင်စီရဲ့ ဒေါ်လာ ၁၈ သန်းတန် ရဟတ်ယာဉ် ပစ်ချခံရတယ်ဆိုတဲ့ သတင်းအမှား

ကယားပြည်နယ် လွိုင်ကော်မြို့ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ဒေါ်လာ ၁၈ သန်းတန် ရဟတ်ယာဉ်တစ်စီးနဲ့ တင့်ကားတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရပြီး မီးလောင်ပျက်စီးတယ်လို့ သတင်းလုပ် ဖြန့်ဝေနေပါတယ်။

By - Boom Live Myanmar |
Published -  8 Feb 2022 1:53 PM IST
  • စစ်ကောင်စီရဲ့ ဒေါ်လာ ၁၈ သန်းတန် ရဟတ်ယာဉ် ပစ်ချခံရတယ်ဆိုတဲ့ သတင်းအမှား

    ဖြန့်ဝေမှုတွေကို ဇန်နဝါရီ ၉ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေနေတာဖြစ်ပြီး ပြန်လည်ဖြန့်ဝေသူ အများအပြားလည်း ရှိနေပါတယ်။

    လွိုင်ကော်မြို့မှာ ဇန်နဝါရီ ၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အာဏာသိမ်းစစ်ကောင်စီဘက်က စစ်ရဟတ်ယာဉ်တစီးနဲ့ တင့်ကားတစီးကို ပစ်ချနိုင်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့(KNDF)က သတင်းထုတ်ပြန်ပြီးနောက် ဖြန့်ဝေမှုတွေ ရှိလာတာပါ။

    ဖြန့်ဝေရာမှာ ဒေါ်လာ ၁၈ သန်းတန် လေယာဉ်ကိစ္စ မင်းအောင်လှိုင်ပေါက်ကွဲ လို့ ခေါင်းစဉ်တပ်ဖြန့်ဝေနေပြီး အချို့ဖြန့်ဝေမှုတွေမှာ မှတ်ချက်ပေးသူ သုံးထောင်နီးပါးနဲ့ ကြည့်ရှု့သူ ၂ သန်းခွဲကျော်ထိ ရှိနေပါတယ်။ အခုထက်တိုက် ထပ်ဆင့်ဖြန့်ဝေနေကြဆဲ ဖြစ်တာ တွေ့ရတယ်။


    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီသတင်းနဲ့ ပါတ်သတ်ပြီး လွိုင်ကော်နဲ့ ကရင်ပြည်နယ် တိုက်ပွဲတွေမှာ စစ်ကောင်စီ ရဟတ်ယာဉ်တွေ ပစ်ချခံခဲ့ရခြင်း မရှိတဲ့အကြောင်း BOOM က ပြီးခဲ့တဲ့ လအတွင်းမှာပဲ သတင်းဆန်းစစ် ရေးသားဖော်ပြပြီး ဖြစ်ပါတယ်။


    သတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းထဲမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့(KNDF) ရဲ့ ပြန်ကြားရေးတာဝန်ခံက ပစ်ခတ်တိုက်ခတ်မှုကြောင့် စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီးကို ထိမှန်သွားကြောင်း၊ မီးခိုးငွေ့တွေ ထွက်ပြီး ပြန်သွားကြောင်း၊ ရဟတ်ယာဉ်ပြန်သွားတာက ပြည်နယ်ရဲ့ အနောက်ဘက်ခြမ်းကို ပြန်သွားတာဖြစ်ကြောင်း၊ ခုပျက်ကျတယ်ဆိုပြီး သတင်းထွက်နေတာက အရှေ့ဘက်မှာဖြစ်တယ်လို့ ပြောဆိုနေတဲ့အတွက် ကောလဟလ ဖြစ်နိုင်ကြောင်း၊ မြေပြင်မှာ ပြန်လည်စုံစမ်း ကြည့်ရာမှာလည်း ပျက်ကျတာ မရှိကြောင်း ပြောဆိုထားချက်ကို ရေးသားဖော်ပြထားပါတယ်။

    အကြမ်းဖက်စစ်ကောင်စီရဲ့ ရဟတ်ယာဥ်တစ်စင်းလာရောက်ပစ်ခတ်စဥ် ပစ်ချခံရကာ လွိုင်ကော်မြို့၊ ဒေါမူကလား ကျေးရွာအနီးမှာ ပျက်ကျပြီး မီးလောင်ပျက်စီးခဲ့တယ်လို့ KNDF ရဲ့ ဖေစ့်ဘွတ်စာမျက်နှာမှာ ဇန်နဝါရီ ၈ ရက်နေ့ ညပိုင်းက ရေးသားဖော်ပြခဲ့ပေမယ့် ဧရာဝတီသတင်းဌာနနဲ့အင်တာဗျူးမှာတော့ KNDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြန်လည်ဖြေရှင်းထားတာ ဖြစ်ပါတယ်။

    KNDF က ထုတ်ပြန်ရေးသားချက်ကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    Tags

    military helicopterhelicopter shot downစစ်ရဟတ်ယာဉ်ပစ်ချခံရMilitary CoupAirstrikeFalsenewsmilitary councilhelicopter
    Read Full Article
    Claim :   စစ်ကောင်စီရဲ့ ဒေါ်လာ ၁၈ သန်းတန် ရဟတ်ယာဉ် ပစ်ချခံရ
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!