BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • သထုံခရိုင်တိုက်ပွဲ KNU ဘက်မှ ၁၇၁...
သတင်းအတု

သထုံခရိုင်တိုက်ပွဲ KNU ဘက်မှ ၁၇၁ ယောက် ကျဆုံးတယ်ဆိုတဲ့ သတင်းအမှား

မွန်ပြည်နယ်၊ သထုံခရိုင် အတွင်း KNU တပ်မဟာ ၁ နှင့် မြန်မာစစ်တပ် လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲမှာ KNU ဘက်မှ စစ်သား ၁၇၁ ယောက်ကျဆုံးတယ်လို့ လူမှုမီဒီယာတွေပေါ် ဖြန့်ဝေနေပါတယ်။

By - Boom Live Myanmar |
Published -  10 March 2021 7:23 PM IST
  • သထုံခရိုင်တိုက်ပွဲ KNU ဘက်မှ ၁၇၁ ယောက် ကျဆုံးတယ်ဆိုတဲ့ သတင်းအမှား

    သထုံခရိုင်အတွင်း ဖြစ်ပွားနေတဲ့ KNU တပ်မဟာ ၁ နဲ့ မြန်မာစစ်တပ်ရဲ့ တိုက်ပွဲမှာ KNU ဘက်မှ စစ်သား ၁၇၁ ယောက်ကျဆုံးတယ်ဆိုပြီး စစ်တပ်ထောက်ခံတဲ့ ဖေစ့်ဘွတ်ဂရုတွေမှာ မတ်လ ၉ ရက်နေ့ ညပိုင်းက ဖြန့်ဝေနေတာ တွေ့ရတယ်။

    ဖြန့်ဝေရာမှာ "ရှင်းနေပါပြီနော် တပ်မသုံးရင်းနဲ့ KNUကိုချေမှုန်း KNUကျရှုံးသူပုန်171တစ်ယောက်" ဆိုပြီး ရေးသားထားတာပါ။ ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    မွန်ပြည်နယ်၊ သထုံခရိုင် အတွင်းမှာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲသတင်းနဲ့ ပတ်သတ်ပြီး အချက်အလက်များ ဆန်းစစ်ရာမှာ မြန်မာစစ်သား ၅ ဦးကျဆုံးခဲ့ပြီး KNU မှ ထိခိုက်မှုမရှိကြောင်း၊ သို့သော် KNU ရဲ့ တွပ်ခဲစခန်းကို စွန့်လွှတ်ခဲ့ရကြောင်း မတ်လ ၉ ရက်နေ့ ညပိုင်းက Khit Thit Media သတင်းဌာနရဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဖော်ပြထားတာကို တွေ့ရပါတယ်။


    Khit Thit Media သတင်းဌာနမှာ ဖော်ပြခဲ့တဲ့ သတင်းမှာ - ကရင်အမျိုးသားလွတ်မြောက်ရေတပ်မတော်(KNLA) တပ်မဟာ(၁)က သထုံခရိုင်အတွင်း တပ်စွဲထားတဲ့ မြန်မာစစ်တပ်ကို လက်နက်ကြီး၊ လက်နက်ငယ်များနဲ့ စတင်ပစ်ခတ်ခဲ့ကြောင်း၊ မြန်မာစစ်တပ်က နံနက် ၁၁ နာရီကျော်မျာ ဘားအံမြို့နယ်၊ ညောင်ကုန်းရွာသစ်ရှိ KNLA-တပ်ရင်း(၁)၊တပ်ခွဲ(၁)အား ပြန်လည် ဝင်ရောက်တိုက်ခိုက်တဲ့အတွက် အပြန်အလှန်ပစ်ခတ်ပြီး မြန်မာအာဏာသိမ်း စစ်တပ်မှ ၃ ဦးကျဆုံးခဲ့ကြောင်း၊ KNLA ဘက်မှ ထိခိုက်မှုမရှိသော်လည်း တပ်ခွဲစခန်းအားစွန့်လွှတ်ခဲ့ရကြောင်း ရေးသားဖော်ပြထားပါတယ်။

    သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    Tags

    Civil warEthnic armed groupsပြည်တွင်းစစ်တိုင်းရင်းသားလက်နက်ကိုင်မြန်မာစစ်တပ်Armyarmed groups
    Read Full Article
    Claim :   မွန်ပြည်နယ်၊ သထုံခရိုင် အတွင်းတွင် KNU တပ်မဟာ ၁ နှင့် မြန်မာစစ်တပ် လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲမှာ KNU ဘက်မှ စစ်သား ၁၇၁ ယောက်ကျဆုံးတယ်လို့ လူမှုမီဒီယာတွေပေါ် ဖြန့်ဝေနေမှုအပေါ် BOOM က သတင်းဆန်းစစ်ချက် ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!