BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မဲဆောက်မှာ အသီးအရွက်ကားနဲ့...
သတင်းအတု

မဲဆောက်မှာ အသီးအရွက်ကားနဲ့ ထွက်ပြေးလာတဲ့ PDF ၁၅ ဦး ဖမ်းခံရတယ်ဆိုတဲ့ သတင်းအမှား

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ အသီးအရွက် တင်ဆောင်တဲ့ကားနဲ့ ထွက်ပြေးလာတဲ့ PDF ၁၅ ဦး ဖမ်းဆီးခံရတယ် ဆိုတဲ့ သတင်းအမှားတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  28 Feb 2022 1:39 PM IST
  • မဲဆောက်မှာ အသီးအရွက်ကားနဲ့ ထွက်ပြေးလာတဲ့ PDF ၁၅ ဦး ဖမ်းခံရတယ်ဆိုတဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားကို Ko Nay Win ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညနေ ၄ နာရီ ၂၄ မိနစ်မှာ ရေးသားဖြန့်ဝေထားတာ ဖြစ်ပြီး သတင်းအမှားရဲ့ ခေါင်းစဉ်မှာ " မဲဆောက်တွင် အသီးအရွက်ကားနဲ့ ထွက်ပြေးသည့်PDF၁၅ဦးဖမ်းဆီးခံရ" ဆိုတဲ့ ခေါင်းစဉ်တပ်ရေးသားထားတာဖြစ်ပါတယ်။ သတင်းအမှားရဲ့ အတွင်းမှာတော့ "ယနေ့ဖေဖေါ်ဝါရီ ၂၇ ရက်တွင် အသီးအရွက်တင်ဆောင်သည့်ကားအတွင်း ပုန်းခိုး ဝှက်ပီး ထွက်ပြေးလာခြင်းဖြစ်ကြောင်းသိရသည်။ ဖမ်းဆီးမိသည့် မြန်မာPDFများကို မဲဆောက်မြို့ ရဲစခန်းအချုပ်သို့ ခေါ်ဆောင်သွားကြောင်း သိရသည်" (သတ်ပုံမူရင်းအတိုင်း)လို့ ရေးသားထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

    အဆိုပါ Ko Nay Win ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က တင်ထားတဲ့ သတင်းအမှားကို like လုပ်ထားသူ ၁၅၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၁၀၀ နီးပါးရှိကာ တစ်ခြား ဖေ့စ်ဘွတ်အကောင့်တွေကလည်း ကူးယူဖော်ပြနေကြပါတယ်။

    သတင်းဆန်းစစ်ချက်

    ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ အသီးအရွက်တင်တဲ့ကားနဲ့ ထွက်ပြေးလာတဲ့ PDF ၁၅ ဦး ဖမ်းမိတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

    အဆိုပါ သစ်သီးကားပေါ် ဖမ်းဆီးခံရသူ ၁၅ ဦးဟာ မြန်မာ-ထိုင်း နယ်စပ် မြဝတီမြို့ကနေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ပို့ဆောင်မယ့် ရွေ့ပြောင်းလုပ်သားတွေဖြစ်ပြီး ဖေဖေါ်ဝါရီ ၂၆ ရက်နေ့က မဲဆောက်မြို့အထွက် ၃ မိုင်ခန့်အကွာ ထိုင်းဌာနဆိုင်ရာ စုပေါင်းဂိတ်မှာ တာဝန်ရှိသူတွေက စစ်ဆေးစဉ် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

    အဆိုပါ ၁၅ ဦးဟာ ဟင်းသီးဟင်းရွက်တွေ ကာရံပြီး အတွင်းပိုင်းမှာ လိုက်ပါလာတဲ့ တရားမဝင် လုပ်သားတွေဖြစ်ကာ လူကုန်ကူးသူလာသူတွေ ဖြစ်ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြထားတယ်လို့ DVB သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

    DVB သတင်းဌာနက ဖော်ပြထားတဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မြန်မာရွေ့ပြောင်း လုပ်သား ၁၅ ဦး ဖမ်းဆီးခံရတဲ့ သတင်းကို ဒီ Link မှာ ဖတ်ပါ။




    Tags

    False newsPDFarresta vegetable truckMilitaryCoupသတင်းအမှားဖမ်းခံရPDF ၁၅ ဦး
    Read Full Article
    Claim :   မဲဆောက်တွင် အသီးအရွက်ကားနဲ့ ထွက်ပြေးသည့်PDF၁၅ဦးဖမ်းဆီးခံရ
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!