BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မန္တလေးက သံဃာတော်ကို...
သတင်းအတု

မန္တလေးက သံဃာတော်ကို အစ္စလာမ်ဘာသာဝင်အဖြစ် ဖြန့်ဝေထားတဲ့ သတင်းအမှား

လူမှုကွန်ယက်ပေါ်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး နေ့သပိတ်၊ ညသပိတ်တွေ ပြုလုပ်နေတဲ့ သံဃာတော်တစ်ပါးအပေါ် သတင်းအမှားဖြန့်ကာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတချို့ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  20 July 2021 3:53 PM IST
  • မန္တလေးက သံဃာတော်ကို အစ္စလာမ်ဘာသာဝင်အဖြစ် ဖြန့်ဝေထားတဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားကို အဲယ်မွှေး ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဇူလိူင်လ ၁၁ ရက်နေ့ နေ့ခင်း ၃ နာရီ ၃ မိနစ်မှာ ရေးတင်ခဲ့တာ ဖြစ်ပြီး အဲ့ဒီ သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "အကြမ်းဖက်လှုံ့ဆော်နေသော ဘုန်းကြီးမှာ အစ္စလာမ်ဘာသာဝင် ဖြစ်ကြောင်း ဒေသခံများပြော" လို့ ရေးသားထားပါတယ်။

    သတင်းရဲ့ အတွင်းပိုင်းမှာတော့ "မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်း ဆူပူအကြမ်းဖက် လှုံ့ဆော်နေသော ပုဂ္ဂိုလ်မှာ သံဃာယောင်ဆောင် အစ္စလာမ်တစ်ဦးဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ အဆိုပါပုဂ္ဂိုလ်အား ၅၀၅-ကဖြင့် ဝရမ်းထုတ်ထားသော်လည်း ဖမ်းဆီးခြင်း မရှိသေးကြောင်း၊ ယမန်နေ့ညက ညသပိတ် ဟုခေါင်းစဉ်တပ်၍ ပိုစတာကိုင် ဆန္ဒပြသရုပ်ဖော်ခဲ့သည်။ ဒေသခံများ၏ ပြောကြားချက်အရ အစ္စလာမ်ဘာသာဝင်ဖြစ်ပြီး မန္တလေး ပြည်ကြီးတံခွန် ၅၁လမ်း စိတ္တသုခကျောင်းတွင် နေထိုင်ကြောင်း၊ ဦးသိန်းစိန်လက်ထက်က မူးယစ်မှု့နဲ့ ထောင်ကျထားသူဖြစ်ကြောင်း၊ သူ့အကိုမှာလည်း မူးယစ်ရောင်းဝယ်ဖေါက်ကားပြီးမှ ချမ်းသာလာသူဖြစ်ကြောင်း၊ ဗုဒ္ဓစာပေများ သင်ကြားခြင်း၊ အားထုတ်ခြင်း မရှိပါပဲ မော်လမြိုင်က Than Lwin Times သတင်းမီဒီယာနှင့် ချိတ်ဆက်ပြီး သတင်းများ ဖန်တီးနေခြင်းဖြစ်ကြောင်း သိရသည်" (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    သတင်းအမှားရဲ့ အောက်ဆုံးမှာတော့ မဘသအဖွဲ့ရဲ့ အမာခံသတင်းဌာန ဖြစ်တဲ့ Myanmar National Post ဆိုပြီး Hash tag နဲ့ ရေးသားထားပါတယ်။ အဆိုပါ သတင်းအမှားကို အယ်မွှေးဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ ထပ်ဆင့်ဝေမျှသူ များစွာရှိနေပြီး ကူးယူဖော်ပြသူ များစွာလည်း ရှိနေပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

    သတင်းဆန်းစစ်ချက်

    အဲယ်မွှေးဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ တင်ထားတဲ့ မန္တလေးမြို့က သံဃာတော်ဟာ အစ္စလာမ် ဘာသာဝင်ဖြစ်တယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ စစ်ကောင်စီကို ဆန့်ကျင်တဲ့ သပိတ်တွေ နေ့ညမပြတ် ပြုလုပ်နေတဲ့အတွက် သတင်းအမှားဖြန့်ပြီး တိုက်ခိုက်ထားတာဖြစ်ကြောင်း တွေ့ရပါတယ်။

    အဆိုပါ သံဃာတော်ဟာ မန္တလေးမြို့က ဥူးအဂ္ဂဝံသ ဖြစ်ပြီး စစ်ကောင်စီက ပုဒ်မ ၅၀၅ နဲ့ ဖမ်းဝရမ်းထုတ်ခံထားသူ ဖြစ်ပြီး ပြည်ကြီးတန်ခွန်မှာ ညသပိတ်တွေ နေ့စဉ်မပြတ်ပြုလုပ်နေကာ စစ်ကောင်စီတပ်တွေက ဖမ်းဖို့ အကြိမ်ကြိမ်ကြိုးစားနေသူ ဖြစ်ပါတယ်။

    ဒီအကြောင်းအရာနဲ့ပတ်သက်လို့ Boom Myanmar က ဥူးအဂ္ဂဝံသထံဆက်သွယ်ခဲ့ရာမှာ အခုလိုမိန့်ပါတယ်။

    "ဒီလိုပဲအမြဲစွပ်စွဲနေကြပါဒကာတော်ရေ။ ဦးဇင်းဖခင်က အစ္စလာမ်ဘာသာကိုကိုးကွယ်တာမှန်ပါတယ် ဆုံးသွားတာတော့ကြာပါပြီ။ ဦးဇင်းရဲ့ မိခင်ကတော့ ဗုဒ္ဓဘာသာကို ကိုးကွယ်ပါတယ်။ ဦးဇင်းတို့ တစ်မိသားစုလုံး ဖခင်ကလွဲလို့ ဗုဒ္ဓဘာသာကို ကိုးကွယ်ခဲ့တာ ကြာခဲ့ပါပြီ။ ဦးဇင်းအကြောင်းကို Rise News မီဒီယာမှာရေးထားတာရှိပါတယ်"

    ဥူးအဂ္ဂဝံသဟာ NUG နဲ့ CRPH အဖွဲ့ဝင်တွေနဲ့လည်း စစ်ကောင်စီ ဆန့်ကျင်ရေး Online Zoom Meeting တွေမှာပါဝင်ဆွေးနွေးလေ့ရှိပါတယ်။ ဒါ့ကြောင့် မဘသအဖွဲ့ဝင်တွေက ၎င်းတို့ ပြုလုပ်နေကြ ပုံစံအတိုင်း ဘာသာရေး အသုံးချပြီး သွေးထိုးလှုံ့ဆော်ကာ သတင်းအမှားဖြန့်ထားတာ ဖြစ်ပါတယ်။

    Tags

    False newsMonkIslamreligiousCoupMilitaryသတင်းအတုစစ်ကောင်စီအစ္စလာမ်ဘာသာရေး
    Read Full Article
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!