BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဆရာဝန်ကြီးတစ်ဦးနဲ့...
သတင်းအတု

ဆရာဝန်ကြီးတစ်ဦးနဲ့ စေတနာ့ဝန်ထမ်းတစ်ဦးကွယ်လွန်တယ် ဆိုတဲ့သတင်းအမှား

လူမှုကွန်ရက်ပေါ်မှာ အောက်တိုဘာလ အစောပိုင်းက ဖြန့်ဝေခဲတဲ့ ရန်ကုန်ကို စေတနာ့ဝန်ထမ်း လာရောက်လုပ်ကိုင်ပေးတဲ့ အဆုတ်နဲ့ရင်ခေါင်းအထူးကုဆရာဝန်ကြီး တစ်ဦးနဲ့ ဆရာမတစ်ဦးကွယ်လွန် ဆိုတဲ့ သတင်းမှားတစ်ပုဒ်ကို ပြန်လည်ဖြန့်ဝေမှုတွေ ရှိလာပါတယ်။

By - Boom Live Myanmar |
Published -  25 Nov 2020 10:35 AM IST
  • ဆရာဝန်ကြီးတစ်ဦးနဲ့ စေတနာ့ဝန်ထမ်းတစ်ဦးကွယ်လွန်တယ် ဆိုတဲ့သတင်းအမှား

    ရန်ကုန်မှာ Volunteer လာရောက်လုပ်ကိုင်နေတဲ့ စဉ့်ကိုင်မြို့မှ အဆုတ်နဲ့ရင်ခေါင်းအထူးကုဆရာဝန်ကြီး ဒေါက်တာအောင်သက်ဇော် ဆိုသူနဲ့ မန္တလေးမှ ဆရာမတစ်ဦး ကွယ်လွန်ဆိုပြီး အောက်တိုဘာလတွင်းက ရေးသားဖြန့်ဝေခဲ့တဲ့ သတင်းမှားတစ်ပုဒ်ကို နိုဝင်ဘာ ၁၅ ရက်နေ့မှ စတင်ပြီး ပြန်လည်ဖြန့်ဝေလာတာ ဖြစ်ပါတယ်။

    ရေးသားဖြန့်ဝေရာမှာ တချို့က ရွေးကောက်ပွဲ အောင်ပွဲခံမှုတွေနဲ့ တွဲဖက်ရေးသားဖြန့်ဝေနေတာလည်း တွေ့ရပါတယ်။

    ရေးသားရာမှာ "အောင်ပွဲခံကြပါအုံးဗျာ။ ဒေါက်တာအောင်သက်ဇော် (၃၇)နှစ်။ စဉ့်ကိုင်ကနေ ရန်ကုန်ကို Volunteer လာတဲ့ အဆုတ်နဲ့ ရင်ခေါင်းအထူးကု ဆရာဝန်ကြီးနှင့် မန္တလေးမှ ရန်ကုန်သို့ Volunteer အဖြစ်သွားရောက်ကူညီတဲ့ ဆရာမတစ်ဦးကွယ်လွန်...။ ပျော်ပါးနေတဲ့သူတွေကိုကြည့်ပြီး ကျွန်တော်အားနာမိတယ် ခင်ဗျားတို့ကို။" ဆိုပြီး ရေးသားဖြန့်ဝေ နေတာပါ။

    ရေးသားဖြန့်ဝေနေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီသတင်းဟာ သတင်းမှားသာဖြစ်ပြီး အောက်တိုဘာလအတွင်း စတင်ဖြန့်ဝေချိန်ကပင် BOOM သတင်းဌာနက သတင်းဆန်းစစ်ချက် ပြုလုပ်ပြီး ဖြစ်ပါတယ်။


    အောက်တိုဘာလ ၆ ရက်နေ့က ဖော်ပြခဲ့တဲ့ BOOM ရဲ့ သတင်းဆန်းစစ်မှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    ဒီသတင်းမှားတွေနဲ့ ပါတ်သတ်ပြီး အောက်တိုဘာလ ၆ ရက်နေ့မှာ မန္တလေးဆေးတက္ကသိုလ်၊ ဆေးပညာဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာမောင်မောင်ဦးက ၎င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ မန္တလေးမှာ ရင်ခေါင်းအထူးကု အောင်သက်ဇော်ဆိုသူဆိုတာ မရှိကြောင်း ပိုစ့် နဲ့ မန္တလေးတိုင်းက ရီဝေနှင်းအမည်နဲ့ လုပ်အားပေးနေတဲ့ သူနာပြုဆိုတာလည်း လုံးဝမရှိကြောင်း တိုင်းကျန်းမာရေးဌာနက အတည်ပြုထားတယ်ဆိုတဲ့ ပိုစ့် နှစ်ခု ရေးသားထားပါတယ်။


    တွဲဖက်ပါမောက္ခ ဒေါက်တာမောင်မောင်ဦး ရေးသားထားမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    volunteer doctorvolunteer nurseCOVID-19Covid positiveအဆုတ်နဲ့ ရင်ခေါင်းအထူးကု
    Read Full Article
    Claim :   လူမှုကွန်ရက်ပေါ်မှာ အောက်တိုဘာလ အစောပိုင်းက ဖြန့်ဝေခဲတဲ့ ရန်ကုန်ကို စေတနာ့ဝန်ထမ်း လာရောက်လုပ်ကိုင်ပေးတဲ့ အဆုတ်နဲ့ရင်ခေါင်းအထူးကုဆရာဝန်ကြီး တစ်ဦးနဲ့ ဆရာမတစ်ဦးကွယ်လွန် ဆိုတဲ့ သတင်းမှားတစ်ပုဒ်ကို ပြန်လည်ဖြန့်ဝေမှုတွေ ရှိလာတဲ့အတွက် BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!