BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ထိုင်း နဲ့ ကမ္ဘောဒီးယား...
သတင်းအတု

ထိုင်း နဲ့ ကမ္ဘောဒီးယား တိုက်ခိုက်မှုအတွင်း ပြည်သူ သိန်းချီ သေဆုံးနေပြီဆိုတဲ့ သတင်းအမှား

လက်ရှိဖြစ်ပွားနေတဲ့ ထိုင်း နဲ့ ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအတွင်း ပြည်သူ သိန်းချီ သေဆုံးနေပြီဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  27 July 2025 10:23 PM IST
  • ထိုင်း နဲ့ ကမ္ဘောဒီးယား တိုက်ခိုက်မှုအတွင်း ပြည်သူ သိန်းချီ သေဆုံးနေပြီဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို Mandalay khitthit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇူလိုင် ၂၅ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'မြို့လယ်ခေါင်တွေ ထိကုန်ပြီ။ ထိုင်းနဲ့ ကမ္ဘောဒီးယား အရေးပေါ်။ ပြည်သူ သိန်းချီ သေဆုံးနေပြီး အများအပြား ဒဏ်ရာ။ တရုတ်လည်း ချက်ချင်းရောက်လာပြီ' လို့ ရေးသားထား တာပါ။

    ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ တစ်သိန်းကျော် ရှိနေပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ထိုင်း နဲ့ ကမ္ဘောဒီးယား တိုက်ခိုက်မှုအတွင်း ပြည်သူ သိန်းချီ သေဆုံးနေပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ People's Spring သတင်းဌာနမှာ ဇူလိုင် ၂၄ ရက်နေ့က ဖော်ပြထားတဲ့ 'ဆွေးနွေးညှိနှိုင်း ဖြေရှင်းကြဖို့ ထိုင်းနဲ့ ကမ္ဘောဒီးယားကို တရုတ်တိုက်တွန်း' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

    သတင်းထဲမှာ ပြဿနာကို ဆွေးနွေးညှိနှိုင်းမှု နည်းလမ်းတွေနဲ့ အဖြေရှာကြဖို့ ထိုင်းနဲ့ ကမ္ဘောဒီးယား အစိုးရတွေကို တရုတ်က တိုက်တွန်းလိုက်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ကောင်ကျိကွန်းက ဇူလိုင် ၂၄ ရက်နေ့မှာ ပြောကြားသွားတဲ့အကြောင်း ရေးသားထားတာပါ။

    ဒီသတင်းထဲမှာ တိုက်ခိုက်မှုအတွင်း ပြည်သူ သိန်းချီ သေဆုံးနေပြီဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

    People's Spring သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ဇူလိုင် ၂၆ ရက်နေ့အထိ ထုတ်ပြန်ချက်တွေအရ ထိုင်းနိုင်ငံဘက်က လူသေဆုံးမှု ၁၉ ယောက်အထိ ရှိလာပြီး ကမ္ဘောဒီးယားဘက်က စစ်သား ၅ ယောက်နဲ့ အရပ်သား ၈ ယောက် သေဆုံးခဲ့ပြီလို့ သိရပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Thai armyattack Thailandစစ်သတင်းစစ်ကြေငြာသတင်းတုသတင်းမှားFakenews
    Read Full Article
    Claim :   ထိုင်း နဲ့ ကမ္ဘောဒီးယား တိုက်ခိုက်မှုအတွင်း ပြည်သူ သိန်းချီ သေဆုံးနေပြီလို့ဆို
    Claimed By :  Unknown
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!