BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • DVB သတင်းတစ်ပုဒ်ကို သတင်းအမှားအဖြစ်...
သတင်းအတု

DVB သတင်းတစ်ပုဒ်ကို သတင်းအမှားအဖြစ် စွပ်စွဲဖြန့်ဝေ

DVB သတင်းဌာနမှာ ဖော်ပြထားတဲ့ စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ယင်းမာပင်က စစ်ရှောင်အမျိုးသမီး ၁ ဦး ကျည်ထိမှန်တယ်ဆိုတဲ့ သတင်းဟာ သတင်းအမှားဆိုပြီး စွပ်စွဲကာ ရေးသားဖြန့်ဝေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  26 Jan 2022 11:37 AM IST
  • DVB သတင်းတစ်ပုဒ်ကို သတင်းအမှားအဖြစ် စွပ်စွဲဖြန့်ဝေ

    ဒီစွပ်စွဲချက်တွေကို ဇန်နဝါရီ ၁၉ ရက် နေ့လည်ပိုင်းမှာ စတင်ပြီး စစ်တပ် ထောက်ခံတဲ့ အသိုင်းအဝိုင်းရဲ့ ဖေစ့်ဘွတ်ပေချ့်တွေနဲ့ အကောင့်တွေမှာ ရေးသားဖြန့်ဝေလာတာဖြစ်ပြီး DVB သတင်းကို Fact Check လုပ်တယ်လို့ဆိုကာ "ယင်းမာပင်တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် စစ်ရှောင်စခန်းရှိ အမျိုးသမီး ၁ ဦး ကျည်ထိမှန်ခဲ့တယ်ဆိုတဲ့ သတင်းကို DVB သတင်းမီဒီယာက ဖော်ပြထားကြောင်း၊ သတင်းအမှန်မှာ အဆိုပါနေရာတွင် စစ်ရှောင်စခန်း မရှိကြောင်း၊ ရဲယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်တဲ့အတွက် ယာဉ်ပေါ်ပါအဖွဲ့က သေနတ်တစ်ချက် ခြောက်လှန့် ပစ်ခတ်ခြင်းသာဖြစ်ကြောင်းနဲ့ လူထိခိုက်မှု မရှိကြောင်း" ရေးသားထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေရာမှာ ယင်းမာပင်တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် စစ်ရှောင်စခန်းရှိ အမျိုးသမီး ၁ ဦး ကျည်ထိမှန်ဆိုပြီး အဆိုပါနေရာမှာ စစ်ရှောင်စခန်းမရှိကြောင်း စွပ်စွဲရေးသားထားပါတယ်။ DVB သတင်းဌာနရဲ့ မူရင်းသတင်းမှာ စစ်ရှောင်အမျိုးသမီး ၁ ဦးလို့သာ ရေးသားထားပြီး စစ်ရှောင်စခန်းဆိုတာ မပါရှိပါဘူး။ မူရင်းသတင်းကို အောက်ပါပုံမှာ ကြည့်ပါ။


    သတင်းထဲမှာ ဇန်နဝါရီ ၁၈ ရက်မနက်ပိုင်းက စစ်​ကောင်စီတပ်ရဲ့ ရမ်းသမ်းပစ်ခတ်ခြင်း​ကြောင့် ထွက်ပြေးနေတဲ့ ​အပြစ်မဲ့ပြည်သူ အမျိုးသမီး ၁ ဦး ကျည်ထိမှန်ခဲ့ကြောင်းနဲ့ ကျည်ထိမှန်ခဲ့သူဟာ ကွေ့​ချောင်း​ကျေးရွာက ​ဒေါ်မနုဖြစ်ပြီး ​ပေါင် ၁ ချက်၊ ​ကျော ၁ ချက် ထိမှန်ခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။

    မူရင်းသတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့ ကိန်းဂဏန်းများအရ လူဦးရေ ၃၇၇,၈၀၀ ခန့်ဟာ မြန်မာနိုင်ငံအတွင်းမှာ တိုက်ပွဲရှောင်ထွက်ပြေးနေကြရပြီး လူဦးရေ ၂,၈၀၀ ခန့်ဟာ ထိုင်းနိုင်ငံအတွင်းက ယာယီစခန်းတွေမှာ နေထိုင်နေရတယ်လို့ ထုတ်ပြန်ထားပါတယ်။

    အာဏာသိမ်းပြီးနောက်ပိုင်းကစပြီး ဇန်နဝါရီလ ၃ ရက်နေ့ကိန်းဂဏန်းတွေအရ စစ်ကိုင်းတိုင်းအတွင်းမှာ ၁၀၃,၂၀၀ ခန့် တိုက်ပွဲရှောင် ထွက်ပြေးနေရတယ်လို့ ထုတ်ပြန်ထားပါတယ်။

    ထုတ်ပြန်ချက်တွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    Refugee CampRefugeesစစ်ရှောင်အမျိုးသမီးယင်းမာပင်Factcheckသတင်းမှားMilitary Coupmilitary force
    Read Full Article
    Claim :   DVB သတင်းဌာနမှာ ဖော်ပြထားတဲ့ ယင်းမာပင်က စစ်ရှောင်အမျိုးသမီး ၁ ဦး ကျည်ထိမှန်တယ်ဆိုတာ သတင်းမှားဖြစ်တယ်
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!