BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • တော်လှန်ရေးမအောင်ရင် အရှက်ရမယ်လို့...
သတင်းအတု

တော်လှန်ရေးမအောင်ရင် အရှက်ရမယ်လို့ မန်းဝင်းခိုင်သန်း မပြောထားပါ

အမျိုးသားညီညွတ်ရေးအစိုးရက တင်မြောက်ထားတဲ့ ဒုသမ္မတ မန်းဝင်းခိုင်းသန်း နာမည်အသုံးပြီး လက်ရှိတော်လှန်ရေးအား ၆ လအတွင်း အဆုံးသတ်ရန်နှင့် မအောင်မြင်ပါက အရှက်နှင့်သာရင်ဆိုင်ရမယ်လို့ လုပ်ကြံရေးသားထားတဲ့အကြောင်းအရတွေ ဒီရက်ပိုင်းထဲပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  30 Dec 2021 7:13 PM IST
  • တော်လှန်ရေးမအောင်ရင် အရှက်ရမယ်လို့ မန်းဝင်းခိုင်သန်း မပြောထားပါ

    ဒီအကြောင်းအရာကို ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ ဖေ့စ်ဘွတ်အကောင့်တွေ ပေ့ချ်တွေကနေ တဆင့် ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းစာဖြတ်ပိုင်းပါ သတင်းပုံစံဖန်တီးထားပါတယ်။ ၎င်းသတင်းရဲ့ ခေါင်းစဉ်မှာ "တော်လှန်ရေးအား လာမည့် ၆ လအတွင်း အောင်မြင်စွာ အဆုံးသတ်ရန်နှင့် မအောင်မြင်ပါက အရှက်နှင့်သာ ရင်ဆိုင်ရနိုင်ကြောင်း မန်းဝင်းခိုင်သန်းပြော" လို့ ရေးသားထားတာဖြစ်ပါတယ်။

    ၎င်းသတင်းအမှားရဲ့ အတွင်းမှာ "အောက်တိုဘာလ ၁၉ ရက်က ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပုံမှန်အစည်းအဝေး (၂၈/၂၀၂၁) တွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ယူလာခဲ့ကြတာ ၆ လ ရှိသွားပြီ မယ်မယ်ရရ ဘာမှ မလုပ်နိုင်ကြဘူး။ အလှူခံငွေတွေ မျှော်ကိုးနေလို့ မရဘူး။ မိမိတို့ ဝန်ကြီးဌာနများရဲ့ လုပ်နိုင်စွမ်းတွေကို ပြန်လည်သုံးသပ်ကြပြီး လိုအပ်ချက်ရှိတဲ့ အပိုင်းတွေ ပြင်ဆင်ကြဖို့လိုကြောင်း နောက် ၃ လ အတွင်း ဘာတွေအောင်မြင်အောင် လုပ်ကြမလဲ ပြင်ဆင်ကြဖို့ လိုအပ်ကြောင်း၊ နောက် ၆ လ ဆိုရင် ဒီတော်လှန်ရေးကို ဘယ်လိုအဆုံးသတ်ကြမလဲ ကျွန်တော်တို့လဲ အတော်လေးပင်ပန်းနေကြပြီ၊ အဆုံးသတ်မှာ မအောင်မြင်ရင် အရှုံးနဲ့ အရှက်နဲ့သာ ရင်ဆိုင်ရနိုင်ကြောင်း ပြည်တွင်းမှာလည်း PDF များ အကျအဆုံးများနေ၍ ပြန်လည်သုံးသပ်ရန် မှာကြားခဲ့ပါတယ်" (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    သတင်းဆန်းစစ်ချက်

    NUG အစိုးရရဲ့ ဒုသမ္မတ မန်းဝင်းခိုင်သန်းက တော်လှန်ရေးက ၆ လ အတွင်းမအောင်မြင်ရင် ရှက်စရာ ကောင်းကြောင်း၊ အလှူငွေတွေ မျှော်ကိုးနေရပြီး PDF များစွာ ကျဆုံးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပုံမှန်အစည်းအဝေး (၂၈/၂၀၂၁) မှာ ပြောထားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားဖြစ်ကြောင်း တွေ့ရပါတယ်။

    ဖြန့်ဝေမှုထဲမှာ ရည်ညွှန်းထားတဲ့ အဆိုပါ (၂၈/၂၀၂၁) အစည်းအဝေးမှာ ယာယီသမ္မတက စစ်ကောင်စီ နဲ့ စစ်ဗိုလ်တွေရဲ့ မတရားကြီးပွားနေတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ဝင်ငွေတွေကို ထိရောက်စွာပိတ်ဆို့ နိုင်ဖို့ အရေးကြီးကြောင်း၊ အမျိုးသားညီညွတ်ရေး အစိုးရသက်တမ်း ၆ လတာ အတွင်း အောင်မြင်မှု၊ ကျဆုံးမှု၊ စိန်ခေါ်မှုတွေကို သုံးသပ်ပြီး တော်လှန်ရေးအောင်မြင်ဖို့ ကြိုးပမ်းပြင်ဆင်သွားဖို့ လိုကြောင်း၊ တော်လှန်ရေးအတွက် အားတက်စရာ သတင်းတွေ ကြားနေရကြောင်း၊ ကျန်တဲ့ အခက်အခဲတွေကိုလည်း ပိုမိုအားစိုက်ပြီး ဖြေရှင်းဖို့ ကြိုးစားသွားမယ် ဖြစ်ကြောင်းစတဲ့အချက်တွေကိုသာ ပြောထားတာ ဖြစ်ပါတယ်။

    အောက်တိုဘာလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပုံမှန်အစည်းအဝေး (၂၈/၂၀၂၁) မှာ ဆွေးနွေးပြောကြားခဲ့တဲ့ အကြောင်းအရာတွေကို ဒီမှာ ကြည့်ပါ။ဒီအကြောင်းအရာတွေဟာ အွန်လိုင်းသတင်းဌာနတချို့မှာသာတင်ဆက်ခဲ့တာဖြစ်ပြီး ဖြန့်ဝေမှုတွေမှာပါဝင်သလို သတင်းစာ စာမျက်နှာတွေပေါ်မှာရေးသားခဲ့တဲ့ သတင်းမျိုးမရှိခဲ့ပါဘူး။ အဲ့ဒီအပြင် ပုံမှာမြင်တွေ့ရတဲ့ သတင်းမျိုး ပြောဆိုမှုမျိုးကိုလည်း ထုတ်ပြန်ပြောဆိုထားခြင်းမရှိခဲ့ပါဘူး။

    သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်းမရှိတဲ့ အကောင့်တုတွေ ဖြစ်ကြောင်းတွေ့ရပြီး အဲ့ဒီအကောင့်တွေမှာဘာသာရေးသွေးထိုးလှုံ့ဆော်တဲ့ သတင်းအမှားတွေ၊ စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ သတင်းတွေ၊ NUG ၊ CRPH နဲ့ PDF တွေကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ ဆက်တိုက်တင်နေတာကို တွေ့ရပါတယ်။


    Tags

    False newsNUGVice PresidentCRPHCoupPDFMilitaryသတင်းအမှားစစ်ကောင်စီအာဏာသိမ်း
    Read Full Article
    Claim :   တော်လှန်ရေးအား လာမည့် ၆ လအတွင်း အောင်မြင်စွာ အဆုံးသတ်ရန်နှင့် မအောင်မြင်ပါက အရှက်နှင့်သာ ရင်ဆိုင်ရနိုင်ကြောင်း မန်းဝင်းခိုင်သန်းပြော
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!