BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ရန်ကုန်တိုင်း ဝန်ကြီးချုပ်နဲ့...
      သတင်းအတု

      ရန်ကုန်တိုင်း ဝန်ကြီးချုပ်နဲ့ ပတ်သက်တဲ့ သတင်းအမှား

      ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ပတ်သက်တဲ့ သတင်းအမှား တချို့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ပျံနှံ့နေပါတယ်။

      By - Boom Live Myanmar |
      Published -  21 April 2020 9:02 PM IST
    • ရန်ကုန်တိုင်း ဝန်ကြီးချုပ်နဲ့ ပတ်သက်တဲ့ သတင်းအမှား

      ဒီသတင်း အမှားတွေကို တွေကို ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ ရေးသားနေတာ ရှိလို အကောင့်အစစ်တွေနဲ့ ရေးသားခဲ့သူတွေလည်း ရှိပါတယ်။

      ပထမ သတင်းအမှား တစ်ခုကို Saw Khun Shwe ဆိုတဲ့ ဖေ့စ်ဘွတ် အကောင့်က ဧပြီလ ၂ဝ ရက်နေ့ ည ၁၁ နာရီ ၁၉ မိနစ်မှာ ရေးတင်ခဲ့တာ ဖြစ်ပါတယ်။ ဒီ သတင်းအမှားထဲမှာ "ဖြိုးမင်းသိန်းအား ဝန်ကြီးချုပ်အဖြစ်မှ ရုတ်သိမ်းလိုက်သည်" လို့ ရေးသားထားပါတယ်။ ဒီသတင်းအမှားကို ဧပြီလ ၂၁ ရက်ညအထိ တဆင့်ပြန်လည်ဝေမျှနေသူ ၉ဝဝ နီးပါး ရှိနေပါတယ်။

      နောက်ထပ်သတင်းအမှားတစ်ခုကို Yea Chan ဆိုတဲ့ facebook အကောင့်က ဧပြီလ ၂၁ ရက်နေ့မှာ ရေးတင်ခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းအမှားထဲမှာ "ဗိုလ်မှူးကြီး တင်အောင်ထွန်းက ရန်ကုန်တိုင်း ခေတ္တဝန်ကြီးချုပ်ဆိုတော့ ကွီးဖြိုးက ကိုဗစ်ကိုက်သွားတာလား ဒါမှမဟုတ် ဖြုတ်ထုတ်သတ်လား?" လို့ ရေးသားခဲ့ပါတယ်။ သိပ်မကြာခင်မှာ Yea Chan အကောင့်ပိုင်ရှင်ဟာ ၎င်းရဲ့ ဖေ့စ်ဘွတ်ပိုစ့်ကို ပြန်ဖြုတ်ချခဲ့ပါတယ်။


      သတင်းဆန်းစစ်ချက်

      ဒီ သတင်းအမှားတွေကို ဆန်းစစ်ဖို့ Boom Myanmar က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း နဲ့ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ် တို့ကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

      ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ပက်သက်တဲ့ သတင်းတွေဟာ သတင်းအမှားတွေသာ ဖြစ်တယ်လို့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက Boom Myanmar ကို အတည်ပြု ပြောကြားပါတယ်။

      ဒီကောလဟာလတွေနဲ့ ပက်သက်ပြီး "ကျွန်တော်တို့ ပြည်ထောင်စုဘက်မှာ ကောလဟာလတွေနဲ့ ပက်သက်ပြီး ညွှန်ကြားချက်ရှိတယ်။ ကျွန်တော်တို့က သတင်းအမှား ဖြန့်ချီတဲ့သူတွေကို အရေးယူ ဆောင်ရွက်ဖို့ ဆိုပြီးတော့ တာဝန်ပေးထားတာတွေရှိတယ်။ သတင်းအမှားတင်တဲ့သူတွေကို အရေးယူသွားမှာပါ" လို့ ဦးနိုင်ငံလင်းက ပြောပါတယ်။

      တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ် ကလည်း ရန်ကုန်တိုင်းဝန်ကြီးချုပ်နေရာမှာ ဗိုလ်မှူးကြီး တင်အောင်ထွန်း ကို ခေတ္တဝန်ကြီးချုပ် ခန့်အပ်မယ်ဆိုဟာ သတင်းအမှားသာ ဖြစ်တယ်လို့ Boom Myanmar ကို အတည်ပြု ပြောကြားပါတယ်။

      ဒီသတင်းတွေနဲ့ ပက်သက်ပြီးတော့လည်း "သူတို့ရေးသားပုံ အရကလည်း မှားနေတယ်။ ဆိုလိုတာကအခုလက်ရှိက တာဝန်ထမ်းဆောင်နေတဲ့ နယ်လုံဝန်ကြီးက ဦးအောင်စိုးမိုးလေ။ သူတို့ပြောတဲ့ ဗိုလ်မှူးကြီး တင်အောင်ထွန်း ဆိုတာ မဟုတ်ဘူးလေ။ သူက ရှိလည်း မရှိတော့ဘူးအနားယူသွားပြီ" လို့ ဦးနေဘုန်းလတ်က ဆိုပါတယ်။

      ကောလဟာလတွေနဲ့ ပတ်သက်ပြီးတော့လည်း "ဒီအချိန်ကတော့ သိတဲ့အတိုင်းပဲ။ စီးပွားရေးအရ ဖြစ်ဖြစ်၊ နိုင်ငံရေးအရ ဖြစ်ဖြစ် အမြတ်ထုတ်ချင်နေတဲ့ သူတွေကလည်း ရှိတာပဲလေ။ ပြည်သူတွေက အဲ့ဒါကို သေချာ ဂရုစိုက်ပြီးတော့ မှန်ကန်တဲ့ သတင်း Source ကနေ ထွတ်လာတဲ့ သတင်းကိုပဲ ယုံကြည်ရမှာပေါ့။ နောက်ပြီး ဒီလိုသတင်းဆိုတာက ဝန်ကြီးချုပ်လဲတယ်၊ ပြောင်းတယ်ဆိုတဲ့ ကိစ္စကြီးက လွယ်လွယ်ကူကူလည်း လုပ်လို့ မရဘူးလေ။ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်မှ တိုင်းဒေသကြီးရဲ့ ဝန်ကြီးချုပ် ဖြစ်ရမှာလေ။ ဆိုလိုတာက ဥပဒေအရလည်း ဒါကြီးက မှားနေတာပေါ့။ တစ်ခါတော့ ရှိဖူးတာပေါ့။ ဝန်ကြီးချုပ် နိုင်ငံခြား သွားလို့ နယ်လုံဝန်ကြီးက ခဏ တာဝန်ယူတယ်ဆိုတာတော့ ရှိဖူးတာပေါ့။ ဒါပေမယ့်လည်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဖြစ်ဖို့ဆိုရင်တော့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်ရမှာပေါ့။" လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

      ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်း ၎င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ပေါ်မှာ သတင်းအမှားကို ဖြေရှင်းထားတဲ့ ပိုစ့်တစ်ခုကို ထပ်ဆင့်မျှဝေထားပြီး ကျေးဇူးတင်ကြောင်း ရေးသားထားပါတယ်။



      Tags

      False NewsYangon Region GovernmentFake news
      Read Full Article
      Claim :   ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ ပက်သက်တဲ့ သတင်းအမှားတွေကို Boom Myanmar က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း နဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ် ကို ဆက်သွယ်မေးမြန်းပြီး သတင်းဆန်းစစ်ထားပါတယ်။
      Claimed By :  Facebook
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!