BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • CDM ရဲမေ ၂ ဦး...
သတင်းအတု

CDM ရဲမေ ၂ ဦး အဓမ္မပြုကျင့်ခံရတယ်ဆိုတဲ့သတင်းအမှား

By - Boom Live Myanmar |
Published -  23 Oct 2021 9:35 PM IST
  • CDM ရဲမေ ၂ ဦး အဓမ္မပြုကျင့်ခံရတယ်ဆိုတဲ့သတင်းအမှား

    အဆိုပါ သတင်းအမှားကို Hlalaysein ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က အောက်တိုဘာလ ၂၂ ရက်နေ့ ညနေ ၄ နာရီ ၁၄ မိနစ်မှာ ရေးတင်ခဲ့တာဖြစ်ပြီး ၎င်း သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "ချင်းပြည်နယ်တွင် CDM ပြုလုပ်သူ ရဲမေ(၂)ဦး အား အကြမ်းဖက်အဖွဲ့များက သူလျှိုဟုဆိုကာ အုပ်စုလိုက်ဝိုင်းပြီး မုဒိမ်းကျင့်" လို့ ရေးသားထားပါတယ်။

    သတင်းအမှားရဲ့ အတွင်းမှာတော့ ချင်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ လ၂၇၇၅၉၇ ဒုရဲအုပ် ထာချင်းဆုန် နှင့် ဟားခါးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ လ၂၄၂၃၃၆ တပ်ကြပ်ဒါရ်ဗန်းတို့ဟာ စက်တင်ဘာ (၁၈)ရက်က CDM မှာပါဝင်ပြီး CDF အကြမ်းဖက်အဖွဲ့ဝင်များမှ သူလျှိုဆိုပြီး အုပ်စုလိုက် ကြိမ်ဖန်များစွာ ဝိုင်းပြီး မုဒိမ်းကျင့်တာ ခံလိုက်ရကြောင်း ပြန်လည်ထွက်ပြေးလာသူတစ်ဦးထံမှ သိရသည်" (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာကြည့်ပါ။ အဆိုပါ သတင်းအမှားကို ကူးယူဖော်ပြသူ များစွာနဲ့ ထပ်ဆင့်ဝေမျှသူများစွာ ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    ချင်းပြည်နယ် ဟားခါးခရိုင်က ရဲမေ ၂ ဦးနဲ့ ပတ်သက်ပြီး သတင်းအမှားဖြန့်ထားတာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ CDM ပြုလုပ်ထားသူတွေကို တိုက်ခိုက်ဖို့ ဖြန့်ဝေထားတဲ့ သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

    ၎င်းတို့ သတင်းအမှားဖြန့်ထားတဲ့ ရဲမေ ၂ ဦးဟာ စက်တင်ဘာလ ၁၈ ရက်နေ့က CDM လှုပ်ရှားမှုမှာ ပါဝင်လာတဲ့ ချင်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ လ၂၇၇၅၉၇ ဒုရဲအုပ် ထာချင်းဆုန် နဲ့ ဟားခါးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ လ၂၄၂၃၃၆ တပ်ကြပ်ဒါရ်ဗန်းတို့ရဲ့ ဓါတ်ပုံတွေ ဖြစ်ပြီး ၎င်းတို့အကြောင်းကို ချင်းပြည်နယ် အခြေစိုက် သတင်းဌာန ဖြစ်တဲ့ Zalen မီဒီယာမှာ အောက်တိုဘာလ ၂၁ ရက်နေ့ ဖော်ပြခဲ့ပါတယ်။ ဒီဓါတ်ပုံတွေကိုပဲ စစ်ကောင်စီ ထောက်ခံသူတွေက ပြန်လည်အသုံးပြုပြီး သတင်းအမှား ပြန်ဖြန့်ထားတာ ဖြစ်ပါတယ်။

    သတင်းအမှားဖြန့်ဖြူးသူတွေရေးသားထားတဲ့ဖြစ်စဉ်ဟာ အမှန်တကယ်ဖြစ်ပျက်ခဲ့ခြင်းမရှိသလို CDM ဝင်ကြတဲ့ရဲမေအမျိုးသမီးတွေရဲ့ပုံကိုကူးယူပြီး လုပ်ကြံဖြန့်ဝေထားတာမျိုးသာဖြစ်ပါတယ်။

    Zalen မီဒီယာက ဖော်ပြထားတဲ့ သတင်းကို ဒီ link မှာ ဖတ်ပါ။




    Tags

    False newsCDMCoupPDFMilitaryသတင်းအတုချင်းပြည်နယ်
    Read Full Article
    Claim :   ချင်းပြည်နယ် ဟားခါးခရိုင်က ရဲမေ ၂ ဦးကိုအကြမ်းဖက်အဓမ္မပြုကျင့်တယ်ဆိုတဲ့အကြောင်းအရာဟာ သတင်းအမှားသာဖြစ်ပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!