BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒေါ်ခင်ကြည်ကို...
သတင်းအတု

ဒေါ်ခင်ကြည်ကို ဘာသာခြားအဖြစ်ပုတ်ခတ်တဲ့ သတင်းအမှား

လူမှုကွန်ယက် အသုံးပြုသူတွေကြားမှာ NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိခင်ဘက်က မျိုးရိုးတစ်ခုလုံးရဲ့ ကိုးကွယ်တဲ့ ဘာသာနဲ့ ပတ်သက်ပြီး ဖြန့်ဝေထားတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  31 Oct 2020 12:46 PM IST
  • ဒေါ်ခင်ကြည်ကို ဘာသာခြားအဖြစ်ပုတ်ခတ်တဲ့ သတင်းအမှား

    အဆိုပါ သတင်းဟာ ၂၀၁၉ ခုနှစ်က ထွက်ပေါ်ခဲ့တဲ့ သတင်းတစ်ပုဒ် ဖြစ်ပြီး အခု ရွေးကောက်ပွဲ နီးကပ်လာချိန် တကျော့ပြန် ဝေမျှလာတာကို တွေ့ရပါတယ်။ အဲ့ဒီ သတင်းအမှားကို ၂၀၁၉ ခုနှစ် ဇွန်လ ၁၄ ရက်နေ့က Nay Zaw Aung ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ရေးသားဖြန့်ဝေခဲ့တာ ဖြစ်ပြီး ၂၀၂၀ အောက်တိုဘာလ ၂၀ ရက်နေ့မှာ စစ်တမန် ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ပြန်တင်ထားတာကို တွေ့ရပါတယ်။

    အဆိုပါ သတင်းအမှားထဲမှာ "ဒေါ်ခင်ကြည်ဟာ(ကုလား+ကရင်ကပြား) မြောင်းမြသူ အဖ ဦးမိုးညှင်း (မာမွတ်စူလတန်) မွတ်ဆလင်(ကုလား) အမိ ဒေါ်ဖွားစု ကရင်" စသည်ဖြင့် ထည့်သွင်းရေးသားထားပြီး ရုန့်ရင်းကြမ်းတမ်းတဲ့ စကားလုံးအသုံးအနှုန်းတွေထည့်သွင်းရေးသားထားပါတယ်။

    အဲ့ဒီ အကြောင်းအရာထဲမှာ ဒေါ်ခင်ကြည်ရဲ့ ကိုယ်ရေးအကျဉ်းကို အနည်းငယ်ဖော်ပြထားပြီး ပုဂ္ဂိုလ်ရေးအပုပ်ချ တိုက်ခိုက်မှုတွေ လည်း ထည့်သွင်းရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာ ကြည့်ပါ။

    သတင်းဆန်းစစ်ချက်

    ဒေါ်ခင်ကြည်ရဲ့ ကိုးကွယ်ရာ ဘာသာ၊ မိသားစုမျိုးရိုးနဲ့ ပတ်သက်ပြီး ရေးသားထားတဲ့ အကြောင်းအရာတွေကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ နိုင်ငံရေး အမြတ်ထုတ်ဖို့ ဝါဒဖြန့်ချိထားတာဖြစ်ကြောင်းတွေ့ရပါတယ်။

    ဒေါ်ခင်ကြည်ကို ဧရာဝတီတိုင်း မြောင်းမြမြို့မှာ ဦးဘိုးငြိမ်း၊ ဒေါ်ဖွားစုတို့က ၁၉၁၂ ခုနှစ် ဧပြီလ ၁၆ ရက်နေ့မှာမွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ယခင်ကလည်း ဒေါ်ခင်ကြည်ဟာ ကရင်လူမျိုး ခရိယာန်ဘာသာဝင်လို့ ကောလဟာလတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ တကယ်တော့ ဒေါ်ခင်ကြည် ဗမာလူမျိုးဖြစ်ပြီး ဗုဒ္ဓဘာသာကို သက်ဝင်ကိုးကွယ်ယုံကြည်သူ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဒေါ်ခင်ကြည်ရဲ့ ဖခင်ဟာ ခရစ်ယာန်ဘာသာကို ကူးပြောင်းသွားပြီး မိခင်ဖြစ်သူကတော့ ဗုဒ္ဓဘာသာကို စွဲမြဲခိုင်မာစွာ ကိုးကွယ်ခဲ့သူဖြစ်ပါတယ်။

    ဒီလိုရေးသားဖြန့်ဝေထားတာနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က "အဲ့ဒီကိစ္စက ရာဇဝင်အကြောင်းလေးပါ ထည့်ပြောမယ်။ အဲ့ဒါက ဒေါ်ခင်ကြည်ကို ဗိုလ်ချုပ်ကတော်ပေါ့လေ .. ဒေါ်ခင်ကြည်ကို ခရစ်ယာန်ဘာသာဝင် ဖြစ်တယ်ဆိုပြီး တိုက်ခိုက်နေတာ ကြာပြီ။ ဥပမာ ဆိုပါစို့ ဒေါ်ခင်ကြည်ရဲ့ ဈာပနမှာ ခရစ်ယာန်လိုလည်း ကျင်းပတယ်။ ဗမာလိုလည်း သရဏဂုံ တင်တယ်ပေါ့ဗျာ အဲ့ဒါမျိုးတွေကအစ ပြောတာမျိုးတွေရှိတယ်။ အဲ့ဒါတွေ ဘယ်လောက်ထိတောင် ပြောလဲ ဆိုရင် ကျွန်တော်မှတ်မိတယ်။ ဗိုလ်ချုပ်မှူးကြီးစောမောင် တောင်မှ အဲ့ဒါမျိုး ပြောခဲ့ဖူးတယ်နော်။ သူကတော့ မေးခွန်းထုတ်ထားတာပေါ့။ ခင်ဗျားတို့ သိကြရဲ့လား ဒေါ်ခင်ကြည်ရဲ့ ဈာပနမှာ ခရစ်ယာန်လိုက တစ်မျိုး ဗုဒ္ဓဘာသာလို တစ်မျိုး လုပ်တယ်ဆိုတာ သိကြရဲ့လား ဆိုပြီး သူ့မိန့်ခွန်းတစ်ခုထဲမှာ ကျွန်တော်တွေ့ရတယ်။ ကျွန်တော်တို့ကလည်း ဒါတွေကို ဖြေရှင်းကြရတာပေါ့ဗျာ။ ဖြေရှင်းကြပြီးတော့ ဒေါ်ခင်ကြည်ရဲ့ မျိုးရိုးတွေကို လိုက်တဲ့အခါကျတော့ အဲ့ဒါတွေက မဟုတ်ပါဘူး။ သူ့ရဲ့ အဖေကတော့ ခရစ်ယာန် ဟုတ်တယ်။ ဒါပေမယ့် ဒေါ်ခင်ကြည်က ခရစ်ယာန် မဟုတ်ဘူး။ အဲ့ဒီလို ကျွန်တော်တို့ လိုက်ခဲ့ဖူးတယ်။ အခုကျတော့ ခရစ်ယာန်တင် မကတော့ဘူး မွတ်စလင်ပါ ထည့်ထားတော့ ခါတော်မီဖြစ်အောင် လုပ်ထားတာပေါ့ဗျာ။ အဲ့ဒါတွေက လုံးဝ မဟုတ်ဘူးလို့ပဲ ကျွန်တော်တော့ ပြောချင်ပါတယ်" လို့ Boom Myanmar ကို ပြောပါတယ်။


    ဒေါ်ခင်ကြည်ဟာ မြန်မာနိုင်ငံမှာ လူသိများသူ တစ်ဦးဖြစ်ပြီး သူမရဲ့ အတ္ထုပ္ပတ္တိစာအုပ်တွေ ကိုယ်ရေးအကျဉ်းတွေဟာ အလွယ်တကူ ရှာဖွေလို့ ရနိုင်ပါတယ်။ ဒါ့အပြင် ဒေါ်ခင်ကြည်အကြောင်းကို အလွယ်တကူရှာဖွေဖတ်ရှုချင်ရင်တော့ ဝီကီပီးဒီးယားမှာ မြန်မာ-အင်္ဂလိပ် နှစ်ဘာသာနဲ့ဖတ်ရှုနိုင်ပြီး Wiki မှာ ဒေါ်ခင်ကြည်နဲ့ပတ်သက်တဲ့ အချက်အလက်ဖြည့်သွင်းမှုတွေဟာလည်း မှန်ကန်နီးစပ်မှုရှိပါတယ်။

    ဒီသတင်းအမှား တင်ခဲ့တဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို Boom Myanmar က ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ NLD ပါတီကို တိုက်ခိုက်တဲ့ သတင်းတွေ မကြာခဏတင်နေပြီး USDP ပါတီကို ထောက်ခံအားပေးတဲ့ ရေးသားမှုတွေ ပြုလုပ်နေတာကို တွေ့ရပါတယ်။

    Tags

    False newsreligiousDaw Khin KyiChristianMuslimဒေါ်ခင်ကြည်ဘာသာခြားသတင်းအမှာ
    Read Full Article
    Claim :   ဒေါ်ခင်ကြည်ရဲ့ ကိုးကွယ်ရာ ဘာသာ၊ မိသားစုမျိုးရိုးနဲ့ ပတ်သက်ပြီး ရေးသားထားတဲ့ အကြောင်းအရာတွေကို Boom Myanmar က အချက်အလက် စစ်ဆေး ထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!