BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်တပ်ထောက်ခံသူတွေဖြန့်တဲ့ NLD...
သတင်းအတု

စစ်တပ်ထောက်ခံသူတွေဖြန့်တဲ့ NLD နဲ့ပတ်သက်တဲ့ သတင်းအမှားများ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ပတ်သက်ပြီးအချက်အလက်အမှားတွေကို ရောနှောဖြန့်ဝေထားတဲ့အကြောင်းအရာတွေကို စစ်တပ်ထောက်ခံတဲ့အကောင့်တချို့က ဒီရက်ထဲဖြန့်ဝေခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  26 Oct 2021 8:03 PM IST
  • စစ်တပ်ထောက်ခံသူတွေဖြန့်တဲ့ NLD နဲ့ပတ်သက်တဲ့ သတင်းအမှားများ

    အဆိုပါ အကြောင်းအရာကို စက်တင်ဘာလ ၂၉ ရက်နေ့ ည ၉ နာရီ ၄၄ မိနစ်မှာ Ma Hnin Si ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ရေးတင်ခဲ့တာ ဖြစ်ပြီး သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "ကမ္ဘာသို့ ချပြတော့မည့်သတင်းများထဲမှတချို့" လို့ ရေးသားထားပါတယ်။

    ၎င်း သတင်းအမှားရဲ့ အတွင်းမှာတော့

    "OIC ငွေလက်ခံမှု
    ( ဖြိုးမင်းသိန်း ရဲမင်းဦးတို့ ဖွင့်ဟချက် )
    ( ဦးဋ္ဌေးအောင်ရဲ့ ထွက်ဆိုချက် )
    MAX ဦးဇော်ဋ္ဌေး ဧရာဝတီဘဏ်သို့ ( ၂၀ )ဘီလီယံ OIC မှ ပေးပို့ထားမှု၊
    ရွှေတိဂုံ ဘုရားဖူးခွင့်ပိတ်ပြီး ရွှေပြား တန် ( ၄၀ ) ခိုးပြီး တန် ( ၂၀ ) သာ ပြန်ကပ်ထားမှု
    ( သာ / ဝန် အောင်ကို ဖော်ထုတ် ဝန်ခံ )
    တနင်္သာရီတိုင်း ဆလုံကျွန်းများကို အင်္ဂလန်ပုလဲကုမ္ပဏီများသို့ လျို့ဝှက်စွာ ရောင်းချခဲ့မှု
    ( တနင်္သာရီ ဝကခ ပြုတ် လဲ့လဲ့မော် ဖော်ထုတ်" (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားကာ ပြင်ဦးလွင် အနီး မြေဧက (၇၀) ကျော်ကို ဒေါ်အောင်ဆန်းစုကြည် တစ်ဦးထဲက ရောင်းစားခဲ့ကြောင်း၊ ဦးသိန်းစိန် အစိုးရလက်ထက် လွဲခဲ့သော ရွှေစင်မက်ထရစ် (၇) တန်ကို ဘင်္ဂလီ (မူရင်းဖော်ပြချက်အတိုင်း) များအတွက် အိမ်ယာ ဆောက်လုပ်ပေးခဲ့ကြောင်း လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ထွက်ဆိုခဲ့ကြောင်းစတာတွေ ရေးသားထားပါတယ်။

    မူရင်း ဖော်ပြမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို like လုပ်ထားသူ ၁၁၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၇၀၀ နီးပါးရှိကာ ကူးယူဖော်ပြသူပေါင်းများစွာလည်း ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    NLD ပါတီဟာ OIC ထံက ပိုက်ဆံတွေ ယူထားတယ်ဆိုတဲ့အချက်အပြင် အခြားသောအချက်အလက်မခိုင်လုံတဲ့အချက်တွေကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝါဒဖြန့်ထားအချက်အလက်အမှားတွေကို ထည့်သွင်းဖြန့်ဝေထားတာ တွေ့ရပါတယ်။

    သတင်းအမှားထဲမှာ NLD ပါတီက OIC ထံက ငွေတွေ လက်ခံခဲ့တယ်လို့ ဦးဖြိုးမင်းသိန်းထဲက ဝန်ခံထားတယ်လို့ ရေးထားပေမယ့် ဦးဖြိုးမင်းသိန်း ထွက်ဆိုချက်ထဲမှာ OIC နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ ထွက်ဆိုထားတာမရှိတဲ့အပြင် NLD ပါတီနဲ့ OIC ငွေကြေး ပတ်သက်တယ်ဆိုတဲ့အခြေအနေတွေလည်းမရှိခဲ့ပါဘူး။

    ဒါ့အပြင် ရွှေတိဂုံဘုရားက ရွှေပြားတန် ၄၀ ခိုးထားတယ်လို့ သာသနာရေးရာဝန်ကြီး သူရဦးအောင်ကိုက ဝန်ခံခဲ့တယ်လို့ သတင်းအမှားဖြန့်ထားပေမယ့် NLD ပါတီက ရွှေတိဂုံဘုရားက ရွှေတွေ ခွါယူထားတဲ့ အထောက်အထား လုံးဝ မရှိသလို သူရဦးအောင်ကိုကလည်း ၎င်းတို့ ရေးထားသလို ပြောဆိုထားခြင်း မရှိပါဘူး။

    လက်ရှိရေးသားဖြန့်ဝေတဲ့အကြောင်းအရာတွေထဲမှာ ဦးသိန်းစိန် ထားခဲ့တဲ့ ရွှေမက်ဒရစ်တန်ချိန် (၇) တန်ကို ဒေါ်ခင်ကြည်ဖောင်ဒေရှင်း ကို လွဲပြောင်းပေးပြီး ရခိုင်ပြည်နယ်က မွတ်စလင် ဒုက္ခသည်တွေကို အိမ်ယာဆောက်ပေးကြောင်း ဒေါက်တာဝင်းမြတ်အေး ဝန်ခံထားတယ်လို့ ရေးထားပေမယ့် ဒေါက်တာဝင်းမြတ်အေး ဟာ ဖမ်းဆီးခံထားရခြင်း မရှိသလို ဝန်ခံထွက်ဆိုထားခြင်းလည်း မရှိပါဘူး။

    Tags

    false newsNUGNLDCoupMilitaryသတင်းအတု
    Read Full Article
    Claim :   NLD ပါတီဟာ OIC ထံက ပိုက်ဆံတွေ ယူထားတဲ့အပြင် ရွှေတိဂုံဘုရားက ရွှေတန်ချိန်များစွာ ခွါထားတယ် ဆိုတဲ့ အကြောင်းအရာတွေကို စစ်တပ်ထောက်ခံသူတွေက လုပ်ကြံဖြန့်ဝေထားကြပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!