BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • သမ္မတနဲ့...
      သတင်းအတု

      သမ္မတနဲ့ ဒုသမ္မတနေရာများအတွက်မှားယွင်းရေးသားထားတဲ့ အကြောင်းအရာ

      လူမှုကွန်ယက်ပေါ်မှာ ဒုတိယသမ္မတရာထူးအတွက် NLD ပါတီက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ကမ်းလှမ်းခဲ့တယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

      By - Boom Live Myanmar |
      Published -  24 Nov 2020 6:19 PM IST
    • သမ္မတနဲ့ ဒုသမ္မတနေရာများအတွက်မှားယွင်းရေးသားထားတဲ့ အကြောင်းအရာ

      အဆိုပါ အကြောင်းအရာကို သတင်းအမှားတွေ အမြဲဖြန့်လေ့ရှိတဲ့ Nay Thurain ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က နိုဝင်ဘာလ ၂၀ ရက်နေ့ ည ၉ နာရီ ၈ မိနစ်မှာ ရေးတင်ခဲ့တာဖြစ်ပြီး အဲ့ဒီ သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "ဒုသမ္မတရာထူးအား တပ်/ချုပ်ငြင်းဆန်" လို့ ရေးသားထားပါတယ်။

      သတင်းရဲ့ အတွင်းပိုင်းမှာတော့ "NLDပါတီ၏ ဒုတိယသက်တမ်း အစိုးရသစ်အတွက် နိုင်ငံတော်သမ္မတအဖြစ် သမ္မတဟောင်း ဦးထင်ကျော်၏ ဇနီးဖြစ်သူ ဒေါ်စုစုလွင်အား ရည်မှန်းထားကြောင်း သိရှိရပါတယ်။ လက်ရှိမန်းတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အား သမ္မတအဖြစ် ကနဦးမှန်းထားသော်လည်း အချိန်မရွေး ကွယ်လွန်သွားနိုင်သော ရောဂါအခံကြောင့် အခြေအနေ ပြောင်းလဲသွားရကြောင်း ကြားသိရှိရပါတယ်။ လက်ရှိသမ္မတ ဦးဝင်းမြင့်ကတော့ ဒေါ်စုကြည်အလွန်တွင် ပါတီကိုအခြေမပျက် ထိမ်းသိမ်းနိုင်ရန် အတွက် လာမည့်အစိုးရသစ်တွင် လွှတ်တော်ဒုဥက္ကဋ္ဌ အဆင့်လောက်သာ တာဝန်ယူပြီး ပါတီလုပ်ငန်းများကို တွဲဖက် လုပ်ကိုင်မည် ဖြစ်ကာ ဒုသမ္မတ ရာထူးနေရာအတွက် တပ်မတော်သားထဲမှ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ဒေါ်စုကြည်မှ ဖိတ်ခေါ်ခဲ့သော်လည်း ငြင်းဆန်ထားကြောင်း သိရှိရပါတယ်။ဤအခြေအနေမှာလည်း အချိန်မရွေး ပြောင်းလဲနိုင်ပါသေးတယ်" လို့ ရေးသားထားပါတယ်။

      အဆိုပါ သတင်းအမှားကို Nay Thurain ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ Like လုပ်ထားသူ ၅၀၀ နီးပါးနဲ့ ထပ်ဆင့်ဝေမျှထားသူ ၁၀၀ ကျော် ရှိနေပါတယ်။ ဒါ့အပြင် နောက်ထပ် ဖေ့စ်ဘွတ်အကောင့်တစ်ခု ဖြစ်တဲ့ Agga Kyaw ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က အဲ့ဒီ သတင်းကို ပြန်လည် ကူးယူပြီး ပြန်တင်ထားပါတယ်။

      မူရင်းရေးသားမှုကို ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

      သတင်းဆန်းစစ်ချက်

      Nay Thurain ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ရေးသားဖြန့်ဝေထားတဲ့ ဒုတိယ သမ္မတနေရာကို NLD ပါတီက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ကမ်းလှမ်းခဲ့တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် ဆန်းစစ်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေး ကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်ကို ဆက်သွယ်မေးမြန်းတဲ့အခါ အဲ့ဒီအကြောင်းအရာဟာ သတင်းအမှားဖြစ်တယ်လို့ ဆိုပါတယ်။

      ဒီရက်ပိုင်းအတွင်းမှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ၊ သမ္မတနဲ့ ဒုသမ္မတ တို့ဟာ ဘယ်သူ ဘယ်ဝါ ဖြစ်နိုင်ကြောင်း ခန့်မှန်းမှုတွေ ထင်ကြေးပေးမှုတွေ ရှိနေသလို ကာကွယ်ရေးဦးစီးချုပ် ရာထူးက နုတ်ထွက်တော့မယ် ဆိုတဲ့ သတင်းအမှား တစ်ချို့လည်း ထွက်ပေါ်ခဲ့ပါသေးတယ်။

      NLD ပါတီအနေနဲ့လည်း အဆိုပါ ရာထူးနေရာတွေအတွက် ထုတ်ဖော်ပြောကြားခြင်း မရှိသေးသလို မီဒီယာတွေမှာလည်း ဒီအကြောင်းကို ရေးသားဖော်ပြထားခြင်း မရှိသေးပါဘူး။

      ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတတွေဟာ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လျှင် လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှလည်းကောင်း နိုင်ငံဝန်ထမ်း ဖြစ်လျှင် နိုင်ငံဝန်ထမ်း အဖြစ်မှ နုတ်ထွက်ပေးရမယ်လို့ ဖော်ပြထားပါတယ်။


      ဒီသတင်း အမှားတင်ထားတဲ့ Nay Thurain ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ကို Boom Myanmar က စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိတဲ့ ဖေ့စ်ဘွတ်အကောင့်တု ဖြစ်တာကို တွေ့ရပြီး ရွေးကောက်ပွဲ ကာလတစ်လျှောက်မှာ NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်တဲ့ သတင်းအမှားများစွာဖြန့်ခဲ့ပြီး နိုင်ငံရေး အမြတ်ထုတ်နေတာကို တွေ့ရပါတယ်။


      Tags

      false newspresidentvice presidentElection Myanmarသမ္မတဒုသမ္မတသတင်းအမှား
      Read Full Article
      Claim :   Nay Thurain ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ရေးသားဖြန့်ဝေထားတဲ့ ဒုတိယ သမ္မတနေရာကို NLD ပါတီက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ကမ်းလှမ်းခဲ့တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေး ကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်ကို ဆက်သွယ်မေးမြန်းပြီး အချက်အလက် ဆန်းစစ်ထားပါတယ်။
      Claimed By :  facebook
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!