
သတင်းအမှား။ အင်းစိန်ဆေးရုံက သူနာပြုဆောင်ကို lockdown ချထားခြင်းမဟုတ်
အင်းစိန်ဆေးရုံက သူနာပြုဆောင်ကို Lockdown ချပြီဆိုတာ သတင်းအမှားပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို Kyawthu Yarzar ဆိုတဲ့ Facebook အကောင့်က ဧပြီလ ၂ဝ ရက်နေ့ ညနေ ၅ နာရီ ၂၁ မိနစ်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ဒီဖေ့စ်ဘွတ်ပို့စ် ထဲမှာ "အင်းစိန်ဆေးရုံက သူနာပြု ဆောင်ကို လော့ ဒေါင်းချပါပြီခင်ဗျာ" လို့ ရေးသားထားပါတယ်။ ဒီသတင်းအမှားကို ထပ်ဆင့်ဝေမျှသူ ၃ဝဝ နီးပါးရှိနေပါတယ်။
အလားတူပဲဒီ သတင်းအမှားကို Khaing Aye Aye ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်တစ်ခုက ဧပြီလ ၂၁ ရက် ညနေ ၅ နာရီ ၃၉ မိနစ်မှာ "အင်းစိန်ဆေးရုံက သူနာပြုဆောင်ကို လော့ဒေါင်းချပါပြီ" လို့ ပုံစံတူရေးတင်ခဲ့ပြီး မူရင်းရေးသားသူဖြစ်တဲ့ Kyawthu Yarzar ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်ကို Credit ပေးထားပါတယ်။ ဒီလို ထပ်ဆင့် ကူးယူဖော်ပြထားတဲ့ ပိုစ့်ကို ထပ်ဆင့်ဝေမျှသူ ၈ဝဝ ကျော် ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်
အင်းစိန်ဆေးရုံက သူနာပြုဆောင်ကို Lockdown ချတယ်ဆိုတဲ့ သတင်းကို ဆန်းစစ်ဖို့ Boom Myanmar က အင်းစိန်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်ကို ဆက်သွယ် မေးမြန်းခဲ့ပါတယ်။
အင်းစိန်ဆေးရုံက သူနာပြုဆောင် Lockdown ချထားတယ်ဆိုတဲ့ ကောလဟာလ နဲ့ ပက်သက်ပြီး "ဒီလိုပါ။အင်းစိန်ဆေးရုံက သူနာပြုတစ်ယောက်ရဲ့ အမေက Positive ဖြစ်သွားတော့ ဒီသူနာပြုနေတဲ့ တိုက်ပေါ့ဗျာဝန်ထမ်းအိမ်ရာပေါ့။ အဲ့ဒီ ဝန်ထမ်းအိမ်ရာကို Lockdown ချထားတာ။ ဆေးရုံရဲ့ မျက်စောင်းထိုးလောက်မှာ ရှိတဲ့ ဝန်ထမ်းအိမ်ရာ ပါ။ အဲ့ဒါကို Lockdown ချထားတာပါ။ ဆေးရုံထဲက အဆောင်ကို Lockdown ချထားတာ မဟုတ်ပါဘူး။ ဆေးရုံအပြင်ဘက် ကားလမ်းတစ်ဘက်ခြမ်း မျက်စောင်းထိုးလောက်မှာ ရှိတဲ့ ဆေးရုံ ဝန်ထမ်းအိမ်ရာပေါ့နော်။ အဲ့ဒီ တိုက်ကလေးကို ကျွန်တော် Lockdown ချလိုက်တာပါ။" လို့ ဦးဝေဖြိုးအောင်က Boom Myanmar ကို ပြောပါတယ်။
Updated On: 2020-04-23T18:18:10+05:30
Claim : အင်းစိန်ဆေးရုံ က သူနာပြုဆောင်ကို Lockdown ချထားတာ မဟုတ်ကြောင်း အင်းစိန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) က လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က Boom Myanmar ကို အတည်ပြု ပြောကြားထားပါတယ်။
Claimed By : facebook
Fact Check : False
Next Story