BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • သတင်းအမှား။...
      သတင်းအတု

      သတင်းအမှား။ မှတ်ပုံတင်ရှိရုံနဲ့လူတိုင်း ငွေလေးသောင်းကျပ်ထောက်ပံ့ကြေးရမှာမဟုတ်ပါ

      မှတ်ပုံတင်ရှိတဲ့ နိုင်ငံသားတိုင်းကို အစိုးရက Wavemoney နဲ့ KBZ Pay တို့ကနေ ငွေ ၄၀၀၀၀ ကျပ် ထောက့်ပံ့မယ်ဆိုတဲ့ သတင်း အမှားတစ်ပုဒ်ဟာပြည်တွင်းက လူမှူကွန်ရက်အကောင့်တွေ၊ သတင်းအမည်ခံဝဘ်ဆိုက်တွေမှာ ဆက်တိုက်ပျံ့နှံ့နေပါတယ်

      By - Boom Live Myanmar |
      Published -  28 May 2020 9:49 PM IST
    • သတင်းအမှား။ မှတ်ပုံတင်ရှိရုံနဲ့လူတိုင်း ငွေလေးသောင်းကျပ်ထောက်ပံ့ကြေးရမှာမဟုတ်ပါ

      ဒီအကြောင်းအရာနဲ့ပတ်သက်လို့ တကယ့်အစီအစဉ်အမှန်ကဘာလဲ၊ ထောက်ပံ့မယ့်ပုံစံက ဘယ်လိုလဲဆိုတာတွေကို ဒီဆောင်းပါးမှာဆက်လက်ဖတ်ရှူနိုင်ပါတယ်။

      ဒီသတင်းဟာ မေလအတွင်းမှာ အထက်ကဆိုခဲ့တဲ့ အွန်လိုင်းနေရာ အနှံ့ကနေ လူတွေဆီပျံ့နှံ့ခဲ့ပါတယ်။ ဒီအကြောင်းအရာကို ဘယ်ဝဘ်ဆိုက်ကစပြီးရေးသားခဲ့တယ်မသ်ရပေမယ့် စီးပွားဖြစ်တည်ထောင်ထားတဲ့ သတင်းမီဒီယာအမည်ခံ ဝဘ်ဆိုက်ပေါင်းများစွာမှာ အဆင့်ဆင့်ကူးယူဝေမျှနေကြဆဲဖြစ်ပါတယ်။

      ဒီအကြောင်းအရာဟာ ပြီးခဲ့တဲ့ မေလ ၁၆ ရက်က သမ္မတအိမ်တော်မှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲကဖြေကြားချက်တွေကို အခြေခံပြီး ချဲ့ကားရေးသားမှူတွေပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။

      ဒီအကြောင်းအရာနဲ့ပတ်သက်တဲ့ရေးသားချက်ထဲမှာ "သတင်းစာရှင်းလင်းပွဲကို အွန်လိုင်းက တစ်ဆင့်ပြုလုပ်ချိန်က ဒီ အစီအစဉ်ကိုကြေညာခြင်းဖြစ်ပြီး ပထမအကြိမ်ကဲ့သို့ အခြေခံ လူတန်းစားများကို..၊ စားသောက်ကုန် ငါးမျိုး ပေးအပ်မည်မဟုတ်ဘဲ ငွေသားကျပ်ငွေ ပေးအပ်မည်ဟုဆိုပါတယ။ ဒီလိုငွေကြေးထောက်ပံ့တဲ့အခါမှာလည်း Online Payment (အွန်လိုင်းငွေပေးချေခြင်း) နဲ့..၊ ဥပမာအားဖြင့် Wave Money တို့၊ KBZ Pay တို့ စသည်ဖြင့်ပေါ့နော် နိုင်ငံသားတိုင်း လက်ထဲရောက်အောင် ထောက်ပံ့ပေးသွားမယ်လို့ဆိုပါတယ်။ သင်္ကြန် ရုံးပိတ်ရက်ရှည်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော..၊ အခြေခံလူတန်းစားများအတွက် အိမ်ထောင်တစ်စုလျှင် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန် ပစ္စည်းငါးမျိုးကို ပေးအပ်ခဲ့ရာ တစ်နိုင်ငံလုံးရှိ အိမ်ထောင်စု ပေါင်း ၃ ဒသမ ၉၉ သန်းကို ဝေငှ နိုင်ခဲ့ပြီး..။ နိုင်ငံတော်ဘဏ္ဍာငွေထဲမှ ကျပ် ၅၀ ဒသမ ၈၄၄ ဘီလီယံ ကျခံခဲ့သည်။ အထက်ပါ အခြေခံရိက္ခာ ပေးဝေသည့် အစီအစဉ်တွင် အငြင်းပွားမှုများ၊ အထစ်အငေါ့များ နှင့်..၊ ပစ္စည်းအဖြတ်ခံရမှုများရှိသဖြင့် ဒုတိယအကြိမ်ပေးအပ်မည့် အစီအစဉ်တွင် ငွေသားကိုသာ သက်ဆိုင်ရာ အိမ်ထောင်စုဆီသို့ ပေးအပ်ရန် စီစဉ်ရခြင်းဖြစ် ကြောင်း သမ္မတရုံးပြောခွင့်ရ ပုဂ္ဂိုလ်က ရှင်းပြပါတယ်. . အခြေခံ လူတန်းစားများကို စားသောက်ကုန်ငါးမျိုး ထောက်ပံ့ ရာတွင် တစ်အိမ်ထောင်လျှင် ကျပ် ၁၂,၀၀၀ မှ ကျပ် ၂၀,၀၀၀ အတွင်း နေရာဒေသအလိုက် ကုန်ကျပြီး ယခု ဒုတိယအကြိမ် တွင်..၊ ယခင်ထက် နှစ်ဆ ကျပ် ၃၀,၀၀၀ မှ ကျပ် ၄၀,၀၀၀ အကြားထောက်ပံ့ရန် စီစဉ်ထား ကာ ယင်းအတွက် ကျပ်ဘီလီယံ ၁၀၀ ကျော် သုံးစွဲမည်ဖြစ်ကြောင်း သိရှိရပါတယ်..။" လို့ ရေးသားထားပါတယ်။

      ဒီသတင်းကို ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာ website ပေါင်းများစွာကနေ သောင်းဂဏာန်းကျော်ထိဖြန့်ဝေခဲ့ကြပြီး အဲ့ဒီသတင်းတွေမှာခေါင်းစဉ်တပ်ရေးသားထားတဲ့ နိုင်ငံသားတိုင်း ငွေ ၄၀၀၀၀ စီ လက်ခံရရှိမယ်ဆိုတဲ့ အချက်ကိုယုံကြည်ပြီးဝေမျှမှု တွေတိုးလာနေပါတယ်။


      သတင်းဆန်းစစ်ချက်

      ဒီလိုသတင်းတွေအပေါ် Boom Myanmar က အချက်အလက်စစ်ဆေးတဲ့အခါမှာ အဲ့ဒီရေးသားချက်တွေမှာပါဝင်သလို မှတ်ပုံတင်ရှိတဲ့နိုင်ငံသားတိုင်းကို အစိုးရက ငွေ ၄ သောင်း Wave Money ကနေ လွဲပေးမယ်ဆိုတာ လုံးဝလွဲမှားနေတဲ့အချက်ဖြစ်တာကို ဖေါ်ပြလိုပါတယ်။ ဒီသတင်းအမှားတွေရဲ့ အဓိပ္ပါယ်ဟာ ဆင်းရဲချမ်းသာမရွေး တစ်နိုင်ငံလုံးက မည်သူမဆို ငွေလေးသောင်းကျပ်စီရနိုင်မယ်ဆိုတဲ့သဘောဖြစ်ပါတယ်။ တကယ်တော့ ဒီအစီအစဉ်က လူတိုင်အတွက်မဟုတ်ပဲ အမှန်တကယ် လိုအပ်နေတဲ့ အခြေခံလူတန်းစားတွေကို ထောက်ပံ့မယ့် အစီအစဉ်သာ ဖြစ်ပါတယ်။

      သတင်းစာရှင်းလင်းပွဲမှာ တကယ့်ပြောစကားတွေကဘာလဲ

      မေလ ၁၆ ရက်နေ့က သမ္မတရုံးက သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်မှာ Eleven Media က သတင်းထောက် ကိုတိုးဝေဖြိးက "အခြေခံလူတန်းစားတွေကို ထောက်ပံ့တဲ့ကိစ္စမှာ Payment စနစ်နဲ့ လုပ်မယ်ဆိုပြီးပြောပါတယ်။ ပထမအကြိမ်လုပ်ခဲ့တဲ့ ဖြစ်စဉ်တွေမှာ ဘယ်လိုမျိုး ပြဿနာတွေရှိလို့ Payment စနစ်နဲ့ လုပ်တာလဲ။ ဒီတစ်ကြိမ်မှာ တကယ်လို့ ပြည်သူတွေ အဆင်မပြေတာတွေ အခက်အခဲတွေ ဖြစ်လာလို့ရှိရင် ဆရာတို့ ဘယ်လို ဆက်သွယ်ဖြေရှင်းဖို့ လုပ်ထားပါလဲ မသိဘူး။ ပြည်သူတွေအနေနဲ့ ဘယ်လိုဆက်သွယ်ရပါမလဲ" ဆိုပြီးတဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးထံမေးမြန်းခဲ့ပါတယ်။ဒီမေးခွန်းနဲ့ပတ်သက်လို့ ဦးဇော်ဌေးဖြေကြားခဲ့တဲ့ အသေးစိတ်ကို ပြန်လည်ဖေါ်ပြပေးလိုက်ပါတယ်။ အောက်တွင်ဆက်လက်ဖတ်ရှူပါ။

      "ဥပမာ အစိုးရရဲ့ ထောက်ပံ့ကြေး ဦးတိုးဝေဖြိုးက ဦးဇော်ဌေးဆီကို ပို့လိုက်တယ်ပေါ့နော်။ ဥပမာ အစိုးရရဲ့ ထောက်ပံ့ကြေး ၂ သောင်းခွဲ၊ ၃ သောင်း၊ ၄ သောင်း စသည်ဖြင့် ပို့လိုက်တယ်။ ပို့လိုက်တဲ့အခါကျရင် ကျွန်တော်တို့အဆင့်ဆင့် အုပ်ချုပ်ရေး ယန္တယား အဆင့်ဆင့် သွားတဲ့အခါကျရင် ကျွန်တော်တို့ ရိက္ခာ ၅ မျိုးဝေတဲ့အပိုင်းမှာတောင်မှ တချို့ဆို ရိက္ခာတွေ ပြည့်ပြည့်ဝဝ မရဘူး။ ဆီဆိုလည်း ဒီလောက်ပဲ ရတယ်။ ဖေ့စ်ဘွတ်ပေါ်မှာ Video တွေ တက်လာတာရှိတယ်။ အဲ့ဒါတွေလည်း တစ်ပိုင်း ကျွန်တော်တို့ တွက်ရပါတယ်။ အဆင့်ဆင့်ပေါ့နော် သွားတဲ့အခါမှာ ဒေသန္တရမှာရှိတဲ့ ဆန်ဆီ အဲ့လိုတွေ ဝယ်ရတာတွေ ရှိတယ်ပေါ့နော်။ ရှိတော့ ကျွန်တော်တို့ သက်မှတ်တဲ့ ပမာဏ ရောက်တဲ့နေရာတွေလည်း ရောက်တယ်။ မရောက်ဘူးဆိုပြီး ကြားရတာတွေလည်း ရှိတယ်ပေါ့နော်။ ဒါပေမယ့် အများစု ကတော့ ရောက်ပါတယ်။ ရာခိုင်နှုန်းအများစုကတော့ ရောက်တယ်။ အနည်းစုမှာတော့ ဒီပြဿနာတွေဖြစ်တယ်ဆိုတော့ အခု ကျွန်တော်တို့က ကာယကံရှင်တွေ လက်ဝယ်ကိုရောက်အောင် ကျွန်တော်တို့က စဉ်းစားတဲ့အပိုင်းဖြစ်ပါတယ်။ စဉ်းစားတဲ့အခါကျမှ အခု လူတွေကြားမှာလည်း Wave Money တို့ Ok ဒေါ်လာတို့ စသည်ဖြင့်ပေါ့နော် KBZ Pay တို့ ဒါမျိုးတွေ သုံးနေတာတွေ ရှိတယ်။ သုံးတဲ့အခါမှာလည်း အရမ်းအဆင်ပြေတယ်။ အရမ်းအဆင်ပြေတယ်ဆိုတာက ကိုယ်ပို့လိုက်တဲ့သူရဲ့ ဖုန်းနံပါတ်သိရင်ကို ရပြီ။ ဖုန်းနံပါတ်သိရင် သူ့ကို Password သက်သက်ပေးလိုက်တာနဲ့ ဆိုင်ရောက်ရင် အဲ့ဒီ Agent က password မသိရင် ဖွင့်လို့ကို မရဘူး။ အဲ့ဒါမျိုးလုပ်တယ်ဆိုတော့ အဲ့အပိုင်းမှာလည်း ကျွန်တော်တို့ ပို့/ဆက်ရယ် ဗဟိုဘဏ်ရယ် ဆွေးနွေးနေတာရှိတယ်။ ဘယ်ဒေသမှာတော့ ဘယ် Payment တွေက အများဆုံး ကာဘာဖြစ်လဲပေါ့နော်။ အဲ့ဒါမျိုးတွေ စဉ်းစားပြီး ကျွန်တော်တို့ လုပ်ဖို့ရှိတယ်။ ကျွန်တော်တို့ မှန်းတာကတော့ ခုနက ကျွန်တော်တို့ ပြောတာက ဟို ရိက္ခာ ၅ မျိုးက ၂ သောင်း မကျော်ဘူး။ ၁၈၀၀၀၊ တချို့ဒေသမှာ ၁၂၀၀၀၊ တချို့ဒေသမှာ ၁၅၀၀၀ ဒီလိုမျိုး ကုန်ကျတာတွေ ရှိတယ်။ အခုတော့ ကျွန်တော်တို့ မှန်းတာကတော့ ၃ သောင်း၊ ၄ သောင်းထိ မှန်းတယ်ပေါ့နော်။ အဲ့လိုမျိုးပေးဖို့ထိ ကျွန်တော်တို့ မှန်းထားတယ်။ မှန်းထားတဲ့အတွက် သေသေချာချာ စနစ်တကျဖြစ်အောင်ပေါ့နော် ပြီးခဲ့တဲ့ အတွေ့အကြုံတွေအရ အောက်ခြေမှာ ကျွန်တော်တို့ အခြေခံလူတန်းစား သတ်မှတ်ချက်ပေါ့နော်။ သတ်မှတ်ချက်ပေါ်မှာ အငြင်းပွားခဲ့တာတွေလည်း ရှိတယ်။ အဲ့ဒါကြောင့်မို့လို ကျျွန်တော်တို့က ပုံစံအနေနဲ့ ချပေးဖို့ စဉ်းစားနေတယ်။ ပုံစံစာရွက်ပေါ်မှာ ဥပမာ ဦးဖြူဆိုရင် သူရဲ့ အလုပ်အကိုင်ကဘာ၊ သူ့ရဲ့ဝင်ငွေကဘာ စသည်ဖြင့်ပေါ့ ဒါလေးတွေ ရွေးချယ် Select လုပ်ပြီးတော့ လုပ်တဲ့ပုံစံမျိုးတော့ အဆင်ပြေအောင် ပုံစံကို ကျွန်တော်တို့ ပုံစံ Template ကို စဉ်းစားထားတယ်။ ဒါမျိုးလေးတွေဆိုရင် Computerise ဖြစ်ပြီးတော့ အားလုံး တစ်ချိန်တည်း တစ်ပြိုင်တည်း ကြည့်လို့ရတယ်။ ဘယ်မှာရောက်ပြီ ဆိုတဲ့ဟာမျိုး။ ဒါမျိုးကို ကျွန်တော်တို့ အချိန်ယူပြီး လုပ်နေတာဖြစ်တယ်။ ပြီးခဲ့တဲ့အပိုင်းကတော့ ကျွန်တော်တို့ ပြန်ပြီး မှ စာရင်းတွေ ပြန်စုရတဲ့ သဘောမျိုးတော့ဖြစ်တာပေါ့နော်။ ပြန်ပြီး စာရင်းတွေ စုရတဲ့သဘောဖြစ်တော့ ဒီအပေါ်မှာ အခြေခံပြီးတော့ လူထုလည်းအဆင်ပြေအောင် ပေါ့နော်။ ကြားထဲမှာလည်း လေလွင့်ဆုံးရှုံးမှု အနည်းဆုံးနည်းလမ်းဖြစ်အောင် စဉ်းစားပြီးတော့ ဆောင်ရွက်နေတာဖြစ်တယ်။"

      သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးရဲ့ ဖြေကြားမှုဟာ တကယ်လိုအပ်နေတဲ့ အခြေခံလူတန်းစားတွေကို ထောက်ပံ့ဖို့ အစိုးရက ဆောင်ရွက်နေတဲ့ အစီအစဉ်သာ ဖြစ်ပါတယ်။ ဒီ ဖြေကြားခဲ့မှုကို သတင်းအမှားဖြန့်ဝေသူတွေက တစ်နိုင်ငံလုံးက မှတ်ပုံတင်ရှိသူတိုင်းက Wave Money ၊ KBZ Pay တို့နဲ့ ပိုက်ဆံ ၄ သောင်းကျပ် ထောက်ပံ့မယ်လို့ ပြင်ဆင်ရေးသားပြီး သတင်းအမှား ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

      သမ္မတရုံးရဲ့ သတင်းစာ ရှင်းလင်းပွဲကို ဒီ Link ရဲ့ ၂ နာရီ ၂ မိနစ် မှာ ကြည့်နိုင်ပါတယ်။

      အစိုးရရဲ့ ထောက်ပံ့ငွေကို ဘယ်သူတွေ ရမှာလဲ

      ကိုရိုနာကပ်ဘေးကာလမှာ အစိုးရက Wave Money ၊ OK dollar ၊ KBZ Pay တို့နဲ့ ငွေကြေးထောက်ပံ့မယ့် အစီအစဉ်ကို စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ အခြေခံ လူတန်းစားများကိုသာ ထောက်ပံ့မှာဖြစ်ပါတယ်။ ထောက်ပံ့ကြေး အစီအစဉ်နဲ့ ပက်သက်ပြီး မြို့နယ်တွေအတွင်းကို ညွှန်ကြားစာတွေ မရောက်သေးဘူးလို့ သိရပါတယ်။ အသက်အရွယ် ကြီးရင့်သူတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ မသန်းစွမ်းတွေကို ထောက်ပံ့ မယ်ဆိုတဲ့ ကနဦး သတင်းတွေ ကြားရတယ်လို့ အမည်မဖော်လိုသူ မြို့နယ်အုပ်ချုပ်ရေးမှူးတစ်ယောက်က Boom Myanmar ကို ပြောပါတယ်။

      Tags

      fake newsCorona Myanmargovernment providing money
      Read Full Article
      Claim :   မှတ်ပုံတင်ရှိတဲ့နိုင်ငံသားတိုင်းကို အစိုးရက ငွေ ၄ သောင်း Wave Money ကနေ လွဲပေးမယ်ဆိုတဲ့ သတင်းအမှား ကို Boom Myanmar က အချက်အလက်စစ်ဆေးပေးထားပါတယ်။
      Claimed By :  facebook, website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!