BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Authors-icon
        Authors
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • KNU ထိန်းချုပ်နယ်မြေက...
      သတင်းအတု

      KNU ထိန်းချုပ်နယ်မြေက မိန်းကလေးတွေကိုယ်ဝန်ဆောင်နေရတယ်ဆိုတဲ့ သတင်းအတု

      KNU ထိန်းချုပ်နယ်မြေ ရောက်ရှိနေတဲ့ မိန်းကလေးအများစုကိုယ်ဝန်ဆောင်ထားရပြီး လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခံရမှုတွေရှိနေတယ်ဆိုတဲ့ သတင်းအတုကို စစ်တပ်ထောက်ခံသူတွေဖက်က လုပ်ကြံ ဖြန့်ဝေနေမှုတွေရှိနေပါတယ်။

      By - Boom Live Myanmar | 20 Aug 2021 12:39 PM GMT
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
    • KNU ထိန်းချုပ်နယ်မြေက မိန်းကလေးတွေကိုယ်ဝန်ဆောင်နေရတယ်ဆိုတဲ့ သတင်းအတု

      အဆိုပါ သတင်းအမှားကို Kyaw Htet ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဩဂုတ်လ ၁၁ ရက်နေ့ ၁၀ နာရီ ၄၃ မိနစ်မှာ စတင်ဖြန့်ဝေထားတာ ဖြစ်ပြီး ၎င်းသတင်းအမှားထဲမှာ "knu နယ်‌မြေရောက် GZ အမျိုးသမီး 543 ယောက်ကိုယ် ဝန်ဆောင်ထားကျတယ်။ အများအားဖြင့် အကြိမ်ကြိမ် မုဒိမ်းပြုကျင့်မှ ရတဲ့ကိုယ်ဝန်ကများပြီး..အချို့GZအချင်းချင်း အပြန်အလှန် လိင်ဆက်ဆံရာမှ ကိုယ်ဝန်ရရှိခြင်းလည်း ဖြစ်တယ်။ ကိုယ်ဝန်ပျက်ချသူက 98 ဦးထိရှိပြီး ကိုယ်ဝန်ပျက်ကျလို့ သေဆုံးသူက 45 ဦး အထိရှိနေပြီ မွေးလာမယ့်ကလေးတွေအားလုံး မိဘမဲ့ဂေဟာကို ပို့ဖို့ လတ်မှတ်ထိုး ထားရတယ်။ အားလုံးဘာသာ ပြောင်းပြီးဖြစ်တယ်" (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

      အဆိုပါ သတင်းအမှားကို ကူးယူဖော်ပြသူတွေရှိသလို ထပ်ဆင့်ဖြန့်ဝေထားသူများစွာလည်း ရှိနေပါတယ်။မူရင်းရေးသားဖြန့်ဝေမှုကို ဒီမှာ ကြည့်ပါ။

      သတင်းဆန်းစစ်ချက်

      KNU ထိန်းချုပ်နယ်မြေရောက် Gen Z အမျိုးသမီးတွေအပေါ် လုပ်ကြံဖြန့်ဝေတဲ့ သတင်းအမှားနဲ့ ပတ်သက်ပြီး Boom Myanmar က အချက်အလက် စစ်ဆေးဖို့ ထိန်းချုပ်နယ်မြေ ရောက်သူရှိတချို့နဲ့အဆက်အသွယ်ရရှိခဲ့ပါတယ်။အဆိုပါအကြောင်းအရာနဲ့ပတ်သက်လို့ သတင်းအမှားဖြန့်ဝေသူတွေရေးသားထားတဲ့ဖြစ်စဉ်မျိုးမရှိကြောင်းနဲ့ အဆိုပါသတင်းဟာ စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ ၎င်းတို့လုပ်ငန်းစဉ်တွေကို သွေးခွဲချင်လို့ လုပ်ကြံဖြန့်ဝေထားတဲ့သတင်းအမှားသာဖြစ်ကြောင်း မှတ်ချက်ပြုပါတယ်။

      KNU တပ်မဟာ တစ်ခုမှာ ရောက်ရှိနေတဲ့ အမျိုးသမီးတစ်ဦးက "ညီမတို့ ဒီမှာက တိုက်ပွဲဖြစ်တာကလွဲပြီး ကျန်တာဘာမှ မရှိပါဘူး။ တစ်ခါတစ်လေ မိုးအရမ်းသည်းလို့ မှာတဲ့ ပစ္စည်းတွေ ချက်ချင်းမရောက်တာပဲ ရှိတယ်။ ဒီရောက်နေတဲ့ သူအားလုံးကလည်း ရဲဘော်ရဲဘက် စိတ်နဲ့ အရမ်းစည်းလုံးကြတယ်။ အချင်းချင်း မောင်နှမတွေလို စောင့်ရှောက်ကြတယ်။ ညီမတို့ နေရာမှာဆို ဆေးအကူအတွက် Nurse ၃ ယောက် ရှိတယ်။ ရန်ကုန်လောက်တော့ ဆေးတွေ မစုံပေမယ့် အဆင်တော့ ပြေပါတယ်။ ပြီးတော့ အမျိုးသမီး လစဉ်သုံး ပစ္စည်းတွေလည်း ထုတ်ပေးတယ်။ အားလုံးက အဆုံးထိ လျှောက်မယ်ဆိုပြီး ဒီလမ်းကို ရွေးချယ်ခဲ့တဲ့ သူတွေဖြစ်တဲ့အတွက် စည်းစည်းလုံးလုံးရှိကြပါတယ်" လို့ Boom Myanmar ကို ပြောပါတယ်။

      ဒီလိုထိန်းချုပ်နယ်မြေက အမျိုးသမီးတွေအပေါ် တိုက်ခဲ့တဲ့ သတင်းအမှားဟာ အစောပိုင်းလတွေကလည်း ထွက်ပေါ်ခဲ့ဖူးပြီး မကြာခဏ ပြန်လည် ဖြန့်ဝေမှုတွေလည်းရှိနေဆဲဖြစ်ပါတယ်။

      Tags

      false newsKNUcontrolled areasCoupထိန်းချုပ်နယ်မြေသတင်းအမှား
      Read Full Article
      Claim :   KNU ထိန်းချုပ်နယ်မြေရောက် Gen Z အမျိုးသမီးတွေအပေါ် ဖြန့်ဝေထားတဲ့ သတင်းအမှားနဲ့ ပတ်သက်ပြီး Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
      Claimed By :  facebook
      Fact Check :  False
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      Next Story
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!