BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Authors-icon
        Authors
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ကမ္ဘာ့ထိပ်တန်းကုမ္ပဏီကြီးတွေ...
      သတင်းအတု

      ကမ္ဘာ့ထိပ်တန်းကုမ္ပဏီကြီးတွေ ဒေဝါလီခံနေရပြီဆိုတာ မဟုတ်ပါဘူး

      Covid - 19 ကြောင့် ကမ္ဘာ့ထိပ်တန်းကုမ္ပဏီကြီးတွေ ဒေဝါလီခံနေရ၊ ပိတ်သိမ်းနေရတယ်လို့ ဆိုရှယ်မီဒီယာတွေပေါ်မှာ ဖြန့်ဝေရေးသားထားတဲ့အကြောင်းအရာတစ်ခုကို လူပေါင်းရာချီပြန်လည်ဝေမျှနေကြပါတယ်။

      By - Boom Live Myanmar | 3 July 2020 3:03 PM GMT
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
    • ကမ္ဘာ့ထိပ်တန်းကုမ္ပဏီကြီးတွေ ဒေဝါလီခံနေရပြီဆိုတာ မဟုတ်ပါဘူး

      ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးရေးသားထားတဲ့ ဖေ့စ်ဘွတ်ပို့စ်ဟာ အမှန်တစ်ဝက်ရောထားတဲ့ မှားယွင်းနေတဲ့ သတင်းအချက်အလက်တွေသာဖြစ်ပြီး ဒီအကြောင်းအရာနဲ့ပတ်သက်လို့ စီးပွားရေးလုပ်ကိုင်နေသူတွေနဲ့လက်ရှိစီးပွားရေးအခြေအနေတွေကိုလေ့လာစောင့်ကြည့်နေသူတွေကြား ဝိရောဓိဖြစ်စရာ အကြောင်းအရာဖြစ်နိုင်တာကြောင့် Boom Myanmar က ဆန်းစစ်ပေးလိုက်ပါတယ်။

      ဒီလို Covid - 19 ကြောင့် ကမ္ဘာ့ထိပ်တန်းကုမ္ပဏီကြီးတွေ ဒေဝါလီခံနေရတယ်ဆိုပြီး ရေးသားဖြန့်ဝေမှုတွေဟာ ဖေ့စ်ဘွတ်၊ Linkdin၊ တွစ်တာ နဲ့ အခြားဘလော့စာမျက်နှာတွေပေါ်မှာ မြန်မာအပြင် အခြားဘာသာစကားတွေနဲ့လည်း ပြန့်နှံ့နေတာ တွေပြည်တွင်းမှာအခုပျံ့နှံ့ခဲ့တဲ့အကြောင်းအရာကတော့ နိုင်ငံတကာမှာရေးသားကြတာတွေကို ဘာသာပြန်ဆိုထားတယ်လို့ ယူဆရပါတယ်။

      ဒီသတင်းကိုမူရင်းတင်တာက The Philippines Nation ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှ ဇူလိုင်လ ၁ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့ကာ ပြန်လည်ဖြန့်ဝေသူ နှစ်ထောင်ကျော်ရှိခဲ့ပြီး ဆက်လက်ဖြန့်ဝေနေဆဲဖြစ်ပါတယ်။ မူရင်းဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

      မြန်မာဘာသာနဲ့ ပြန်လည်ဖြန့်ဝေမှုကိုတော့ Win Lwin Htet ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်က ဇူလိုင်လ ၂ ရက်နေ့ မှာ ဖြန့်ဝေထားတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေသူ အများအပြားလည်း ရှိနေတာ တွေ့ရပါတယ်။ ဖြန့်ဝေမှုထဲမှာတော့ "အချက် ၁၀ ချက်ကျော်ပါဝင်တဲ့ ကမ္ဘာအရပ်ရပ်က ထိပ်တန်းစီးပွားရေးလုပ်ငန်းကြီးတွေ COVID- 19 ကာလမှာ ပြိုကွဲပုံကိုရေးသားထားပြီး ကိုဗစ် ကပ်ရောဂါဖြစ်ပွားတဲ့ကာလ ၅လ အတွင်းမှာ ကမ္ဘာပေါ်မှာရှိတဲ့ လူသန်းပေါင်း ၇၈၀ ကျော်က အကြွေး တင်နေကြောင်း၊ သောင်းနှင့်ချီတဲ့ ကုမ္ပဏီ တွေနေ့စဉ် ဒေဝါလီ ခံနေကြရတဲ့အတွက် ကိုယ်လုပ်ကိုင်နေတဲ့ ကုမ္ပဏီကို တန်ဖိုးထားသင့်ကြောင်း" ရေးသားထားပါတယ်။ သူရဲ့ဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ှရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      ဒီသတင်းကို ဆန်းစစ်ချက်ပြုလုပ်ရာမှာ တချို့အချက်တွေဟာ အငြင်းပွားဖွယ် ကိစ္စရပ်တွေ ဖြစ်နေတဲ့အပြင် သတင်းတပုဒ်ထဲမှာ အချက်အလက်အများကြီး ထည့်သွင်းဖော်ပြမှုမပြုလုပ်လိုတာကြေင့် အချက် ၁၀ ချက်ကျော်ထဲက မှ အချက်သုံးချက်ကို ရွေးထုတ်တင်ပြသွားမှာ ဖြစ်ပါတယ်။

      ရေးသားဖြန့်ဝေမှုမှာပါတဲ့ နံပါတ် (၁) အချက်အရ Covid - 19 ကြောင့် ကမ္ဘာ့ထိပ်တန်း Victoria's Secret ကုမ္ပဏီ ဒေဝါလီခံ လိုက်ရပါပြီလို့ ပြောဆိုထားတဲ့အတွက် BOOM က သတင်းဆန်းစစ်ကြည့်ရာမှာ နိုင်ငံတကာမှာရှိတဲ့ Victoria Secret ရဲ့ဆိုင်ခွဲတွေအနက်က United Kingdom က လုပ်ငန်းတစ်ခုသာ အလုပ်သမားတွေကို လျော်ပေးနိုင်ဖို့ dministration process ဝင်နေရတာဖြစ်ပါတယ်။ "light-touch Administration" လို့ခေါ်ပါတယ်။ ဒါက ဒေဝါလီခံတာနဲ့ မတူတာက လိုအပ်တဲ့ ခွင့်ပြုချက်တွေရယူပြီး စီးပွားရေးကို ဆက်လက်စီမံခန့်ခွဲနိုင်ကြောင်း ဇွန်လ ၅ ရက်နေ့က ဖော်ပြခဲ့တဲ့ The Wall Street Journal ရဲ့သတင်းမှာ ရေးသားထားပါတယ်။ မူရင်းသတင်းကို ဒီနေရာ မှာ ကြည့်နိုင်ပါတယ်။

      လတ်တလောသတင်းများအရ Victoria Secret အနေနဲ့ ယူကေမှာရှိတဲ့ ဝန်ထမ်း ၇၈၅ ယောက်အတွက် လျော်ကြေးငွေပေးဘို့ administration process ဝင်နေရပြီး အမေရိကနဲ့ ကနေဒါမှာရှိတဲ့ ဆိုင်ခွဲ ၂၅၀ လောက်ကိုလည်း ထပ်ပိတ်သွားဘို့ရှိတယ်လို့ စီးပွားရေးသတင်းသုံးသပ်ချက်တွေ ရေးသားဖော်ပြတဲ့ CPPLUXURY သတင်းဌာနရဲ့ ဇွန်လ ၈ ရက်နေ့က ဖော်ပြထားတဲ့ သတင်းမှာရေးသားထားပါတယ်။ သတင်းကို ဒီနေရာ မှာ ဖတ်ရှု့နိုင်ပါတယ်။

      နံပါတ် ၂ အချက် ဖြစ်တဲ့ Pizza Hut ဒေဝါလီခံ လို့ရေးသားချက်ဟာလည်း မှားပါတယ်။ အမေရိကန်မှာ Pizza Hut ကို franchise ၁၂၀၀ ခန့်နဲ့ Wendy's restaurant ၄၀၀ လောက်ယူထားတဲ့ NPC International က ကိုဗစ်ကာလ ကန့်သတ်မှုတွေနဲ့ အလုပ်သမားလုပ်ခလစာ ကုန်ကျစရိတ်တွေကြောင့် ဒေဝါလီခံဘို့ အစိုးရကို တင်သွင်းခဲ့တာပါ။ ဒါပေမယ့် သူ့ကြိုးစားမှုဟာ ပယ်ချခံခဲ့ရပြီး ဝန်ထမ်း ၄၀၀၀၀ ခန့်ရှိတဲ့ သူ့လုပ်ငန်းကို ဆက်လက် လည်ပတ်နေရအုံးမယ်လို့ CNN သတင်းဌာမှာ ဇူလိုင်လ ၁ ရက်နေ့က ရေးသားဖော်ပြထားပါတယ်။ မူရင်းသတင်းကို ဒီနေရာ မှာကြည့်ပါ။

      နံပါတ် ၃ အချက်ဖြစ်တဲ့ La Chapelle စတိုးဆိုင်ပေါင်း ၄၃၉၁ ကို ပိတ်သိမ်းလိုက်ပြီလို့ဆိုထားပါတယ်။ ဒီလိုပိတ်တာတွေက ကိုဗစ်- ၁၉ ဖြစ်ပွားလို့ တစ်ခုတည်းကြောင့် ပိတ်ရတာ မဟုတ်ပြန်ပါဘူး။ ၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ဒီတရုတ်ပိုင် La Chapelle က ရှန်ဟိုင်း စတော့ရှယ်ယာဈေးကွက်မှာ ၉ လအတွင်း ငွေကြေးလည်ပတ်မှု ၁၈.၈% ကျဆင်းခဲ့ပြီး ယူရို ၇၄၉ သန်း အရှုံးပေါ်ခဲ့ပါတယ်။ ဘဏ္ဍာနှစ်စမှာပဲ ယန်းငွေ ၂.၁ ဘီလီယံ အရှုံးပေါ်နေခဲ့ပြီး ရှန်ဟိုင်းမှာတော့ La CHapelle ကုမ္ပဏီရဲ့ ရှယ်ယာဈေးနှှုန်းက ၂၀၁၅ ခုနှစ်ကစပြီး ၉၃ ရာခိုင်နှုန်းကျဆင်းခဲ့တာဖြစ်တယ်လို့ အလှအပ ဖက်ရှင်ကဏ္ဍဈေးကွက်ရဲ့ စီးပွားရေးသုံးသပ်ချက်တွေ ဖော်ပြပေးလေ့ရှိတဲ့ FASHION Network ဝက်ဘ်ဆိုက်စာမျက်နှာမှာ ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့က ဖော်ပြထားတဲ့ သတင်းမှာ ရေးသားဖော်ပြထားပါတယ်။ သတင်းကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်။

      ကိုဗစ်ကာလမှာ စီးပွားရေးလုပ်ငန်းတွေထိခိုက်နစ်နာမှူတွေရှိတာမှန်ပေမယ့် ကမ္ဘာတစ်ဝှမ်းကို ဖြန့်ကျက်ထားတဲ့ စီးပွားရေးအုပ်စုတွေကတော့ချက်ချင်းဆိုသလို ဒေဝါလီခံဖို့ဆိုတာမလွယ်ကူပါဘူး။ အခုဖြန့်ဝေတဲ့ရေးသားမှူဟာ သတင်းတစ်ခုလုံးမှားယွင်းခဲ့တာမဟုတ်ပေမယ့် နားလည်မှူလွဲမှားပြီးလိုရာဆွဲရေးသားထားခြင်းဖြစ်တာကြောင့် Boom Myanmar က အချက်အလက်အမှန်တွေကို စိစစ်တင်ပြပေးလိုက်ရပါတယ်။

      Tags

      bankruptcyCovid19PandemicCrisisfake newscompanies bankrupt#Coronavirus
      Read Full Article
      Claim :   Covid - 19 ကြောင့် ကမ္ဘာ့ထိပ်တန်းကုမ္ပဏီကြီးတွေ ဒေဝါလီခံပြီး ပိတ်သိမ်းနေတယ်လို့ အမှားအမှန်ရောစပ် ဖြန့်ဝေနေတဲ့အတွက် Boom Myanmar က သတင်းဆန်းစစ်ပေးလိုက်ပါတယ်။
      Claimed By :  Facebook, Website
      Fact Check :  False
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      Next Story
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!