BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • နေပြည်တော်အကျဉ်းထောင်...
သတင်းအတု

နေပြည်တော်အကျဉ်းထောင် မီးလောင်တယ်ဆိုတဲ့ သတင်းအမှား

နေပြည်တော်အကျဉ်းထောင် မီးလောင်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အကျဉ်းသား ငါးထောင် အသက်လု နေရတယ် ဆို ပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  24 April 2025 9:32 PM IST
  • နေပြည်တော်အကျဉ်းထောင် မီးလောင်တယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို Local Celegram ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဧပြီလ ၂၀ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၃ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'နေပြည်တော်အကျဉ်းထောင် မီးလောင်ကုန်ပြီဟေ့။ အမေစုနဲ့အတူ အကျဉ်းသား ၅ ထောင်ဦး အသက်လုနေရပြီ။ အရေးပေါ်ကြေညာ' လို့ ရေးသားထား တာပါ။

    ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    နေပြည်တော်အကျဉ်းထောင် မီးလောင်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အကျဉ်းသား ငါးထောင် အသက်လုနေရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Khit Thit Media မှာ ဧပြီလ ၂၀ ရက်နေ့က ဖော်ပြထားတဲ့ 'မန္တလေးအိုဘိုထောင်တွင် ငလျင်ဒဏ်ကြောင့် နိုင်ငံရေးအကျဉ်းသားအကျဉ်းသူများ အပါအဝင် အကျဉ်းသား ၃၀ ဦးသေဆုံးပြီး နောက်ဆက်တွဲ အခြေအနေ စိုးရိမ်နေရ' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

    သတင်းထဲမှာ မန္တလေးအိုဘိုထောင်မှာ ငလျင်ဒဏ်ကြောင့် အဆောက်အအုံတွေ ပြိုကျပျက်စီးကာ နိုင်ငံရေးအကျဉ်းသားအကျဉ်း သူတွေ အပါအဝင် အကျဉ်းသား ၃၀ ဦးသေဆုံးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောဆိုကြောင်း၊

    လက်ရှိမှာ နိုင်ငံရေးအကျဉ်းသားတွေကို ငလျင်ကြောင့် ပျက်စီးယိုယွင်းနေတဲ့ အကျဉ်းထောင်အဆောက်အအုံတွေအတွင်း ဝင်ရောက်နေထိုင်ဖို့ အတင်းအကျပ် စေခိုင်းနေကြောင်း၊ မလိုက်နာပါက ထောင်ပြောင်းမယ်လို့ ခြိမ်းခြောက်မှုတွေ လုပ်ဆောင်နေကြောင်း၊ အကျဉ်းထောင်တွေမှာ အကူအညီတွေ လိုအပ်နေပြီး ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေအနေနဲ့လည်း မြန်မာနိုင်ငံ အကျဉ်းထောင်များထဲက နိုင်ငံရေးအကျဉ်းသားတွေကို အကြမ်းဖက်စစ်အုပ်စုရဲ့ ရက်ရက်စက်စက် ဖိနှိပ်အကြမ်းဖက်မှု အခြေအနေတွေကို စဉ်ဆက်မပြတ် စောင့်ကြည့်ဖိအားပေးကြဖို့လည်း စုပေါင်းတောင်းဆိုထားတယ်လို့ ရေးသားထားတာပါ။

    ဒီသတင်းထဲမှာ နေပြည်တော်အကျဉ်းထောင် မီးလောင်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အကျဉ်းသား ငါးထောင် အသက်လုနေရတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

    Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    destroyed by fireနေပြည်တော် အကျဉ်းထောင်အိုးဘိုထောင်မီးလောင်သေဆုံးသတင်းမှားFakenews
    Read Full Article
    Claim :   နေပြည်တော်အကျဉ်းထောင် မီးလောင်တယ်လို့ဆို
    Claimed By :  Facebook, Website, Youtube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!