BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • လူမှုကွန်ရက်ပေါ်က ကြိုတင်မဲ...
      သတင်းအတု

      လူမှုကွန်ရက်ပေါ်က ကြိုတင်မဲ သတင်းအမှား

      လူမှုကွန်ယက်ပေါ်မှာ ပြည်ပ နိုင်ငံတွေက ကြိုတင်မဲ တွေနဲ့ ပတ်သက်ပြီး သတင်းအမှားတွေ ပျံ့နှံ့နေပါတယ်။

      By - Boom Live Myanmar |
      Published -  6 Oct 2020 8:32 AM IST
    • လူမှုကွန်ရက်ပေါ်က ကြိုတင်မဲ သတင်းအမှား

      အဆိုပါ သတင်းအမှားတွေကို သုတမောင်မောင် ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က အောက်တိုဘာလ ၃ ရက်နေ့မှာ တင်ထားခဲ့တာ ဖြစ်ပြီး ၎င်းရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားတဲ့ အကြောင်းအရာတွေကို Su Mon Su Mon ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က သုတမောင်မောင် တင်ထားတဲ့ အကြောင်းအရာတွေ Screen Shot ပြုလုပ်ပြီး ၎င်းရဲ့ ဖေ့စ်ဘွတ်မှာ ပြန်တင်ခဲ့ပါတယ်။

      အဲ့ဒီ သတင်းအမှားအတွေထဲမှာ USDP ပါတီနဲ့ NLD ပါတီကို ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်မဲ ပေးထားတဲ့ အရေအတွက်တွေကို နိုင်ငံအလိုက်ဖော်ပြထားပါတယ်။ ၎င်း ဖော်ပြမှုထဲမှာ လာအိုနိုင်ငံမှာ USDP က ၄၃၅၉ မဲ နဲ့ NLD က ၂၇၃ မဲ၊ ကိုရီးယားမှာ USDP က ၂၇၉၈ မဲ နဲ့ NLD က ၁၇၈ မဲ၊ ဘရူနိုင်းမှာ NLD က ၂၇၆၁ မဲနဲ့ USDP က ၅၈၃ မဲ၊ တရုတ်မှာ USDP က ၉၁၂၇၅ မဲနဲ့ NLD က ၁၇၂၉ မဲ၊ အင်ဒိုနီးရှားမှာ NLD က ၁၈၇ မဲနဲ့ USDP က ၄၉၀ မဲ၊ ဩစတြေးလျမှာ NLD က ၁၂၈ မဲနဲ့ USDP က ၃၉၉၆ မဲ နဲ့ အမေရိကန်မှာ NLD က ၄၈ မဲ နဲ့ USDP က ၂၉၁၈ မဲ အသီးသီး ရရှိနေပြီလို့ ရေးသားဖော်ပြထားပါတယ်။

      အဆိုပါ ပိုစ့်ကို Su Mon Su Mon ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ ထပ်ဆင့်ဝေမျှသူပေါင်း ၇၀၀ ကျော် ရှိခဲ့ပါတယ်။

      ဒါ့အပြင် Aung Zaw ဆိုတဲ့ နောက်ထပ် ဖေ့စ်ဘွတ်အကောင့်တစ်ခုကလည်း သုတမောင်မောင် အကောင့်မှာ တင်ထားတဲ့ Screen Shot တွေကို ပြန်တင်ထားပြီး "ကြိုတင်မဲ တွေကို ကြည့်ရတာ USDP အတွက် အားရှိ တယ်ဟေ့။ စာသားအားလုံး သုတမောင်မောင်" လို့ ရေးသားထားပါတယ်။ အဲ့ဒီ ပိုစ့်ကို ထပ်ဆင့်ဝေမျှသူပေါင်း ၇၀၀ ကျော် ရှိခဲ့ပြီး နောက်ထပ် ဖေ့စ်ဘွတ်အကောင့်တွေကလည်း အဲ့ဒီ သတင်းအမှား Screen Shot တွေကို ကူးယူဖော်ပြခဲ့ကြပါတယ်။

      ရေးသား ဖြန့်ဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ ကြည့်နိုင်ပါတယ်။


      သတင်းဆန်းစစ်ချက်

      သုတမောင်မောင် ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ရေးသားဖြန့်ဝေခဲ့တဲ့ ပြည်ပနိုင်ငံတွေက ကြိုတင်မဲတွေမှာ USDP က မဲ အများဆုံး ရရှိထားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် ဆန်းစစ်ကြည့်တဲ့အခါ သတင်းအမှား သက်သက်ဖြစ်ကြောင်းတွေ့ရပါတယ်။

      ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး Boom Myanmar က ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အရပ်ဘက်အဖွဲ့အစည်း ဖြစ်တဲ့ People's Alliance for Credible Elections (PACE) အဖွဲ့က Program Manager ကိုဟန်စိုးထွန်းကို ကြိုတင်မဲတွေ ရေတွက်ပုံ နဲ့ ပတ်သက်ပြီး မေးမြန်းတဲ့ အခါမှာ လက်ရှိအချိန် သက်ဆိုင်ရာနိုင်ငံအသီးသီးက ကြိုတင်မဲတွေကို စာအိတ်တွေနဲ့ ထည့်ပြီး ချိတ်ပိတ်ထားဆဲ ဖြစ်တဲ့အတွက် မည်သူမှ မသိနိုင်သေးဘဲ ၎င်းတို့ ရေးသားဖော်ပြနေတဲ့ ကိန်းဂဏာန်းတွေဟာ ဖြစ်နိုင်ချေ မရှိတဲ့ ကိန်းဂဏာန်းတွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။

      ကြိုတင်မဲတွေကို ရွေးကောက်ပွဲ ကာလမှာ ရေတွက်ကြတဲ့ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး "ကြိုတင်မဲအရေအတွက်ကို လက်ရှိအချိန် မှာ ဘယ်သူမှ အတိအကျ မသိနိုင်သေးဘူး။ မဲဆန္ဒရှင်က ဘယ်လောက်ရတယ်ဆိုတာ ခုချိန်မှာ မသိနိုင်ဘူး။ ဒါ ပရိုစီဂျာ အရပေါ့။ သူတို့က လျို့ဝှက်မဲပေးတဲ့ စနစ်ကို ကျင့်သုံးတယ်။ ပြီးတော့ ချိတ်ပိတ်တယ်။ စာအိတ်ထဲကို ထည့်တယ်ပေါ့။ စာအိတ်ထဲကို ထည့်ပြီးတော့မှ ကော်မရှင်ကို Direct ပို့တယ်။ ကော်မရှင်ကနေမှ တဆင့် မြို့နယ် ကော်မရှင်ရုံးကို ပို့တယ်။ အဲ့ဒီ ပို့တဲ့ အထဲမှာ ဘယ်က ပို့လဲဆိုတာ ပါတယ်။ ဆိုလိုတာက စင်္ကာပူကနေ မဲဘယ်လောက်ပို့တယ်။ ဇီးပင်ကြီးက ဝန်ထမ်းတက္ကသိုလ်ကနေ ဘယ်လောက်ပို့တယ်။ ဒါမှမဟုတ်ရင်လည်း အင်းစိန်အကျဉ်းထောင်ကနေ ဘယ်လောက်ပို့တယ်။ အဲ့လိုမျိုးပေါ့။ မြို့နယ်အတွက် ကော်မရှင်ကနေ ပို့တာဆိုတဲ့ ပုံစံ ၁၈ ဖောင်ပါတယ်။ အဲ့ဒါနဲ့ တိုက်ပြီး ယူတာပေါ့။ စာအိတ်တွေက ချိတ်ပိတ်ထားတယ်။ ဘယ်အချိန်မှ မဲ ရေတာလဲဆိုတော့ ရွေးကောက်ပွဲနေ့ မဲရုံတွေ ပိတ်တဲ့အချိန် ၄ နာရီ ကျရင် မြို့နယ် ကော်မရှင်ရုံးမှာ စရေတယ်။ မဲရုံတွေမှာကကျတော့ မဲရုံမှာ လာပေးတဲ့ မဲတွေကို ရေနေတဲ့အချိန်မှာ မြို့နယ်ကော်မရှင် ရုံးမှာ ကျွန်တော်တို့ အကုန်လုံးက မဲရလဒ် စာရင်းပြုစုတာပေါ့။ မဲရုံတွေက မဲတွေကို ရေပြီးသွားရင် ပုံစံ (၁၆) နဲ့ မြို့နယ်ရုံးကို ပို့ပေးမှာပေါ့။ အဲ့ဒါတွေ လက်မခံခင်မှာ ၄ နာရီ ထိုးတာနဲ့ကို မြိုကနယ်ရုံးမှာ (၄) နာရီ နောက်ပိုင်းကနေ စရေတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ၄ နာရီ အထိကို မဲဆန္ဒနယ်ပြင်ပ ကြိုတင်မဲတွေက လက်ခံခွင့် ရှိတယ်လေ။ ၄ နာရီ နောက်ပိုင်း လက်ခံခွင့် မရှိတော့ဘူး။ ပြီးရင် အဲ့ဒါတွေကို ပုံစံ (၁၈) နဲ့ စာရင်းပြုစုတယ်။ ပုံစံ (၁၈) အမျိုးအစားတွေကတော့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် ရှိမယ်။ တိုင်းရင်းသားလူမျိုးလွှတ်တော် ရှိမယ်။ အဲ့ဒါတွေနဲ့ ပြုစုထားတာ ရှိမယ်။ ပြုစုတဲ့ အပြင် ၁၈(၁) ကိုလည်း ပြုစုထားရတယ်။ ဒါမှ ကျွန်တော်တို့က ပြန်တိုက်လို့ ရတာပေါ့။ မဲ စုစုပေါင်းပေါ့။ ကိုယ်စားလှယ်လောင်းတွေ အားလုံးရဲ့ စုစုပေါင်းက ၁၈(၁) မှာ ဘယ်အဖွဲ့တွေက ဘယ်လောက်ပို့လဲ ဆိုတာ အကုန်ပါတယ်" လို့ လုပ်ငန်းစဉ် အဆင်ဆင့်ကို ကိုဟန်စိုးထွန်းက အခုလို ရှင်းပြပါတယ်။



      Tags

      false newsearly votingElection Myanmarသတင်းအမှားကြိုတင်မဲရွေးကောက်ပွဲ
      Read Full Article
      Claim :   သုတမောင်မောင် ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ရေးသားဖြန့်ဝေခဲ့တဲ့ ပြည်ပနိုင်ငံတွေက ကြိုတင်မဲတွေမှာ USDP က မဲ အများဆုံး ရရှိထားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
      Claimed By :  facebook
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!