BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • တရုတ်စစ်တပ်နဲ့ AA...
သတင်းအတု

တရုတ်စစ်တပ်နဲ့ AA တိုက်ပွဲဖြစ်တယ်ဆိုတဲ့ သတင်းအမှား

တရုတ်စစ်တပ်နဲ့ အာရက္ခတပ်တော် AA တို့ ထိပ်တိုက်တွေ့ဆုံ တိုက်ပွဲဖြစ်ရာမှာ တရုတ်ဘက်က ၁၃ ဦးသေဆုံးတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  29 Nov 2024 6:18 PM IST
  • တရုတ်စစ်တပ်နဲ့ AA တိုက်ပွဲဖြစ်တယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ D K TV ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်နဲ့ Khit Thit Media ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ နိုဝင်ဘာ ၂၇ ရက်နေ့မှာ စတင်ကာ တပြိုင်နက် ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့် ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၁၀ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'တရုတ်စစ်တပ်နဲ့ AA ထိပ်တိုက်တွေ့ပြီ။ တရုတ်စစ်တပ်ဘက်မှ (၁၃) ဦးသေဆုံး။ စစ်ခွေး (၅၀၀) ကျော် အလံဖြူထောင်ပြီး လက်နက်ချ' လို့ ရေးသား ထားတာပါ။

    ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    တရုတ်စစ်တပ်နဲ့ AA တိုက်ပွဲဖြစ်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့ အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    တရုတ်နိုင်ငံဟာ ရခိုင်ပြည်နယ်က ဓါတ်ငွေ့ထုတ်ယူမှုကို ကာကွယ်ဖို့ လုံခြုံရေးတပ်ကို ပို့ဆောင်ဖို့ စီစဉ်နေတယ် ဆိုပေမယ့် AA နဲ့ တိုက်ဖို့ ပို့ဆောင်ခြင်းတော့ မဟုတ်ပါဘူး။

    ဒီအကြောင်းအရာဟာ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပြီး ယုံကြည်စိတ်ချရတဲ့ သတင်းဌာန တွေနဲ့ အဖွဲ့အစည်းတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

    ဒါ့အပြင် AA ရဲ့ သတင်းတွေ ထုတ်ပြန်ပေးနေတဲ့ AA Info Desk ချန်နယ်တွေမှာလည်း ထုတ်ပြန်ထားတာ မရှိပါဘူး။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    လက်နက်ချတရုတ်စီမံကိန်းတရုတ်စစ်ကူFakenewsArakan Army AAအလံဖြူထောင်သတင်းအတု
    Read Full Article
    Claim :   တရုတ်စစ်တပ်နဲ့ AA တိုက်ပွဲဖြစ်တယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!