BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အောင်လအန်ဆန်းပွဲစဉ် သတင်းအမှား
သတင်းအတု

အောင်လအန်ဆန်းပွဲစဉ် သတင်းအမှား

အောင်လအန်ဆန်းပွဲစဉ်တွေနဲ့ပတ်သက်ပြီးလူမှုကွန်ရက်ပေါ်မှာသတင်းအမှားတွေမကြာခဏပေါ်ထွက်လေ့ရှိသလို ဒီရက်ပိုင်းထဲမှာလည်း အလားတူသတင်းအမှားတွေထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  18 Dec 2020 7:47 AM IST
  • အောင်လအန်ဆန်းပွဲစဉ် သတင်းအမှား

    ဒီသတင်းအမှားတွေဖြန့်ဝေကြရမှာ ONE Championship လိုဂိုပါ ပွဲစဉ်ဇယားပုံပေါ်မှာ အောင်လအန်ဆန်း နဲ့ ဂျွန်နသန်ဟက်ဂတီဆိုသူ တို့ရဲ့ ပုံကို အဓိကပွဲစဉ်အဖြစ် ယှဉ်ပြကာ "စင်ကာပူနိုင်ငံမှာ ထိုးသတ်မဲ့ အောင်လပွဲစဉ် အတိအကျ ထွက်ပေါ်လာပါပြီ။ ဒီဇင်ဘာ (18) ရက် နေ့ညမှာ တိုက်ရိုက်ကြည့်ချင်သူများ share" ဆိုပြီး ဖြန့်ဝေနေတာပါ။

    ဒီဖြန့်ဝေမှုကို ပြန်လည်ဖြန့်ဝေမှုပေါင်း သုံးထောင်သုံးရာ ကျော်ရှိပြီး ကူးယူဖြန့်ဝေသူတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီသတင်းကို ဆန်းစစ်ရာမှာ ဒီပွဲစဉ်ဇယားဆိုတာ အတုပြုလုပ်ထားတာ ဖြစ်ပါတယ်။ အောက်ဖော်ပြပါပုံကို သေချာကြည့်ရင် ရက်စွဲမှာ ဒီဇင်ဘာ ၁၈ ရက် ဟုတ်မနေပဲ ဒီဇင်ဘာ ၁၁ ရက်နေ့ ဖြစ်နေပါတယ်။ မြှားနဲ့ ပြသထားပါတယ်။


    ဒါဟာ ဒီဇင်ဘာ ၁၁ ရက်နေ့က စင်ကာပူနိုင်ငံမှာ ONE Championship က ကျင်းပခဲ့တဲ့ BIG BANG II ပွဲဖြစ်ပြီး အဓိကပွဲစဉ်အဖြစ် မွေထိုင်းလက်ဝှေ့ ဖလိုင်ဝိတ်တန်း ကမ္ဘာ့ချန်ပီယမ်ဟောင်း Jonathan Haggerty နဲ့ ဂျန်ပန်လက်ဝှေ့ အကျော်အမော် Taiki Naito တို့ ထိုးသတ်ခဲ့တဲ့ ပွဲဖြစ်ပါတယ်။ ဒီပွဲမှာ Jonathan Haggerty က အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ပွဲကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။


    ONE Championship ရဲ့ တရားဝင်ဖေစ့်ဘွတ်ပေချ့်မှာ ဒီဇင်ဘာလ ၇ ရက်နေ့က ရေးသားဖော်ပြထားတဲ့ အထက်ပါပုံကို ပြန်လည်ပြုပြင်ပြီး သတင်းမှားဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

    ONE Championship ရဲ့ပိုစ့်ကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    Letweiမွေထိုင်းလက်ဝှေ့Muay Thaiမြန်မာ့လက်ဝှေ့
    Read Full Article
    Claim :   စင်ကာပူနိုင်ငံမှာ ဒီဇင်ဘာလ ၁၈ ရက်နေ့ ထိုးသတ်မဲ့ အောင်လအန်ဆန်းပွဲစဉ်ဆိုပြီး လူမှုမီဒီယာတွေပေါ် ဖြန့်ဝေနေတဲ့အတွက် BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!