BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်ကိုင်းတိုင်းအပါအဝင်...
သတင်းအတု

စစ်ကိုင်းတိုင်းအပါအဝင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်တွေ ကြေညာတယ်ဆိုတဲ့ သတင်းအမှား

စစ်ကောင်စီက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်တွေ ကြေညာခဲ့ရာမှာ ဗိုလ်နဂါးရဲ့ စစ်ကိုင်းတိုင်းလည်း ပါဝင်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  18 Feb 2023 9:19 AM IST
  • စစ်ကိုင်းတိုင်းအပါအဝင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်တွေ ကြေညာတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်တွေမှာ ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်းမှာ စတင်ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်ခန့်ရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တွေ ကြေညာ။ ဗိုလ်နဂါးရဲ့ စစ်ကိုင်းလည်း ပါဝင်။ ပြည်နယ်ကြိး ၄ ခု ခွဲထွက်ခွင့်ပြုမည်ဟု ကြေညာ။ မြန်မာပြည်ကို အပြည့်အဝ ပြန်ထိန်းမည်ဟုဆို’ လို့ ရေးသား ဖြန့်ဝေထားတာဖြစ်ပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တွေ ကြေညာဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    အခုဖြန့်ဝေနေတဲ့ ဗွီဒီယိုထဲမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တွေ ကြေညာဆိုတဲ့ အကြောင်းအရာ ပါဝင်ခြင်းမရှိပါဘူး။ အခြားသတင်းဌာနတွေက သတင်းတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြုလုပ်ထားတဲ့ ဗွီဒီယိုဖိုင်သာ ဖြစ်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Page ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ သတင်းခေါင်းစဉ်၊ နောက်ခံဓါတ်ပုံတွေမှာ ဝင်ရောက်ကြည့်ရှု့သူများအောင် လိမ်ညာရေးသားက ကြည့်ရှု့သူအရေအတွက်နဲ့ ဝင်ငွေပြန်ရှာနေတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP၊ ရှမ်းပြည် တိုးတက်ရေးပါတီ SSPPနဲ့ NDAA မိုင်းလားအဖွဲ့ တာဝန်ရှိသူတွေနဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်းက တကြိမ်၊ ဒီနှစ်အစောပိုင်းက တစ်ကြိမ် တွေဆုံခဲ့ပါတယ်။ တွေ့ဆုံပွဲအတွင်း ဗမာပြည်နယ် ဖွဲ့စည်းရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ကိစ္စနဲ့ “ဝ” ပြည်နယ် ရရှိရေးကိစ္စတွေဆွေးနွေးခဲ့ပေမယ့် စစ်ခေါင်းဆောင်ဘက်က ဗမာပြည်နယ်ဖွဲ့စည်းရေးကို လက်မခံသလို “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်နဲ့ မိုင်းလားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တောင်းဆိုမှုတွေကို လာမယ့်ရွေးကောက်ပွဲအပြီး ဖြစ်ပေါ် လာမယ့် လွှတ်တော်ကသာ ဆုံးဖြတ်ရမှာလို့ ပြောဆိုခဲ့ကြောင်း သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

    သတင်းဌာနတွေမှာ ဖော်ပြထားမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    Tags

    ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသself-governing statesFakenewsMilitary Coupစစ်ကောင်စီ
    Read Full Article
    Claim :   စစ်ကောင်စီက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်တွေ ကြေညာခဲ့ရာမှာ ဗိုလ်နဂါးရဲ့ စစ်ကိုင်းတိုင်းလည်း ပါဝင်တယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!