BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • သပိတ်ဖြိုခွင်းခံရစဉ် ဒဏ်ရရရှိသူကို...
သတင်းအတု

သပိတ်ဖြိုခွင်းခံရစဉ် ဒဏ်ရရရှိသူကို မိုင်းခွဲသူအဖြစ် သတင်းအမှားဖြန့်

မကွေးမြို့က ဆန္ဒပြပွဲကို စစ်တပ်က ဖြိုခွင်းစဉ်မှာ ထိခိုက်ဒဏ်ရာတွေ ရရှိပြီး လက်တစ်ဖက် ပြတ်ခဲ့ရတဲ့ မကွေးနည်းပညာ တက္ကသိုလ်ကျောင်းသား ကိုလျှံဖြိုးအောင်ကို စာသင်ကျောင်းတွေ မိုင်းခွဲရင်း ထိခိုက်မိသူအဖြစ် ဖြန့်ထားတဲ့ သတင်းအမှားတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  29 March 2022 10:25 PM IST
  • သပိတ်ဖြိုခွင်းခံရစဉ် ဒဏ်ရရရှိသူကို မိုင်းခွဲသူအဖြစ် သတင်းအမှားဖြန့်

    အဆိုပါ သတင်းအမှားကို မုံရွာသတင်းစုံဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က မတ်လ ၂၉ ရက်နေ့ ညနေ ၄ နာရီ ၉ မိနစ်မှာ ဖြန့်ဝေထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ လက်တစ်ဖက် ဖြတ်ထားပြီး ပါတ်တီးတွေနဲ့ ဒဏ်ရာရရှိထားတဲ့ ကိုလျှံဖြိုးအောင်ရဲ့ ဓါတ်ပုံတွေ အသုံးပြုထားပါတယ်။

    အဆိုပါ ဓါတ်ပုံတွေနဲ့အတူ "စာသင်ကျောင်းအား မိုင်းခွဲတိုက်ခိုက်ဖိုအတွက် လက်လုပ်မိုင်းများ စမ်းသပ်ပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပြီး ခြေတစ်ချောင်းတိုပြီး လက်တစ်ချောင်း ပြတ်ကာ မျက်လုံးကန်းသွားသည့် မကွေးနည်းပညာတက္ကသိုလ်၊အင်ဂျင်နီယာ ကျောင်းသား လျှံဖြိုးအောင် ကို ထောင်(၃)နှစ်ချလိုက်ပါတယ်" (မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ထပ်ဆင့်ဝေမျှထားသူ များစွာရှိပြီး ကူးယူဖော်ပြထားသူတွေလည်း များစွာရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    ကိုလျှံဖြိုးအောင်ဟာ လက်လုပ်မိုင်း စမ်းသပ်ရင်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တာ မဟုတ်ပါဘူး။ ယမန်နှစ် ၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က မကွေးမြို့ ဆန္ဒပြပွဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ် ဖြိုခွင်းချိန်မှာ ကိုလျှံဖြိုးအောင်က အဆိုပါ ဆန္ဒပြပွဲထဲမှာ ဒိုင်းကာအဖြစ်ပါဝင်ခဲ့ပြီး စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် လက်နဲ့ခြေထောက်တွေမှာ သေနတ်ကျည် ထိမှန်ပြီး ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

    ဒီလို စစ်တပ်ရဲ့ ပစ်ခတ်ဖြိုခွင်းတာကြောင့် ကိုလျှံဖြိုးအောင်ရဲ့ ညာဘက်လက်တဘက်နဲ့ ညာဘက်မျက်လုံး တစ်လုံး ဆုံးရှုံးခဲ့ရပြီး မကွေးမြို့က ခုတင် ၁၀၀ စစ်ဆေးရုံမှာ ကနဦး ကုသခဲ့ပါတယ်။အဲ့ဒီနောက် ၂၀၂၁ ခုနှစ် ဧပြီလမှာ ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုခံရပြီး ဇွန်လ ၇ ရက်နေ့မှာ ခုတင် ၁၀၀ စစ်ဆေးရုံကနေ မကွေးအကျဉ်းထောင်ကို ပို့ဆောင် ချုပ်နှောင်ခံခဲ့ရပါတယ်။ ယမန်နေ့ မတ်လ ၂၈ ရက်နေ့မှာတော့ အဆိုပါ ပုဒ်မနဲ့ ထောင်ဒဏ် သုံးနှစ် ချမှတ်ခံထားရတာဖြစ်ပါတယ်။

    ကိုလျှံဖြိုးအောင်ဟာ ဆန္ဒပြစဉ်မှာ ဖြိုခွင်းခံရပြီး ဒဏ်ရာရရှိခဲ့သူ ဖြစ်ပါတယ်။ စာသင်ကျောင်းတွေကို မိုင်းထောင် ဖောက်ခွဲသူ မဟုတ်သလို၊ လက်နက်တွေ စမ်းသပ်စဉ် ထိခိုက် ဒဏ်ရာရရှိခဲ့သူလည်း မဟုတ်ပါဘူး။ကိုလျှံဖြိုးအောင် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ သတင်းတွေ၊ ထောင်ဒဏ် ချမှတ်ခံရတဲ့ သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာ မှာ ဖတ်ပါ။



    Tags

    false newstechnology studentlost right eyemilitary crackdownမကွေးနည်းပညာကျောင်းသားမျက်လုံးတစ်ဖက် ဆုံးရှုံးသတင်းအမှား
    Read Full Article
    Claim :   စာသင်ကျောင်းမိုင်းခွဲတိုက်ခိုက်ဖို့ လက်လုပ်မိုင်းများ စမ်းသပ်ပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာရရှိသူကို ထောင် ၃ နှစ်ချ
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!