BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ပုဂံဓမ္မရံကြီးဘုရားအောက်မှာ UFO...
      သတင်းအတု

      ပုဂံဓမ္မရံကြီးဘုရားအောက်မှာ UFO ရှိသလား

      ပုဂံဓမ္မရံကြီးဘုရားအောက်မှာ UFO ရှိနေတဲ့အတွက် တရုတ်က ပညာရှင်တွေ တူးဖော်ဖို့ လုပ်နေတယ်ဆိုပြီး ရေးသားဖြန့်ဝေ နေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  22 Sept 2023 11:13 AM IST
    • ပုဂံဓမ္မရံကြီးဘုရားအောက်မှာ UFO ရှိသလား

      ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ Strange Tv ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ စက်တင်ဘာလ ၁၂ ရက်နေ့က စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်ကျော်ရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘ပုဂံဓမ္မရံဘုရားကြီးအောက် UFO ရှိနေ။ တရုတ်ပညာရှင်များ လာရောက် တူးဖော်ရန်လုပ်နေ’ လို့ ရေးသားထားပါတယ်။

      ဗီဒီယိုထဲမှာတော့ ပုဂံဘုရင်တွေနဲ့ တရုတ်ရဲ့ ဆက်စပ်ပြီး အထောက်အထားမရှိတဲ့ အကြောင်းအရာတွေကို လုပ်ကြံပြီး လူအများ စိတ်ဝင်စားအောင် နောက်ခံစကားပြောနဲ့ ပြောဆိုထားတာသာ ဖြစ်ပါတယ်။တကယ်တော့ ပုဂံက ဓမ္မရံကြီးဘုရားနဲ့ ပက်သတ်တဲ့ ကောလဟလတွေကို JJ Vlogs ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာလည်း ၂၀၂၀ ခုနှစ် နှစ်ကုန်ပိုင်းက တစ်ကြိမ် ဖြန့်ဝေခဲ့ပါသေးတယ်။

      ဖြန့်ဝေမှုမှာ ‘ပုဂံဒေသ က ဓမ္မရံကြီးဘုရား နဲ့ UFO တွေ က ဆက်စပ်မှုရှိနေလား။ အလောင်းစည်သူမင်း ဓမ္မရံကြီးဘုရား နဲ့ NASA ဘယ်လိုဆက်နွယ်မှုတွေ ရှိနေနိုင်လဲ။ အလောင်းစည်သူမင်းရဲ့ ဖောင်စကြာ ကရောဘယ်ရောက်သွားတာလဲ။ ဓမ္မရံကြီးဘုရား ထဲမှာရော ဘာတွေ ရှိနေနိုင်လဲ’ ဆိုပြီး ရေးသားဖြန့်ဝေခဲ့တာပါ။

      ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      ဓမ္မရံဘုရားကြီးအောက် UFO ရှိနေတယ်ဆိုတဲ့ အကြောင်းအရာ အပါအဝင် အလောင်းစည်သူမင်းရဲ့ ဖောင်စကြာ အကြောင်းအရာ တွေဟာ သတင်းအမှားတွေသာ ဖြစ်တဲ့အကြောင်း ပုဂံဘုရားတွေအကြောင်း vlog ရိုက်ကူးသူ တစ်ဦးနဲ့ အင်တာဗျူးတစ်ခုမှာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်း ပြောထားတာ ရှိပါတယ်။

      ဒီအကြောင်းအရာကို KoHein Vlogs ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇူလိုင်လ ၁၁ ရက်နေ့က ဖော်ပြထားပါတယ်။ အဆိုပါပေချ့်နဲ့ အင်တာဗျူးထားတဲ့ထဲမှာ ဦးကျော်မျိုးဝင်းက ‘ရှေးဟောင်းသုတေသနဌာန အနေနဲ့ တူးဖော်တွေ့ရှိတာတွေရယ်၊ ဒီဇိုင်းတွေရယ်၊ technology တွေရယ်ကို အမြဲလေ့လာနေရကြောင်း၊ ဒီလိုလေ့လာရမှာ တချို့ကိစ္စတွေက ရိုးစင်းလွန်းတဲ့အတွက် အရမ်းဆန်းပြား သွားရတာဖြစ်ကြောင်း၊ ရှေးခေတ်က ရိုးစင်းစွာ လုပ်ခဲ့မှုတွေက နှစ်ပေါင်းတစ်ထောင်လောက် ကြာလာတဲ့အချိန်မှာ ဆန်းပြားတဲ့ ဒီဇိုင်း ဖြစ်သွားတဲ့ သဘောဖြစ်ကြောင်း၊ ဒီလိုဖြစ်တာကို လူတွေက ချိတ်ဆက်ပြီး ဂြိုလ်သားတွေက ဘုရားအောက် UFO မြုပ်ထားတယ်လို့ ပြောဆိုလာတာ ဖြစ်ကြောင်း၊ တကယ်တော့ ဒါတွေဟာ မဟုတ်မှန်ကြောင်း’ ပြောဆိုထားပါတယ်။

      ဒါ့အပြင် ဓမ္မရံကြီးဘုရားရဲ့ အတွင်းပတ်လမ်းတွေကို ဘာကြောင့် ပိတ်ခဲ့ရသလဲ ဆိုတဲ့ မေးခွန်းနဲ့ ပက်သတ်ပြီးလည်း ရှေးဟောင်း အင်ဂျင်နီယာတွေရဲ့ တွက်ဆယူဆချက်အရ ဘုရားတည်ချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် အလျှင်အမြန်တည်ခဲ့ရတာမျိုးတွေ ရှိတဲ့အတွက် အာခီတက်မှာ လျောတာတွေ၊ ပိုသွားတာတွေ ရှိခဲ့ကြောင်း၊ ပုဂံဘုရားတွေကို သာမာန်အားဖြင့် ကြည့်ရင် ကြံ့ခိုင်တယ်ထင်ရပေမယ့် အထဲမှာ လေခိုပေါက်တွေ ရှိနေကြောင်း၊ ဓမ္မရံကြီးဘုရားသည်လည်း ဆောက်လုပ်ရင်း ထုထည်ကြီးမား တချို့တည်ဆောက်မှု အပိုင်းမှာ အားနည်းချက်တွေ ရှိခဲ့ကြောင်း၊ ဘုရားရဲ့ ထုထည်ကြီးမားတဲ့အတွက် အလေးချိန်မနိုင်မှာ စိုတဲ့အတွက် အတွင်းပတ်လမ်းကို ပိတ်ပင်ခဲ့ရတာ ဖြစ်ကြောင်း ပြောထားပါတယ်။

      ဓမ္မရံကြီးဘုရားရဲ့ အတွင်းမှာ ဖောင်စကြာခေါ် UFO ရှိနေမလားဆိုတာနဲ့ ပက်သတ်ပြီး ဦးကျော်မျိုးဝင်းက ဘုရားရဲ့ အုတ်အချို့ ပြုတ်ကျ၊ လွင့်ကျချိန်မှာ ပြန်လည်မပြုပြင် မထိမ်းသိမ်းမီ ဘုရားအတွင်းကို ကြည့်ခဲ့ရာမှာ ဖောင်စကြာတွေ၊ UFO လိုမျိုးတွေ ရှိမကြောင်း ပြန်လည်ပြောကြားထားပါတယ်။

      KoHein Vlogs မှာ ဖြန့်ဝေထားမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      သတင်းအမှားဖြန့်ထားတဲ့ ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

      Tags

      BaganပုဂံUFOပုဂံဘုရားDhammayangyi Templeဓမ္မရံကြီးဘုရားFakenews
      Read Full Article
      Claim :   ပုဂံဓမ္မရံကြီးဘုရားအောက်မှာ UFO ရှိနေတယ်လို့ဆို
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!