တူရကီက မြန်မာနိုင်ငံကို ပျောက်ကွယ်သွားအောင် လုပ်မယ်လို့ ခြိမ်းခြောက်ထားတယ်ဆိုတဲ့ သတင်းအမှား

တူရကီနိုင်ငံက မြန်မာနိုင်ငံကို ကမ္ဘာ့မြေပုံပေါ်က အပြီးပျောက်ကွယ်သွားအောင် လုပ်မယ်လို့ ခြိမ်းခြောက်ထားတဲ့ သတင်းအတုတွေထွက်ပေါ်နေပါတယ်။

အဆိုပါ သတင်းအမှားကို ဇန်နဝါရီလ ၂၈ ရက်နေ့မှာ လူမှန်ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က တင်ထားတာဖြစ်ပြီး သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "တူရကီမှ ၁၀ မိနစ်အတွင်း မြန်မာနိုင်ငံအား ကမ္ဘာ့မြေပုံထဲမှ ပျောက်သွားအောင်လုပ်နိုင်သည်ဟု ခြိမ်းခြောက်ခြင်းအပေါ် တပ်ချုပ်သတိပေး" လို့ ရေးသားထားပါတယ်။ သတင်းအမှားရဲ့ အတွင်းမှာတော့ ဒီလိုပြောကြားမှုဟာ " တစ်နိုင်ငံနှင့် တစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု့အား မျက်ကွယ်ပြုရာရောက်ပြီး နှစ်နိုင်ငံအကျိုးစီးပွားများကို များစွာထိခိုက်စေမည် ဖြစ်ကြောင်း၊ မိမိတို့ မြန်မာနိုင်ငံ၏ အချုပ်အာဏာနှင့် နယ်မြေကျူးကျော် ရန်စလာခြင်း လက္ခဏာတို့အား မိမိတို့ မြန်မာ့တပ်မတော်မှ ပြန်ထန်စွာရှုတ်ချကြောင်း၊ ယခုကဲ့သို့ မိမိတို့ မြန်မာနိုင်ငံအား ကမ္ဘာအလယ်မှာ ဂုဏ်သိက္ခာကျဆင်းစေမဲ့စကားလုံးမျိုးဖြင့် ခြိမ်းခြောက် ပြောဆိုခြင်းအပေါ် မိမိတို့ မြန်မာ နိုင်ငံအနေဖြင့် လက်သင့်ခံခြင်းငှာ လုံးဝမဖြစ်နိုင်ကြောင်း၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို အခြေမခံသည့် စကားများဖြင့် ဝေဖန်တိုက်ခိုက်ခြင်းကို ရပ်ပေးစေလိုကြောင်း၊ ထပ်မံပြီး စကားအရာများဖြင့် ခြိမ်းခြောက် တိုက်ခိုက်နေမည်ဆိုပါက ထိရောက်စွာ လက်တုန့်ပြန်မည်ဖြစ်ကြောင်း…." (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းရေးသားမှုကို ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ၄၀၀ နီးပါးနဲ့ ထပ်ဆင်ဝေမျှထားသူ ၁၀၀ ခန့်ရှိကာ တစ်ခြား ဖေ့စ်ဘွတ်အကောင့်တွေကလည်း ကူးယူဖော်ပြနေကြပါတယ်။

သတင်းဆန်းစစ်ချက်

တူရကီနိုင်ငံက မြန်မာနိုင်ငံကို ကမ္ဘာ့မြေပုံထဲက အပြီးပျောက်ကွယ်သွားအောင် လုပ်နိုင်ကြောင်း ပြောဆိုထားပြီး စစ်ကောင်စီခေါင်းဆောင်က လက်တုန့်ပြန်မယ်လို့ ပြောဆိုထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားသက်သက် ဖြစ်တာကို တွေ့ရပါတယ်။

တူရကီနိုင်ငံက ၎င်းတို့ ပြောသလို မြန်မာနိုင်ငံကို စစ်တိုက်မယ်လို့ ခြိမ်းခြိမ်ပြောဆိုထားတာ မရှိသလို ကမ္ဘာ့မြေပုံပေါ်က အပြီးပျောက်ကွယ်သွားအောင် လုပ်မယ်လို့ ပြောဆိုထားခြင်းလည်း မရှိပါဘူး။

ဒါ့အပြင် စစ်ကောင်စီ ခေါင်းဆောင်က တူရကီနိုင်ငံအပေါ် လက်တုန့်ပြန်မယ်လို့ ပြောဆိုထားခြင်း တစ်စုံတစ်ရာလည်း မရှိပါဘူး။ ဒီအကြောင်းအရာကို တူရကီကရော စစ်ကောင်စီဘက်ကပါ ပြောဆိုထားခြင်း မရှိသလို မည်သည့် သတင်းမီဒီယာကမှလည်း ဖော်ပြထားခြင်း မရှိပါဘူး။ သတင်းအမှားဖြန့်သူက လုပ်ကြံရေးသားထားခြင်း သက်သက်သာ ဖြစ်ပါတယ်။

စစ်တပ်က နိုင်ငံတော်အာဏာသိမ်းယူတာ ၁ နှစ်ပြည်တဲ့နေ့မှာတော့ မြန်မာနိုင်ငံမှာရှိတဲ့ တူရကီသံရုံး Turkish Embassy in Myanmar က စစ်ကောင်စီရဲ့ အာဏာသိမ်း ၁ နှစ်ပြည့်မှာ တိုင်းပြည်အခြေအနေ ဆိုးရွက်လျှက်ရှိနေတဲ့အတွက် စိုးရိမ်ကြောင်း၊ တူရကီ နိုင်ငံက စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်ကြောင်း၊ အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး ဒီမိုကရေစီရေးကို အမြန်ဆုံး အကောင်အထည် ဖော်စေလိုကြောင်း၊ ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေမှာ နေထိုင်နေရတဲ့ ရိုဟင်ဂျာတွေရဲ့ အခြေအနေတွေလည်း တိုးတက်ကောင်းမွန်လာဖို့ ဖြေရှင်းပေးနိုင်အောင် ကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

တူရကီ နိုင်ငံခြားရေးရာ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ဒီမှာ ကြည့်ပါ။


သတင်းအမှားဖြန့်သူဟာ တူရကီနိုင်ငံကရော၊ တူရကီသံရုံးရော၊ နိုင်ငံခြားရေးရာ ဝန်ကြီးဌာနကရော ပြောဆိုထားခြင်းမရှိတဲ့ အကြောင်းအရာကို လုပ်ကြံရေးသားပြီး ဖြန့်ဝေထားခြင်းသာ ဖြစ်ပါတယ်။


Claim :   တူရကီနိုင်ငံက မြန်မာနိုင်ငံကို ကမ္ဘာ့မြေပုံပေါ်က အပြီးပျောက်ကွယ်သွားအောင် လုပ်မယ်လို့ ခြိမ်းခြောက်
Claimed By :  facebook
Fact Check :  False
Show Full Article
Next Story
Our website is made possible by displaying online advertisements to our visitors.
Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.