BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဖေ့စ်ဘွတ်ဝန်ထမ်းအတုတွေဖြန့်ချိတဲ့...
သတင်းအတု

ဖေ့စ်ဘွတ်ဝန်ထမ်းအတုတွေဖြန့်ချိတဲ့ သတင်းအမှားပြဿနာ

ဖေ့စ်ဘွတ်က မြန်မာဝန်ထမ်းတွေအဖြစ်အယောင်ဆောင်အကောင့်ကိုင်တွယ်သူတွေဟာ ပြည်တွင်းက ဖေ့စ်ဘွတ်သုံးစွဲသူတွေကိုတင်မကပဲ မီဒီယာတစ်ခုကိုပါ လှည့်ဖျားခဲ့ကြပါတယ်။

By - Boom Live Myanmar |
Published -  17 April 2020 1:43 PM IST
  • ဖေ့စ်ဘွတ်ဝန်ထမ်းအတုတွေဖြန့်ချိတဲ့ သတင်းအမှားပြဿနာ

    မြန်မာလူမှူကွန်ရက်စာမျက်နှာတွေပေါ်မှာ ပြီးတဲ့ခဲ့ရက်ပိုင်းက ဖေ့စ်ဘွတ်နဲ့ပတ်သက်တဲ့ သတင်းအမှားတချိူ့ လှူပ်လှူပ်ခတ်ခတ်ဖြစ်ပွားခဲ့ပါတယ်။ ဘယ်သူဘယ်ဝါမှန်းမသိရတဲ့ ဖေ့စ်ဘွတ်သုံးစွဲသူ တချိူ့က သူတို့ကိုယ်သူတို့ ဖေ့စ်ဘွတ် Company က မြန်မာဝန်ထမ်းတွေအဖြစ်အယောင်ဆောင်ပြီး သတင်းအအမှားတချိူ့ကို အကွက်ကျကျ ဖြန့ဝေခဲ့တာဖြစ်ပါတယ်။ အဲ့ဒီသတင်းအမှားတွေက ဘယ်သူတွေလဲ၊ သူတို့ဘယ်လိုတွေဖြန့်ခဲ့သလဲဆိုတာတွေနဲ့ပတ်သတက်လို့ Boom Myanmar က ရရှိထားတဲ့အချက်တွေကို ဖေါ်ပြပေးလိုက်ပါတယ်။

    ပထမသတင်းအမှား

    ဒီသတင်းအမှားကို Aung Kyaw Htet အမည်နဲ့ဓါတ်ပုံတချိူ့ အသုံးပြုထားတဲ့ Facebook အကောင့်ပိုင်ရှင်က စတင်ဖြန်ဝေခဲ့ပါတယ်။ အဆိုပါ Facebook အကောင့်ပိုင်ရှင်က ၎င်းဟာ Facebook Myanmar အဖွဲ့က ဝန်ထမ်းဖြစ်ကြောင်း၊ ဧပြီလ ၁ဝ ရက်နေ့က အဖျားတက်နေပြီး ကိုရိုနာဗိုင်းရပ် ကူးစက်ခံထားရကြောင်း၊ ရောဂါအခံလည်း ရှိတဲ့အတွက် ကျန်းမာရေးအခြေအနေ မကောင်းကြောင်း၊ စတာတွေရေရးသားထားတဲ့ Post တစ်ခုကိုဝေမျှခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ပို့စ်ထဲမှာ အမေရိကန်ရောက်ပြီးကတည်းက အမေ့အိမ်ကို မပြန်ရသေးကြောင်း၊ ၎င်းရဲ့လုပ်ဖော်ကိုင်ဖက်များဖြစ်သည့် Facebook Team Myanmar က ညီအကို မောင်နှမများအတွက်လည်း စိုးရိမ်ကြောင်းနဲ့ ၎င်းမှာ ကိုယ်ခံအားမကောင်းသည့်အတွက် အသက်ရှု မဝဖြစ်နေကြောင်း မိခင်နှင့် ပြန်တွေ့ရတော့မည် မဟုတ်ကြောင်း စတာတွေထည့်သွင်းရေးသားထားပါတယ်။ အဲ့ဒီလိုရေးသားထားတဲ့ပို့စ်ကို ဖတ်မိသူတွေက ထပ်ဆင့်ဝေမျှရာကနေ လူပေါင်းများစွာထံပြန့်နှံ့ခဲ့ပါတယ်။

    တကယ်တော့ ဒီသတင်းအမှားကို ရေးတင်ခဲ့တဲ့ Aung Kyaw Htetဆိုသူဟာအကောင့်အစစ်အမှန်မဟုတ်ပဲ တခြား ဖေ့စ်ဘွတ်အသုံးပြုသူ တစ်ဦးရဲ့ ဓါတ်ပုံတွေကို အသုံးပြုထားခဲ့တာဖြစ်ပါတယ်။ ဒီသတင်းအမှားကို အကောင့်အတုနဲ့ ဖြန့်ဝေခဲ့ပြီး နောက်ပိုင်း မှာ အဲ့ဒီအောင်ကျော်ထက်ဆိုတဲ့အကောင့်ဟာ ဖေ့စ်ဘွတ်ပေါ်က ပျောက်သွားခဲ့ပါတယ်။

    ဒုတိယသတင်းအမှား

    ဧပြီလ ၁၃ ရက်နေ့ ၁၂ နာရီ ၄၃ မိနစ်မှာတော့ အဲ့ဒီသတင်းအမှားနဲ့ဆက်စပ်ဖြန့်ချိတဲ့ နောက်ထပ် သတင်းအမှားတစ်ခုကို တခြားအကောင့်သစ်တစ်ခုကနေဖြန့်ဝေခဲ့ပါတယ်။ Hosey Akre လို့အမည်ပေးထားတဲ့ ဖေ့စ်ဘွတ်အကောင့်က သူဟာ နယူးယောက်က Facebook Team Myanmar မှာ အလုပ် အတူတူ လုပ်ကိုင်နေတဲ့ အောင်ကျော်ထက်( ပထမသတင်းအမှားမှ အကောင့်တု ) ဆိုသူထံကတဆင့် သူမထံကို ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတယ်လို့ ရေးသားခဲ့ပါတယ်။ ၎င်းရဲ့ ဖေ့စ်ဘွတ်ပိုစ့်မှာ အမေရိကန်မှာ ဆေးဝါးပစ္စည်း စုံတယ်ဆိုပေမယ့် အခန့်မသင့်လို့ လွဲမှားခဲ့ရင် မိရိုးဖလာဖြစ်တဲ့ နာရေး ကိစ္စတွေကို လုပ်ဆောင်ပေးမယ့်သူ မရှိလို့ ဝမ်းနည်းမိတယ်လို့ ရေးထားပါတယ်။သူမရဲ့အဲ့ဒီပို့စ်ဟာလည်းတစ်ရက်ထဲမှာပဲ လူပေါင်းထောင်ချီပြီးပျံ့နှံ့ခဲ့ပါတယ်။

    သတင်းအတုဖြန့်ဝေသူများနှင့် အင်တာဗျုး

    ဒီသတင်းတွေဟာ ဖေ့စ့်ဘွတ်ပေါ်မှာ တော်တော်ပျံ့နှံ့ ခဲ့ပြီးတဲ့နောက်ပိုင်းမှာ DVB သတင်းဌာနက အကောင့်ပုန်းနဲ့ သတင်းအမှားဖြန့်ဝေသူတွေထဲက ဇေယျာလင်း အမည်ခံထားသူတစ်ယောက်ကိုအင်တာဗျူး လုပ်ခဲ့ပါတယ်။ ဒီအင်တာဗျုးမှာ ဇေယျာလင်းဆိုသူက နယူးယောက်မှာ နေထိုင်တဲ့ Facebook Team Myanmar က ကိုအောင်ကျော်ထက် ခေါ် ကိုမျိုးချစ်ဆိုသူဟာ ကိုရိုနာ ရောဂါကူးစက်ခံထားရကြောင်း ဖြေဆိုထားပါတယ်။ သတင်းအမှား ဖြန့်ဝေသူတွေဟာ DVB သတင်းဌာနကို လိမ်လည်ပြီး Facebook Team Myanmar က ဖြစ်ကြောင်း အင်တာဗျူးဖြေဆိုခဲ့တာဖြစ်ပါတယ်။

    ဒီအင်တာဗျူးကို သတင်းအမှားဖြန်တဲ့ ဒုတိယအကောင့်ဖြစ်တဲ့ Hosy Akre ဆိုတဲ့ အကောင့်က ထပ်ဆင့်မျှဝေပြီး သူ့ရဲ့ပို့စ်မှာတော့ DVB သတင်းဌာန အောက်မှာ ဝိုင်းဆဲနေတဲ့ Comment တွေကြောင့် စိတ်ထဲ ပိုကြေကွဲရတဲ့အတွက် အောင်ကျော်ထက်ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်နဲ့ ဇေယျာလင်းဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ကို ဖျက်ထားတယ်လို့ ရေးသားထားပါတယ်။


    Facebook အကောင့်အတုရဲ့ Profile

    Hose Akre ဆို သူ့ရဲ့အကောင့်ကို စစ်ဆေးတဲ့အခါမှာ Facebook Profile မှာ အမေရိကန်မှာနေထိုင်ပြီး Facebook Team ရဲ့ Network Engineer လို့ ရေးထားပါတယ်။ အဆိုပါ ဖေ့စ်ဘွတ်အကောင့်တုနဲ့ သတင်းအမှား ဖန်တီးသူတွေဟာ facebook ရဲ့ feature တွေကို ကျွမ်းကျင်စွာ အသုံးပြုနေတာကို တွေ့ရပေမယ့် Facebook Team နဲ့ ပတ်သက်တဲ့ Policy တွေကိုတော့ နားလည်ပုံ မရပါဘူး။

    Facebook Team မှာ အလုပ်လုပ်ကိုင်သူတွေဟာ Social Media တွေပေါ်မှာ Facebook Team ရဲ့ ဝန်ထမ်းဖြစ်ကြောင်း လုံးဝ ရေးသားခွင့်မရှိဘူးလို့ Policy တွေ သတ်မှတ်ထားပါတယ်။ အကောင့်တု ဖန်တီးသူတွေဟာ Facebook ရဲ့ Policy ကို နားလည်ပုံ မရပမေယ့် ဖေ့စ်ဘွတ်ရဲ့ ဝန်ဆောင်မှု တစ်ခုဖြစ်တဲ့ Remembering ကိုတော့ အသုံးပြုခဲ့ပါတယ်။

    အဲ့ဒါကယ်လွန်သွားတဲ့အကောင့်တွေအတွက်ရည်ရရွယ်တဲ့ ဖေ့စ်ဘွတ်ရဲ့ဝန်ဆောင်မှူဖြစ်တဲ့ Remembering ဆိုတဲ့ ဝန်စဆောင်မှူကိုထပ်မံအသုံးပြုလှည့်ဖျားခဲ့ပါတယ်။ သတင်းအမှားတွေကို ဖြန့ဝေတဲ့ Hose Akre အကောင့်ဟာ ဧပြီလ ၁၅ ရက်နေ့ ညဦးပိုင်းမှာတော့ Remembering ဝန်ဆောင်မှူ ကို အသုံးပြုချပြီး ကိုရိုနာရောဂါကြောင့် ကွယ်လွန်သွားတဲ့ပုံစံ ပြုလုပ်ခဲ့ပါတယ်။

    ဧပြီလ ၁၅ ရက်နေ့ မှာ Hose Akre ဆိုတဲ့ Facebook အကောင့်ဟာ ဖျက်သွားခဲ့ပြီး တခြား အကောင့်ပုန်းတွေနဲ့ ဒီသတင်းအမှားကို ထပ်ဖြန့်ဝေနေသလို သတင်းအမှားတင်လေ့ရှိတဲ့ Website တွေကလည်း တဆင့် ပြန်တင်ခဲ့ကြပါတယ်။

    ဒီအကြောင်းအရာကို The Lobby ဆိုတဲ့ သတင်းအမှားတွေတင်တဲ့ Website တစ်ခုကလည်း ပြန်တင်ထားပါတယ်။

    16 ရက်နေ့ မှာ ထပ်တင်တဲ့ အကောင့်တု

    BOOM အနေနဲ့ ဒီသတင်းအမှားတွေနဲ့ သတင်းအမှားဖြန့်ခဲ့တဲ့ အကောင့်တွေနဲ့ပတ်သက်ပြီး စိစစ်ဖို့ စကာင်္ပူမှာရှိတဲ့ ဖေ့ဘွတ်ရုံးခွဲက တာဝန်ရှိသူတွေနဲ့အဆက်အသွယ်ရခဲ့ပါတယ်။ ဒီသတင်းက အမှားဖြစ်ကြောင်းနဲ့ ဒီအကောင့်ထဲမှ ဖော်ပြထာတဲ့ ပုံပါလူမှာလည်း ဖေ့စ်ဘွတ်ရဲ့ဝန်ထမ်းတစ်ဦးမဟုတ်ကြောင်းအတည်ပြုချက်ကို Boom Myanmar ကရရှိခဲ့ပါတယ်။

    ဖေ့ဘွတ်မှ လူမှုဆက်ဆံရေး မန်နေဂျာ Amy က "ဒါက လုံးဝမမှန်ပါဘူး။ ဒီပိုစ့်ထဲက လူကလည်း ဖေ့စ်ဘွတ်မှာ တစ်ခါမှ အလုပ်မလုပ်ဖူးပါဘူး" လို့ BOOM ရဲ့ မေးမြန်းထားမှုကို အကြောင်းပြန်ထားပါတယ်။

    ဒီသတင်းအမှားကို သာမာန် ဆိုရှယ်မီဒီယာ အသုံးပြုသူတွေတင်မက ဒီဗွီဘီလိုမျိုး မီဒီယာကြီးတွေကပင် မှားယင်းဖော်ပြခဲ့တဲ့အတွက် ပြန်လည်တောင်းပန်းထားရပါတယ်။ ဒီဖြစ်ရပ်မှာ သတင်းအမှားတွေကို သာမန်လူတွေပင်မကပဲ သတင်းအချက်အလက်တွေနဲ့ နေ့စဉ်အလုပ်လုပ်နေတဲ့ သတင်းဌာနမျိူးကပါလှည့်ဖျားခံခဲ့ရတာဖြစ်ပါတယ်။ ဒီသတင်းအမှားကို တင်ခဲ့တဲ့အတွက် DVB ကနောက်ပိုင်းမှာစာဖတ်သူတွေထံပြန်လည်အသိပေးတောင်းပန်ခဲ့ပါတယ်။

    ဒီဗွီဘီမှာ ပြန်လည်တောင်းပန်ထားသည့် သတင်း ကို ဒီနေရာမှာ ဖတ်ရှု့နိုင်ပါတယ်။





    Tags

    fake newsfake Facebook employeesfalse informationဖေ့စ်ဘွတ်သတင်းအတုမြန်မာ ဖေ့စ်ဘွတ်သတင်းအတုမြန်မာဝန်ထမ်းcovid 19
    Read Full Article
    Claim :   မြန်မာဖေ့စ်ဘွတ်ဝန်ထမ်းတချိူ့ရောဂါကူးစက်ခံရပြီး သေဆုံးတယ်ဆိုတဲ့အကြောင်းအရာတွေဟာ အကောင့်အတုတွေဖန်တီးပြီး လုပ်ကြံလှည့်ဖျားမှုသက်သက်သာဖြစ်ပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!