BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • မီးရှို့တယ်ဆိုတဲ့ မဲလက်မှတ်တွေက...
      သတင်းအတု

      မီးရှို့တယ်ဆိုတဲ့ မဲလက်မှတ်တွေက ဘယ်ရွေးကောက်ပွဲတုန်းက လက်မှတ်တွေလဲ

      ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲက မဲစာရင်းစာရွက်တွေ မီးရှို့ဖျက်ဆီးခဲ့တာနဲ့ ပတ်သက်ပြီး သတင်းအမှားတွေနဲ့ ထင်ယောင်ထင်မှားဖြစ်ဖွယ်အကြောင်းအရာတွေကို လူမှုကွန်ရက်မှာဖြန့်ဝေမှုတွေ မကြာခဏ တွေ့ရပါတယ်။

      By - Boom Live Myanmar |
      Published -  12 Jan 2021 8:06 PM IST
    • မီးရှို့တယ်ဆိုတဲ့ မဲလက်မှတ်တွေက ဘယ်ရွေးကောက်ပွဲတုန်းက လက်မှတ်တွေလဲ

      ဒီလိုရေးသားဖြန့်ဝေမှုတွေထဲမှာ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းစာရွက်တွေကို ဖျက်ဆီးပြီး သက်သေဖျောက်ဖျက်တယ်ဆိုတဲ့ အချက်အလက်အမှားအယွင်းတွေနဲ့ရေးသားတဲ့အကြောင်းအရာတွေလည်းပါဝင်ပါတယ်။

      ဒီရက်ပိုင်းထဲမှာလည်း ဖျက်ဆီးခဲ့တဲ့ မဲစာရင်းစာရွက်တွေမှာ နှင်းဆီပါတီ တံဆိပ်တွေ ပါဝင်နေတယ်ဆိုပြီး ထင်ယောင်ထင်မှားဖြစ်အောင် ဖြန့်ဝေနေမှုတွေ ရှိခဲ့ပါတယ်။

      ဇန်နဝါရီလ (၇) ရက်နေ့ ည ၇ နာရီ ၃ မိနစ်မှာ စောရဲထွဋ် ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က နှင်းဆီပါတီအပါအဝင် ပါတီတံဆိပ် ၆ ခုပါဝင်တဲ့ အဝါရောင် မဲစာရင်းစာရွက်တွေ မီးရှို့နေတဲ့ ပုံတွေထင်ထားပြီး "မီးရှို့စာရွက်အဟောင်းမှာ နှင်းဆီပါတီတံဆိပ်တွေက ကြားညပ်ပါလာလို့ ပါလား" လို့ ရေးသားဖြန့်ဝေခဲ့ပါတယ်။

      အဲ့ဒီပိုစ့်ကို Like လုပ်ထားသူ ၅၀၀ နီးပါးနဲ့ ထပ်ဆင့်ဝေမျှထားသူ ၁၈၀၀ ကျော်ရှိနေပါတယ်။ နောက်ထပ် ဖေ့စ်ဘွတ်အကောင့်တစ်ခုဖြစ်တဲ့ Khun Aung Htwe ဆိုတဲ့ဖေ့စ်ဘွတ်အကောင့်ကလည်း ဇန်နဝါရီလ (၇) ရက်နေ့ ည ၈ နာရီ ၃ မိနစ်မှာ အထက်ဖော်ပြပါ မဲစာရွက်မီးရှို့တဲ့ ဓါတ်ပုံတွေကို အသုံးပြုပြီး "၂၀၁၅ ရွေးကောက်ပွဲ တုံး ကနှင်းဆီပါတီ ပါသလားလို့။ အငြင်းပွားဘွယ်ဖြစ်နေသောကာလတွင် ယခုကဲ့သို့ မီးရှိုဖျက်ဆီးခြင်းသည် သံသယကို ပို၍ တိုးပွားစေသည်" လို့ ရေးသားထားပါတယ်။

      ဒီပိုစ့်ကို ထပ်ဆင့်ဝေမျှသူပေါင်း ၂၅၀ ကျော်ရှိနေပါတယ်။

      အဆိုပါ ဖေ့စ်ဘွတ်ပိုစ့် နှစ်ခုကို ထပ်ဆင့်ဝေမျှသူတွေနဲ့ Comment ရေးသားသူတွေဟာ ၂၀၂၀ ရွေးကောက်ပွဲ မဲစာရွက်တွေကို သက်သေဖျောက်ဖျက်ဖို့ မီးရှို့ဖျက်ဆီးခြင်းဖြစ်တယ်လို့ ရေးသားမှုတွေ တွေ့ရပါတယ်။

      မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ မှာကြည့်ပါ။

      သတင်းဆန်းစစ်ချက်

      မီးရှို့ဖျက်ဆီးခဲ့တဲ့ မဲစာရင်းစာရွက်တွေမှာ နှင်းဆီပါတီတံဆိပ်တွေပါဝင်နေတယ်ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ထင်ယောင်ထင်မှားဖြန်အောင် ဖြန့်ဝေထားတာကို တွေ့ရပါတယ်။

      နှင်းဆီပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ စတင်မှတ်ပုံတင်ခဲ့တာဖြစ်ပြီး ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ တစ်နေရာမှ အနိုင်ရခဲ့ခြင်း မရှိပါဘူး။ ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၁၀၀၀ ကျော်နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ငွေးကြေးအများအပြားသုံးစွဲမှုတွေကြောင့် လူသိများလာတာ ဖြစ်သလို ပါတီဥက္ကဌ ဦးကျော်မြင့်ရဲ့ အမှုကြောင့် လူသိပိုမိုများခဲ့ခြင်း ဖြစ်ပါတယ်။

      ဒါ့အပြင် ဓါတ်ပုံထဲမှာ ပါဝင်တဲ့ မဲစာရွက်တွေဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ အသုံးပြုခဲ့စာရွက်တွေရဲ့ အရောင်ဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ အသုံးပြုခဲ့တဲ့ မဲစာရွက်တွေရဲ့ အရောင်ဟာ အဝါရောင် ဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ အသုံးပြုခဲ့တဲ့ မဲစာရွက်တွေရဲ့ အရောင်ဟာ အဖြူရောင်ဖြစ်ပါတယ်။




      Tags

      false information2015 Election2020 Electionburned ballot papersUDP partyသတင်းအမှားမဲစာရွက်မီးရှို့နှင်းဆီပါတီရွေးကောက်ပွဲ
      Read Full Article
      Claim :   မီးရှို့ဖျက်ဆီးခဲ့တဲ့ မဲစာရင်းစာရွက်တွေမှာ နှင်းဆီပါတီတံဆိပ်တွေပါဝင်နေတယ်ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
      Claimed By :  facebook
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!